Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Bond 25”ရုပ်ရှင်ပြသမယ့်အချိန်ကို ၂၀၂၀ ခုနှစ်အထိ နောက်ဆုတ်

$
0
0

“Bond 25” ရုပ်ရှင် ဒါရိုက်တာအဖြစ် Danny Boyle နေရာမှာ Cary Fukunaga ကို အစားထိုးတော့မှာ ဖြစ်ပါတယ်။ “Slumdog Millionaire” ရုပ်ရှင်ဒါရိုက်တာ Danny ဟာ ဖန်တီးမှုဆိုင်ရာ မတူကွဲပြားမှုတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လမှာ ၂၅ ခုမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ စီစဉ်ထားတဲ့အတိုင်း ဖြန့်ချိပြသဖို့ မဖြစ်နိုင်တော့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ထုတ်လုပ်သူတွေဖြစ်ကြတဲ့ Michael G. Wilson နဲ့ Barbara Broccoli ၊ ခေါင်းဆောင်မင်းသား Daniel Craig တို့က “True Detective” ရုပ်ရှင်ဒါရိုက်တာ Cary Foji Fukunaga ကို ဒါရိုက်တာအသစ်အနေနဲ့ ခန့်အပ်သွားမှာ ဖြစ်တဲ့အကြောင်းနဲ့ ဖြန့်ချိပြသမယ့် ရက်ကို ၃ လခန့် နောက်ဆုတ်သွားမှာ ဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ကြပါတယ်။

Twitter ပေါ်မှ တရားဝင် 007 ရုပ်ရှင်အကောင့်မှာတော့ “Bond25 ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ Pinewood Studios မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ကမ္ဘာတဝန်းမှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြသသွားမှာဖြစ်တဲ့အကြောင်း Michael G. Wilson, Barbara Broccoli နဲ့ Daniel Craig တို့က ကြေညာခဲ့သည်” လို့ ဖော်ပြရေးသားခဲ့ပါတယ်။

Wilson နဲ့ Broccoli တို့က “Cary နဲ့ အလုပ်အတူတွဲလုပ်ရမှာ ကျနော်တို့ ဝမ်းသာပါတယ်။ သူ့ရဲ့ ဘက်စုံ လုပ်ဆောင်နိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်မှုတို့ဟာ နောက်ထပ်ဂျိမ်းစ်ဘွန်းစွန့်စားခန်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေခဲ့တာပါ။” လို့ ကြေညာချက်တခုထဲမှာ ပြောကြားခဲ့တာပါ။ အဲဒါဟာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာတွေထဲမှာ ပထမဆုံး အမေရိကန်နိုင်ငံသားအဖြစ် Fukunaga ကသမိုင်းမှတ်တမ်းဝင် သွားတော့မှာဖြစ်ပါတယ်။

အဲဒီသတင်းဟာ ဒါရိုက်တာ Fukunaga ရိုက်ကူးထားတဲ့ မင်းသား Jonah Hill နဲ့ မင်းသမီး Emma Stone တို့ ပါဝင်ကြတဲ့ “Maniac” ဆိုတဲ့ ဟာသရုပ်သံ ဇာတ်လမ်းတွဲကို Netflix မှာ စတင်ပြသအပြီး တရက်အကြာမှာ အဲဒီသတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

“True Detective” ဒရာမာဇာတ်လမ်းတွဲနဲ့ ထူးချွန်ဒါရိုက်တာဆု ရရှိထားတဲ့ အသက် ၄၁ နှစ်အရွယ် ဒါရိုက်တာ Fukunaga ဟာ ၂၀၁၇ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် “It” ကို ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် ဖန်တီးမှုဆိုင်ရာ မတူကွဲပြားမှုတွေကြောင့် ၂၀၁၅ ခုနှစ်မှာ အဲဒီရုပ်ရှင် ရိုက်ကူးရေးကနေ နုတ်ထွက်ခဲ့ပါတယ်။

Ref: aceshowbiz

The post “Bond 25” ရုပ်ရှင်ပြသမယ့်အချိန်ကို ၂၀၂၀ ခုနှစ်အထိ နောက်ဆုတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...