Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Star Wars ရုပ်ရှင်မှာ Harrison Ford ဝတ်ဆင်ခဲ့တဲ့ ဂျာကင် လေလံတင် ရောင်းချနိုင်ခဲ့ခြင်း မရှိ

$
0
0

Star Wars ရုပ်ရှင်တခုဖြစ်တဲ့ “The Empire Strikess” ရုပ်ရှင်မှာ Han Solo ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင် ခဲ့တဲ့ မင်းသားကြီး Harrison Ford ဝတ်ဆင်ခဲ့တဲ့ ဂျာကင်အင်္ကျီကို လေလံတင်ရောင်းချရာမှာ ခန့်မှန်းထားတဲ့ဈေး မရရှိခဲ့တဲ့အတွက် ရောင်းချနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီဂျာကင်အင်္ကျီကို စတာလင်ပေါင် ၁ သန်း နဲ့ ရောင်းချနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် တကယ်တမ်း ဈေးပေးကြတဲ့အခါ စတာလင်ပေါင် ၅ သိန်းအထိတောင် ပေးခဲ့ကြတာ မရှိပါဘူး။ အမြင့်ဆုံးပေးခဲ့တဲ့ ဈေးကတော့ ပေါင် ၄ သိန်းခွဲ ပမာဏသာဖြစ်ပါတယ်။

ဒါဟာ နာမည်ကျော် ရုပ်ရှင်ရဲ့ ရှားရှားပါးပါးအမှတ်တရပစ္စည်း လေလံပွဲရဲ့ တစိတ်တပိုင်း ဖြစ်ပြီးတော့ အဲဒီ လေလံပွဲမှာဆိုရင် မင်းသားကြီး Ford ရဲ့ “The Raiders Of The Lost Ark” ဆိုတဲ့ အင်ဒီယာနာဂျုံးစ်ရုပ်ရှင် တကားမှာ ဝတ်ဆင်ခဲ့တဲ့ ဦးထုပ်လည်း ပါဝင်လေလံပစ်ခဲ့ပါတယ်။

ခန့်မှန်းခြေ ပေါင် ၂ သိန်းကနေ ၃ သိန်းကြား ရောင်းချရလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် ပေါင် ၃ သိန်း ၂ သောင်းသာ ဈေးပေးခဲ့တာ ရှိခဲ့ပါတယ်။

Prop Store ကနေ ရောင်းချခဲ့တဲ့ ပစ္စည်းအခု ၁၀၀ ထဲမှာဆိုရင် ပထမဆုံး Star Wars ရုပ်ရှင်ဖြစ်တဲ့ “A New Hope” ထဲက Stormtrooper ခေါင်းဆောင်းဦးထုပ်လည်း ပါဝင်ခဲ့ပြီး ပေါင် ၄ သောင်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ “The Last Jedi” ရုပ်ရှင်ထဲက အလားတူခေါင်းဆောင်းဦးထုပ်ကတော့ ပေါင် ၁ သိန်း ၁ သောင်းနဲ့ ရောင်းထွက်သွားပါတယ်။

အဲဒီပစ္စည်းတွေရဲ့ ရောင်းချရငွေတွေကို ကလေးတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု ကာကွယ်ရေးအတွက် အမျိုးသား အသိုက်အဝန်းဆိုင်ရာ ဗြိတိသျှ ရန်ပုံငွေအဖွဲ့ထံ လှူဒါန်းမှာလည်း ဖြစ်ပါတယ်။

“The Revenge Of The Sith” ရုပ်ရှင်ထဲက မင်းသား Hayden Christensen ရဲ့ဇာတ်ကောင် Anakin Skywalker ကိုင်ဆောင်ခဲ့တဲ့ lightsaber ကိုလည်း ပေါင် ၁ သိန်း ၁ သောင်းနဲ့ ရောင်းချနိုင်ခဲ့ပြီး “Indiana Jones And The Temple Of Doom” ရုပ်ရှင်ထဲက မင်းသားကြီး Ford အသုံးပြုခဲ့တဲ့ ကြာပွတ်ကိုလည်း ပေါင် ၄ သောင်းခွဲနဲ့ ရောင်းချခဲ့ ရပါတယ်။

Han Solo ဂျာကင်နဲ့ ပတ်သက်လို့ လေလံပွဲနောက်ပိုင်း စုံစမ်းမေးမြန်းမှုတွေ ရှိနေတယ်လို့ Prop Store က ပြောဆိုထားပါတယ်။

Ref: smh

The post Star Wars ရုပ်ရှင်မှာ Harrison Ford ဝတ်ဆင်ခဲ့တဲ့ ဂျာကင် လေလံတင် ရောင်းချနိုင်ခဲ့ခြင်း မရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles