Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Doob – No Bed of Roses” ရုပ်ရှင်ကို အော်စကာဆု ယှဉ်ပြိုင်ရန် ရွေးချယ်ခံရ

$
0
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တချိန်တခါက ပြသခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ဘောလိဝုဒ်မင်းသား Irrfan Khan ရဲ့ “Doob – No Bed of Roses” ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် အော်စကာဆုပေးပွဲအတွက် နိုင်ငံကိုယ်စားပြု ရုပ်ရှင်အဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် အော်စကာကော်မတီက အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆု အမျိုးအစားအတွက် ယှဉ်ပြိုင်ဖို့ အဲဒီရုပ်ရှင်ကို ရွေးချယ်လိုက်တာဖြစ်ကြောင်း Variety မီဒီယာမှာ ဖော်ပြပါတယ်။

နာမည်ကျော် ဒါရိုက်တာ Mostofa Sarwar Farooki က ရိုက်ကူးထားပြီး မင်းသား Irrfan က ပူးတွဲထုတ်လုပ်သူ အဖြစ် ပါဝင်ထားတဲ့ အဲဒ်ီရုပ်ရှင်ဟာ သမီးဖြစ်သူရဲ့ ငယ်သူငယ်ချင်းတဦးနဲ့ ချစ်သူဖြစ်ခဲ့တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတဦး နဲ့ အမျိုးသားရေးအရှုပ်တော်ပုံတခုအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ပူးတွဲ ထုတ်လုပ်ထားတဲ့ အဲဒီရုပ်ရှင်ကို ဒါရိုက်တာ Mostofa ကိုယ်တိုင် ရေးသားထားပြီး Irrfan ရဲ့ ဇနီးအဖြစ် Rokeya Prachi ၊ သမီးအဖြစ် Nusrat Imrose Tisha နဲ့ သမီးရဲ့ငယ်သူငယချင်းအဖြစ် အိန္ဒိယမင်းသမီး Parno Mittra တို့က ပါဝင်သရုပ်ဆောင်ထားတာပါ။

အဲဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ ကြေညာချက်တခုမှာတော့ ဒါရိုက်တာ Mostofa က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ မွတ်ဆလင် အသိုက်အဝန်းကို တုန်လှုပ်စေခဲ့တဲ့ တကယ့်အဖြစ်အပျက်တခုနဲ့ လူမှု အသိုက်အဝန်းထဲက အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ကြေကွဲဝမ်းနည်းမှုတွေ ထဲကနေ ခွန်အားရှာဖွေရပုံတွေကို ပုံဖော်ထားတာလို့ ပြောဆိုထားပါတယ်။

အိမ်ထောင်သက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူကို ကွာရှင်းပြီး အသက် ၃၃ နှစ်အရွယ် ဂျူနီယာ တဦးနဲ့ လက်ထပ်ခဲ့တဲ့ စာရေးဆရာ၊ ဒါရိုက်တာ Ahmed ရဲ့ အကြောင်းကို ပုံဖော်ထားတာ ဖြစ်နိုင်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြသခွင့် ပိတ်ပင်ခံခဲ့ရပြီး အဲဒီရုပ်ရှင်ဟာ ဆူးခင်းတဲ့ လမ်းကို လျှောက်လှမ်းခဲ့ရတာပါ။

ဒါပေမယ့် ပြသခွင့်ပိတ်ပင်ချက်ကို ဖယ်ရှားလိုက်ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာတော့ ဘင်္ဂလားဒေ့ရှ်၊ ပြင်သစ်၊ အိန္ဒိယနဲ့ သြစတေးလျနိုင်ငံတို့မှာ ရုပ်ရှင်ကို ဖြန့်ချိခဲ့ပါတယ်။

၂၀၀၂ ခုနှစ်ကစလို့ နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ဖို့ ရုပ်ရှင်ကားတွေ ပေးပို့ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားပြုအဖြစ် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်မှာတော့ နိုင်ငံကိုယ်စားပြု ရုပ်ရှင်အဖြစ် “Khacha” ရုပ်ရှင်ကို ပေးပို့ခဲ့ပါတယ်။

၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

Ref: indianexpress

The post “Doob – No Bed of Roses” ရုပ်ရှင်ကို အော်စကာဆု ယှဉ်ပြိုင်ရန် ရွေးချယ်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး