၂၀၀၈ ခုနှစ်မှာ “Rab Ne Bana Di Jodi” ရုပ်ရှင်နဲ့ အနုပညာလောကထဲစတင်ရောက်ရှိတဲ့ မင်းသမီး Anushka Sharma က မင်းသား ရှရွတ်ခန်နဲ့အတူ ပြောဆို ဆက်ဆံရတာ ပိုပြီးသက်သောင့်သက်သာရှိလာပြီလို့ ပြောကြားလိုက်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက မင်းသား ရှာရွတ်ခန်းနဲ့အတူ “Jab Harry Met Sejal” ရုပ်ရှင်မှာ ပါဝင်ခဲ့ဖူးပြီး မြန်မာနိုင်ငံမှာ PK မင်းသမီးလို့ လူသိများတဲ့ Anushka ဟာ အခုနှစ်ကုန်ပိုင်းမှာ ပြသတော့မယ့် “Zero” ရုပ်ရှင်မှာ မင်းသားခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
မင်းသမီး Anushka က “ရှာရွတ်ခန်းဟာ ကျမဘဝမှာ တော်တော်လေးတန်ဖိုးထားရတဲ့ သူတယောက် ဖြစ်ပါတယ်။ ကျမရဲ့ ပထမဆုံးရုပ်ရှင်မှာ ကျမအပေါ် တော်တော်လေးကြင်နာပေးခဲ့တဲ့ သူတဦးလည်း ဖြစ်ပါတယ်။ နှစ် တော်တော်များများ အတွင်းမှာ သူဟာတော်တော်လေးပြောင်းလဲသွားခဲ့တဲ့ လူတယောက်လို့ ကျမ ထင်ပါတယ်”
“ကျမသူနဲ့ စကားပြောရတာ ပိုပြီး သက်သောင့်သက်သာဖြစ်လာတဲ့အတွက် သူနဲ့ ဆက်ဆံရေးက ပြောင်းလဲသွားပြီလို့ ခံစားရပါတယ်။ ကျမသူနဲ့ တကယ့်ကိုပဲ စကားပြောဆိုနိုင်ခဲ့ပါတယ်” လို့ PTI မီဒီယာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။
မင်းသမီးက သူဟာ လူငယ်အမျိုးသမီးတဦးအနေနဲ့ မင်းသားခန်းနဲ့ စကားပြောဖို့ရာ အရမ်းကြောက်ရွံ့ခဲ့ ရတယ်လို့ ဆိုပါတယ်။
သူက “ကျမသူ့ကို ပြောချင်တဲ့အရာတိုင်းဟာ အရေးမကြီးလောက်ပါဘူးလေလို့ ခံစားခဲ့ ရတယ်။ ကျမ ဘာလို့ ဒါကို သူနဲ့ ပြောရမှာလဲဆိုပြီးတော့ပေါ့။ အခုတော့ ကျမ ပိုပြီးသက်သောင့်သက်သာ ရှိလာပါပြီ” လို့ ပြောဆိုပါတယ်။ “Zero” ရုပ်ရှင်ဟာ မင်းသားခန်အတွက်တော့ သူ့ရဲ့ ရင်သွေးတဦး လိုဖြစ်တဲ့ အကြောင်း ပြောဆိုပါတယ်။
မင်းသမီး Anushka က “ဒီရုပ်ရှင်မှာ ပါဝင်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတခုလုံးကနေ မြင်ရတဲ့သူ့ရဲ့ ပုံစံက အရမ်းကို အားကျဖို့ကောင်းတယ်လို့ ကျမထင်ပါတယ်” လို့ ထပ်လောင်းပြောကြားပါတယ်။
မင်းသမီးကို မင်းသား Varun Dhawan နဲ့အတူ ပါဝင်ထားတဲ့ Yash Raj Film Productions ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Sui Dhaaga: Made in India” ရုပ်ရှင်မှာမြင်တွေ့ကြရဦးမှာပါ။ အဲဒီရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရုံတင်ပြသမှာပဲ ဖြစ်ပါတယ်။
Ref: ptinews
The post ရှာရွတ်ခန်းနဲ့စကားပြောဖို့ ကြောက်လန့်ခဲ့ရတယ်ဆိုတဲ့ မင်းသမီး Anushka Sharma appeared first on ဧရာဝတီ.