Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ စိတ်လှုပ်ရှားမှုတွေပေးနိုင်တဲ့ Ghoul (2018)

$
0
0

ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Patrick Graham ရိုက်ကူးထားပြီး Netflix ရဲ့ ဒုတိယမြောက် ဘောလိဝုဒ် ဇာတ်လမ်းတွဲတခုဖြစ်တဲ့ Ghoul ဆိုတဲ့ ဇာတ်ကားနဲ့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင်တော့ Horror, Thriller ရုပ်ရှင်အမျိုးအစားပဲဖြစ်ပြီး အပိုင်းသုံးပိုင်းသာပါဝင်တဲ့ Miniseries လည်းဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့တော့ မင်းသမီး Radhika Apte ၊ မင်းသား Manav Khaul တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားသောသရုပ်ဆောင်တွေကလည်း ပါဝင်အားဖြည့်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ အိန္ဒိယနိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ရှုပ်ထွေးနေတဲ့ အချိန်ကာလတခုကို အခြေခံထားပြီး အကြမ်းဖက်မှုတွေကို ရှင်းလင်းသုတ်သင်ဖို့အတွက် နိုင်ငံရဲ့အစိုးရအနေနဲ့ အထူးတပ်ဖွဲ့တခုကိုဖွဲ့ကာ ဖြေရှင်းနေတဲ့ အချိန်ကာလတခုလည်းဖြစ်ပါတယ်။

နီဒါရဟင်းမ်ဟာဆိုရင်တော့ အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပြီး တော်လှန်ရေးလုပ်နေပြီး အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဖခင်ဖြစ်သူကို ကိုယ်တိုင်ဖမ်းဆီးခဲ့သူတဦးလည်း ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်တဦးဖြစ်တဲ့ သူမဟာ မျိုးချစ်စိတ်ပြင်းထန်သူတဦးလည်းဖြစ်ပြီး သူမဖခင်ကို သူမကိုယ်တိုင် ဖမ်းဆီးခဲ့တဲ့အတွက် ကိုယ့်လုပ်ရပ်ကို နောင်တရမနေသူလည်း ဖြစ်ပါတယ်။

နိုင်ငံရေးပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ရှုပ်ထွေးနေတဲ့ အချိန်ကာလမှာ အဆိုးရွားဆုံးနဲ့ အစိုးရက အလိုအရှိဆုံး အကြမ်းဖက်သမားကတော့ အလီဆာအီးဒ် ဆိုသူပဲဖြစ်ပြီး သူ့ကို စစ်ဆေးမေးမြန်းဖို့အတွက် နီဒါရဟင်းမ်ကို ဌာနကနေ ဆင့်ခေါ်လိုက်ပါတော့တယ်။

လျှို့ဝှက်ဖွဲ့စည်းထားတဲ့ စစ်ကြောရေးဌာနမှာ အဆင့်မြင့် စစ်ကြောရေးအရာရှိတွေ အများကြီးကမှ နီဒါကို ဘာလို့ ခေါ်ဆောင်ခဲ့တာလဲ၊ အကြမ်းဖက်သမား အလီဆာအီးဒ်ကို ဘုရားလိုကိုးကွယ်တဲ့ တပည့်တပန်းတွေဆီကနေ သိရတဲ့ သတင်းအချက်အလက်တွေအရ အလီဆာအီးဒ်ရဲ့ နောက်ကွယ်က ထူးဆန်းတဲ့ ဖြစ်ရပ်တွေကရော ဘာတွေလဲဆိုတာ ကိုတော့ ဒီရုပ်ရှင်ဇာတ်ကားကို ဆက်လက်ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင်တော့ IMDB rating 8.2 အထိရရှိထားတာဖြစ်ပြီး “out of the smokless fire”, “the nightmares will begin”, “reveal their guilt, eat their flesh” ဆိုပြီး အပိုင်းသုံးပိုင်းနဲ့ ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။

ဇာတ်အိမ်ခိုင်မာတဲ့ horror ဇာတ်ကားကောင်းကို အပိုင်းသုံးပိုင်းတည်းသာ ကြည့်ရှုရတဲ့အတွက် အနည်းငယ်အားမရသလို ခံစားရပေမယ့် ဇာတ်လမ်းအစကနေ အဆုံးအထိ ဆွဲဆောင်မှုကောင်းကောင်းနဲ့ စိတ်လှုပ်ရှားမှုတွေပေးနိုင်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေ ကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်။

ဆက်စပ်ဖတ်ရှုရန်သူငယ်ချင်းအချင်းချင်းပြန်သတ်မိတဲ့သူများ (သို့) Super Dark Times (2017)

The post ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ စိတ်လှုပ်ရှားမှုတွေပေးနိုင်တဲ့ Ghoul (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles