Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နာမည်ကျော်ရုပ်ရှင် “Train to Busan” ကို ဟောလိဝုဒ်က ပြန်လည်ရိုက်ကူးမည်

$
0
0

“Insidious” ရုပ်ရှင်တွေနဲ့ “The Conjuring” ရုပ်ရှင်နှစ်ခုကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Wan က “The Nun” ဇာတ်ညွှန်းရေးဆရာ Gary Dauberman နဲ့အတူပူးပေါင်းပြီး ၂၀၁၆ ခုနှစ်မှာ နာမည်ကျော်ကြားခဲ့တဲ့ တောင်ကိုရီးယား ဇွန်ဘီရုပ်ရှင်ကို ပြန်လည်ရိုက်ကူးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ အင်္ဂလိပ်စကားပြောမယ့် “Train to Busan” ရုပ်ရှင်ပြန်လည်ရိုက်ကူးခွင့်ကို New Line Cinema က ရရှိခဲ့ပြီး အပြီးသတ်သဘောတူညီချက်တွေရရှိဖို့ လုပ်ငန်းစဉ်ကို ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး ရိုက်ကူးခွင့်ရဖို့ ယှဉ်ပြိုင်ခဲ့ကြသူတွေထဲမှာ Universal Pictures, Paramount Pictures, Lionsgate Films နဲ့ Screen Gems စတဲ့ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်စတူဒီယိုတွေ ပါဝင်ပါတယ်။

ဒါရိုက်တာ Wan ဟာ မူရင်းမူပိုင်ခွင့်ရရှိထားသူ Gaumont ကုမ္ပဏီနဲ့ Atomic Monster ကုမ္ပဏီရဲ့ ထုတ်လုပ်မှုဆိုင်ရာ ဥက္ကဌ Michael Clear တို့နဲ့အတူ ပူးတွဲထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။ ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်အကြောင်း အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

တောင်ကိုရီးယားဒါရိုက်တာ Yeon Sang Ho ရိုက်ကူးထားတဲ့ မူရင်းရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် မင်းသား Gong Yoo, မင်းသမီး Jung Yu Mi နဲ့ မင်းသား Ma Dong Seok တို့က ဦးဆောင်ပါဝင်ထားကြ ပါတယ်။

တောင်ကိုရီးယားနို်င်ငံမှာ ဇွန်ဘီဗိုင်းရပ်စ်ပိုး ပျံ့နှံ့ဖြစ်ပွားနေချိန် ဆိုးလ်မြို့ကနေ ဘူဆန်မြို့အထိ ဦးတည်မောင်းနှင်နေတဲ့ ရထားတစီးပေါ်က ခရီးသည်တွေအကြောင်းနဲ့ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် ကြိုးပမ်းကြတဲ့ အကြောင်း ဇာတ်အိမ်တည်ထားတာပါ။

အသက်ရှင်နိုင်ဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့အချိန်မှာပဲ အလုပ်ကြိုးစားလွန်းတဲ့ ဖခင်ဖြစ်သူက သမီးဖြစ်သူကို အစွမ်းကုန်ကာကွယ်ဖို့ ကြိုးစားရတဲ့ အကြောင်းဖြစ်ပြီး ကြည့်ရှုသူပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်အဖြစ်ပြသခဲ့ပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း ရုံဝင်ငွေများစွာရရှိခဲ့ပြီး ကြည့်ရှုသူ ပရိသတ် ၁၀ သန်းကျော်ခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွက် ပထမဆုံးကိုရီးယားရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၉၃ ဒဿမ ၁ သန်းရရှိခဲ့ပြီး မလေးရှား၊ ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတို့မှာ ဝင်ငွေအများဆုံး ကိုရီးယားရုပ်ရှင် ဖြစ်ခဲ့ပါတယ်။

အဲဒီကိုရီးယားရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ဆက်လက်ဖန်တီးမှာဖြစ်တယ်လို့ ဒါရိုက်တာ Yeon က အတည်ပြုထားပါတယ်။

ဒါရိုက်တာရဲ့ ကိုယ်စားလှယ်က “ရုပ်ရှင်ဟာ မူရင်းရုပ်ရှင်မှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း တူညီတဲ့ ဇွန်ဘီဗိုင်းရပ်စ်နဲ့ ဆက်လက်ကြုံတွေ့ရမှာဖြစ်ပြီး ဒီတကြိမ်မှာတော့ ကိုရီးယားကျွန်းဆွယ်တခုလုံးကို ပျံ့နှံ့ ချဲ့ထွင်ဖို့ အလေးပေးထား ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ပထမနှစ်ဝက် ကာလမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပြီလို့ဆိုပေမယ့် ဘယ်သရုပ်ဆောင်တွေ ပါဝင်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဆက်စပ်ဖတ်ရှုရန်“Train to Busan” နောက်ဆက်တွဲရုပ်ရှင် မကြာမီလာမည်

Ref: aceshowbiz

The post နာမည်ကျော်ရုပ်ရှင် “Train to Busan” ကို ဟောလိဝုဒ်က ပြန်လည်ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချစ်စရာ့ မြန်မာ့ဓလေ့


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း