Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကိုယ့်အပေါ် အများကြီးနားလည်ပေးတဲ့သူကိုပဲ ချစ်သူအဖြစ်ရွေးချယ်မှာပါ”

$
0
0

နာမည်ကျော်သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်သူမေတိုးခိုင်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ စတင်လုပ်နေပြီ ဖြစ်ပါတယ်။ မေတိုးခိုင်ဟာ ဖက်ရှင်များကို အမြဲလေ့လာဖြစ်သလို ဂျပန်စတိုင်ဖက်ရှင် ပုံစံတွေပိုကြိုက်တယ်လို့ ဆိုပါတယ်။

“ဖက်ရှင်ကတော့ ဂျပန်ပုံစံတွေပိုပြီးကြိုက်တယ်။ ဖက်ရှင်တွေကိုလည်း အမြဲလေ့လာတယ်။ ဆိုရှယ်မီဒီယာရှိနေလို့ အဲ့ကနေပိုပြီးတော့ ကြည့်ဖြစ်တယ်။ ဘယ်လိုတွေဝတ်လဲ ဆိုပြီး ဝတ်ပုံစားပုံတွေကြည့်ဖြစ်တယ်။ အိန္ဒိယဖက်ရှင်တွေကိုလည်း ကြိုက်တယ်” လို့ ဆိုပါတယ်။

လတ်တလောမှာ MTV များမှာသရုပ်ဆောင်ဖြစ်နေပြီး တီဗီကြော်ငြာများလည်း ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ရိုက်ကူးသရုပ်ဆောင်ချင်တဲ့ ဇာတ်ကားများအကြောင်းကိုလည်း အခုလိုပြောပါတယ်။

“Musical ကားလေးတွေ ရိုမန့် လေးတွေရိုက်ချင်တယ်။ ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ ကမ်းလှမ်းထားတာရှိတယ်။ အဆင်ပြေရင်ရိုက်ကူးဖြစ်မှာပါ” လို့ ဆိုပါတယ်။

သူငယ်ချင်း နော်ဖောအယ်လ်ထားနဲ့ အတွဲများနေတာကြောင့် မိန်းကလေးချင်းချစ်ကြိုက်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတဲ့ မေတိုးခိုင်က ဒါနဲ့ပတ်သက်လို့ သူငယ်ချင်းနှစ်ယောက် အထင်ခံရတာကို စိုးရိမ်စိတ်မရှိဘူးလို့ ဆိုပါတယ်။

“မိန်းကလေး သူငယ်ချင်းနဲ့ အမြဲတွဲရှိနေလို့ ဝေဖန်တာတော့မရှိပါဘူး။ အရင်ခေတ်ကဆိုရှယ်မီဒီယာမရှိတော့ မိန်းကလေး နှစ်ယောက်တွဲသွားရင် အထင်မခံရဘူး။ LGBTတွေလည်း အရင်ကတည်းကရှိတယ်။ ဒါပေမယ့် အခု ဆိုရှယ်မီဒီယာ ရှိလာတော့ ပိုပြီးအထင်ခံရတယ်။ ဖူးတို့ သူငယ်ချင်းနှစ်ယောက်ကိုလည်း အထင်ခံရတာ စိုးရိမ်စိတ်မရှိပါဘူး”

“အချစ်ရေးထက် သူငယ်ချင်းတွေက အရေးပါတယ်။ အချစ်ရေးကတော့ မစဉ်းစားသေးပါဘူး။ ဖူး အပေါ်အများကြီး နားလည်မှုရှိတဲ့ သူကိုပဲရွေးချယ်ဖြစ်မှာပါ။ ချစ်သူထားဖြစ်ရင်လည်း တီဝဲတို့ မေမေတို့နဲ့ တိုင်ပင်ပြီးမှပဲ ထားဖြစ်မှာပါ”လို့ ပြောပါတယ်။

မေတိုးခိုင်က လက်ရှိမှာတော့ ကြော်ငြာများရိုက်ကူးဖြစ်နေသလို ကမ်းလှမ်းလာတဲ့ ကုန်ပစ္စည်းပွဲများတက်ရောက်ဖြစ်ပြီး သူမဝတ်ဆင်တဲ့ ဖက်ရှင်များကလည်း လူကြိုက်များခြင်း ခံနေရသူဖြစ်ပါတယ်။

The post “ကိုယ့်အပေါ် အများကြီးနားလည်ပေးတဲ့သူကိုပဲ ချစ်သူအဖြစ်ရွေးချယ်မှာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...