ဟောလိဝုဒ်မင်းသားကြီး အာနိုး (Arnold Schwarzenegger) ဟာ မကြာမီပြသတော့မယ့် “Terminator” ရုပ်ရှင်ရိုက်ကွင်း ဓာတ်ပုံတခုကို ဝေမျှခဲ့ပါတယ်။
အသက် ၇၁ နှစ်အရွယ် မင်းသားကြီးဟာ အဲဒီဓာတ်ပုံထဲမှာ သူနဲ့ တွဲဖက်သရုပ်ဆောင် မင်းသမီး Linda Hamilton နဲ့အတူ ရိုက်ကူးထားပြီး အဲဒီဓာတ်ပုံကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ မင်းသမီးရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီပုံစာမှာတော့ “ကျနော့်သူငယ်ချင်း Linda Hamilton ရေ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ကျနော်အကြိုက် နှစ်သက်ရဆုံး တွဲဖက်သရုပ်ဆောင်တယောက်၊ မိန်းမဆိုးလေးယောက်၊ အံံ့သြဖွယ်လူသားတယောက်ပါ။ ကျနော် တို့ အခုအတူတူ ပြန်ဆုံကြပါပြီ” လို့ရေးသားခဲ့ပါတယ်။
အဲဒီဓာတ်ပုံထဲမှာတော့ မင်းသားကြီးရဲ့ မျက်နှာပေါ်မှာ ဒဏ်ရာအတုတွေ ပြင်ဆင်ထားခဲ့တာကို မြင်တွေ့ရပါတယ်။ အခုအထိတော့ နာမည်မပေးရ သေးတဲ့ Terminator ရုပ်ရှင်မှာတော့ မင်းသားကြီး အာနိုးနဲ့ မင်းသမီး Hamilton တို့ဟာ The Terminator / T-800 နဲ့ Sarah Connor ဇာတ်ကောင်တွေအဖြစ် ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။
သူတို့နဲ့အတူ Natalia Reyes, Mackenzie Davis, Gabriel Luna, Diego Boneta နဲ့ Jude Collie တို့အပါအဝင် နာမည်ကျော် သရုပ်ဆောင်တွေလည်း အခုရုပ်ရှင်အသစ်မှာ ပါဝင်ထားပါတယ်။
မင်းသမီး Davis ကတော့ အနာဂတ်ကလာတခုမှ သတ်ဖြတ်ချေမှုန်းရေး စစ်သားတယောက် အရင်ဇာတ်လမ်း တွေမှာ ပါဝင်ခဲ့ဖူးတဲ့ John Connor နဲ့ Kyle Reese တို့လို ခုခံရေးဖိုက်တာတွေ ဖြစ်ကြပါတယ်။
လူသားနဲ့ စက်ရုပ်တို့ကြားက တိုက်ပွဲမှာကြားဝင်ညှပ်ခဲ့ရတဲ့ လူငယ်အမျိုးသမီးတဦးဖြစ်တဲ့ Dani အဖြစ် မင်းသမီး Reyes’ ကပါဝင်ထားပါတယ်။ မင်းသား Boneta ကတော့ ဇာတ်ကောင် Dani ရဲ့ မောင်အဖြစ် ပါဝင်ထားပါတယ်။ မင်းသား Luna ကတော့ Terminator စက်ရုပ်မော်ဒယ်အသစ်တခုအဖြစ်ပါဝင်ထားပြီး မင်းသား Collie ကတော့ Sarah ရဲ့ သား John Connor အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။
“Deadpool” ရုပ်ရှင်ဒါရိုက်တာ Tim Miller က ဇာတ်ညွှန်းရေးသားရိုက်ကူးမှာဖြစ်ပြီး မူရင်း Terminator ဇာတ်လမ်း တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Cameron က David Ellison နဲ့အတူ ပူးတွဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာအသေးစိတ်ကို အခုအထိ မသိရသေးပေမယ့် အခုရုပ်ရှင်အသစ်ဟာ “Terminator 2: Judgement Day” နဲ့ တိုက်ရိုက်ချိတ်ဆက်မယ့် ရုပ်ရှင်လို့ သိရပါတယ်။
အခုရုပ်ရှင်အသစ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။
Ref: aceshowbiz
The post “Terminator” ရုပ်ရှင်အသစ်မှာ မြင်တွေ့ရမယ့် မင်းသားကြီး အာနိုး appeared first on ဧရာဝတီ.