Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကြော်ငြာဘုတ်တွေနောက်ကွယ်မှ မှုခင်းတခု “Three Billboards Outside Ebbing , Missouri”

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ Comedy , Crime , Drama အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ Three Billboards Outside Ebbing , Missouri (2017) ပဲဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Frances McDormand , Woody Harrelson , Sam Rockwell စတဲ့ နာမည်ကျော် သရုပ်ဆောင်တွေအပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

Mildred ဟာ ကြော်ငြာဘုတ်သုံးခုကို တနှစ်စာငှားရမ်းခဲ့ပြီး သူငှားရမ်းခဲ့တဲ့ ကြော်ငြာဘုတ်သုံးခုဟာ မြို့ရဲ့ လူသွားလူလာနည်းပါးတဲ့ အဝေးပြေးလမ်းမ တနေရာပေါ်မှာရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် Mildred ရဲ့ ငှားရမ်းမှုဟာ ဇာတ်လမ်းအစမှာတင် စိတ်ဝင်စားစရာကောင်းနေပြီပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ သူမရဲ့ သမီးငယ်ဖြစ်သူဟာ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပြီး အလောင်းကိုလည်း ၆ပေအနက်မှာ မီးလောင်ကျွမ်းလျက်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ကြော်ငြာဘုတ်တွေမှာ Mildred အဓိက ကြော်ငြာခဲ့တဲ့ အကြောင်းအရာ ကတော့ မြို့ခံရဲတွေအနေနဲ့ တရားခံကို ဖမ်းဆီးပေးဖို့ တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။

သူမအမြင်မှာတော့ မြို့ခံရဲတွေဟာ အသားအရောင်ခွဲခြားလျက်ရှိနေပြီး နှိပ်စက်ညှင်းပန်းမှုတွေကိုသာ အာရုံရောက်နေ ကြောင်း သမီးငယ် Angela အတွက် တရားမျှတမှုရရှိရေးကိုလည်း မြို့တွင်းသတင်းဌာနတခုနဲ့အတူ ရုပ်သံသတင်း ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

Mildred ရဲ့ ကြော်ငြာဆိုင်းဘုတ်တွေကြောင့် တမြို့လုံးကရဲတွေနဲ့အတူ တမြို့လုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး သူမကို ထောက်ခံသူဆိုလို့ သူမအလုပ်ရှင်တယောက်သာရှိနေတာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှုမှာရဲတွေအနေနဲ့ ဘယ်လိုသက်သေအထောက်အထားမျိုးမှမရှိသလို လူမှုရေးအကျိုးပြုဆောင်ရွက်တတ်သူ ရဲမှူး Willoughby ဟာလည်း ကင်ဆာရောဂါ ခံစားနေရတဲ့အတွက်ကြောင့် Mildred ဘက်မှာ ဘယ်သူမှ ရှိမနေနိုင်ခဲ့တာဖြစ်ပါတယ်။

မိခင်တယောက်ရဲ့ သမီးငယ်တယောက်ဆုံးရှုံးရတဲ့အခါ ပူဆွေးသောကတွေနဲ့ ရင်ဆိုင်နေရပြီး စိတ်ဓာတ်မာကျောမှု တွေနဲ့အတူ Mildred ကို ဝမ်းနည်းစိတ်တွေနဲ့ တွေ့မြင်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

“Three Billboards Outside Ebbing , Missouri (2017)” ဟာ IMDb rating 8.2 ရရှိထားပြီး အမှုဟာ အမှန်အတိုင်းပေါ်ပေါက်မလား ၊ အမှုအတွက် တရားခံကို Mildred နဲ့ မြို့ခံရဲတွေ ဖော်ထုတ်နိုင်မလား ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

The post ကြော်ငြာဘုတ်တွေနောက်ကွယ်မှ မှုခင်းတခု “Three Billboards Outside Ebbing , Missouri” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...