Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကလေးငယ်တဦးကို ကယ်တင်ဖို့ကြိုးစားရင်း အထိုးခံလိုက်ရတဲ့ မင်းသမီး Lindsay Lohan

$
0
0

မင်းသမီး Lindsay Lohan ဟာ လမ်းမှာတွေ့ခဲ့တဲ့ ဆီးရီးယားမိသားစုတခုအတွက် ကယ်တင်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ရင်း အကျပ်အတည်းဖြစ်ခဲ့ရတဲ့အကြောင်းက အခုတော့ သတင်းခေါင်းစဉ် တခု ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တင်ခဲ့တဲ့ Instagram Live မှတော့ အဲဒီအဖြစ်အပျက်ကို အသေးစိတ် မြင်တွေ့ရပြီး ကလေးရဲ့ မိခင်က မင်းသမီးကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။ အဲဒီ့မိသားစုရဲ့ အခြေအနေကို သိရှိခဲ့ရပြီး မင်းသမီး Lohan ဟာ အဲဒီမိသားစုရဲ့ ကလေးကို ပြုစုစောင့်ရှောက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် ကလေးမိဘတွေက ငြင်းဆိုခဲ့ပြီး အဝေးကို ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ငြင်းဆိုမှုကို မင်းသမီးက လက်မခံခဲ့ပါဘူး။ အဲဒီမိသားစုနောက် လိုက်သွားခဲ့ပြီး အဲဒီမိဘတွေဟာ ကိုယ့်ကလေးကို မှောင်ခိုရောင်းစားဖို့ လုပ်နေပါတယ်ဆိုပြီး စွပ်စွဲခဲ့တာဖြစ်ပါတယ်။

မင်းသမီးက “ဘာတွေဖြစ်နေလဲ ကြည့်လိုက်စမ်းပါ။ သူတို့ဟာ ကလေးတွေကို မှောင်ခို ကုန်ကူးနေကြတယ်။ ကျမ ရှင့်တိုဆီကနေ မခေါ်နိုင်သရွေ့ကျမ မသွားဘူး။ ဒါဟာ အာရပ်ကမ္ဘာ မဟုတ်ပါဘူး။ ရှင်တို့က ဒီလိုလုပ်ပြီး အာရပ်ယဉ်ကျေးမှုကို ဖျက်ဆီးနေတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

အာရဗီလေသံနဲ့ အခုလိုမျိုး လိုက်ပြီး စကားပြောနေခဲ့ပေမယ့် သူ့ဆီကနေ ထွက်ပြေးသွားတဲ့ မိသားစုကို မတားနိုင်ခဲ့ပါဘူး။ အဲဒီနောက် မင်းသမီးက “ဒီကလေးတွေကိုယူပြီးတော့ သွားချင်နေကြပါတယ်။ ကလေးတို့နဲ့အတူ ကျမရှိနေပါတယ်။ မပူပါနဲ့။ တကမ္ဘာလုံးက ဒါကိုကြည့်နေကြပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် မင်းသမီး Lohan ဟာ သူတို့နောက်ကို ဆက်လိုက်ခဲ့ပါတယ်။ အဲဒီ့နောက် ဆီးရီးယား စုံတွဲရဲ့ ကလေးတဦးရဲ့ လက်ကိုဆွဲဖို့ လုပ်ခဲ့တဲ့ အချိန်မှာ သည်းမခံနိုင်တော့ဘူးလို့ ယူဆရတဲ့ မိခင်ဖြစ်သူက မင်းသမီးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့ပါတယ်။ အဲဒီဗီဒီယိုရဲ့ အဆုံးမှာ မင်းသမီး Lohan ငိုယိုနေတာကို မြင်တွေ့ရပြီး အဲဒီဆီရီးယားကလေးတွေကို ကယ်တင်ဖို့သာ ကြိုးစားခဲ့တာပါလို့ ပြောဆိုနေခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူတချို့က အဲဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ကြပြီး မင်းသမီးရဲ့ Instagram Live ပို့စ်ကို ပြန်တင်ခဲ့ကြပါတယ်။ Twitter သုံးစွဲသူတချို့ကတော့ ဒါဟာ ပြန်ပေးဆွဲတာလို့ သုံးသပ် ပြောဆိုကြပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူက Lohan ရဲ့မျက်နှာကို တိုက်ခိုက်ပြီး ကလေးတွေကို ကာကွယ်ခဲ့တာဟာ ကိုယ့်ကလေးကို လူကုန်ကူးမှာဖြစ်တယ်လို့ မင်းသမီးက မှားယွင်းစွာ စွပ်စွဲခဲ့မှုကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်းသမီး Lohan က ကြေညာချက်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Ref: asiaone

The post ကလေးငယ်တဦးကို ကယ်တင်ဖို့ကြိုးစားရင်း အထိုးခံလိုက်ရတဲ့ မင်းသမီး Lindsay Lohan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...