Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အတိတ်ရဲ့အရိပ်ဆိုး စိတ်ဒဏ်ရာတွေကြောင့် အိမ်နဲ့ ဝေးဝေး မသွားချင်တဲ့ Ariana Grande

$
0
0

အဆိုတော် Ariana Grande ဟာ နယ်လှည့်ဖျော်ဖြေပွဲတွေပြုလုပ်ဖို့ စိတ်ရှိနေသေးပေမယ့် အိမ်ကနေ ခပ်ဝေးဝေးသွားရမယ်ဆိုတဲ့ အတွေးကြောင့် စိတ်မချမ်းမသာဖြစ်ရတယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆိုတော် Ariana ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မန်ချက်စတာ အရီနာကွင်းမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွင်း အသေခံဗုံးခွဲ တိုက်ခိုက်သူတဦးကြောင့် လူ ၂၂ ဦးသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် စိတ်ဒဏ်ရာ ဖိအားတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေ ခံစားနေခဲ့ရတယ်လို့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ အဆိုတော် Ariana က သူဟာ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ချင်ပေမယ့် အမေရိကန်နိုင်ငံမှာရှိတဲ့ အိမ်ကနေ ခပ်ဝေးဝေး သွားဖို့ဆိုတဲ့အတွေးကြောင့် ကြောက်လန့်နေခဲ့ရတဲ့အကြောင်း Twitter မှာ ပရိသတ်တွေကို ပြောဆိုခဲ့ပါတယ်။

သူက “ကျမစိုးရိမ်နေရဆဲပါ။ ကျမ အခုနယ်လှည့်ဖျော်ဖြေပွဲ လုပ်ချင်ပါတယ်။ မနေ့က ကျမ အိမ်မှာပဲ အမြဲတမ်း ထိုင်နေချင်ခဲ့ပေမယ့် ဒီနေ့တော့ ကျမဖျော်ဖြေပွဲလုပ်ပြီး ပရိသတ်တွေနဲ့ တွေ့ချင်ပါတယ်။ အခုတော့ အနိမ့်အမြင့်၊ အတက်အကျတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် ကျမရှင်တို့ကို ချစ်ပါတယ်။ ကျမအလုပ်ကြိုးစားနေပါတယ်။” လို့ဆိုပြီး စိတ်ဒဏ်ရာတွေကျက်ဖို့ အချိန် တော်တော်များများ ယူဖို့ပြောကြားလာတဲ့ ပရိသတ်တဦးကို အခုလိုမျိုး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ဖျော်ဖြေပွဲပြန်လုပ်မယ်ဆိုတဲ့ သတင်းကို ကြားရဖို့ ပရိသတ်တွေက စိတ်လှုပ်ရှားနေပြီး တချို့ကတော့ဖျာ်ဖြေပွဲလုပ်ပြီးခါမှ အဆိုတော် Ariana နောင်တရနေမှာစိုးတဲ့ စိုးရိမ်မှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီအခါ အဆိုတော် Ariana က “ကျမ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ ကျမရဲ့ အပျော်ဆုံး အချိန်တွေက ရှင်တို့တွေနဲ့အတူ စင်ပေါ်မှာရှိနေရတာပါပဲ။ အခုအထိတော့ ကျမအတွက် အိမ်ကနေ ခွာရမယ်ဆိုတဲ့ အသိကခြောက်လန့်နေပါတယ်” လို့ ပြောဆိုပါတယ်။

ဒါပေမယ့် နယ်လှည့်ပွဲအသေးစားတခုလုပ်ဖို့ စဉ်းစားနေတယ်လို့တော့ ပရိသတ်တွေကို ပြောဆို ထားပါတယ်။ Ariana “ကျမ ရှင်တို့ချစ်လည်းချစ်တယ်၊ လွမ်းလည်းလွမ်းတယ်။ လူတိုင်းက ကျမကို ပြောကြတယ် အချိန်ယူဖို့ လိုသေးတယ်တဲ့။ ဒါပေမယ့် ကျမ စိုးရိမ်နေရဆဲပါ။
ကျမ မသိတော့ပါဘူး။ ရှင်တို့ကို ချစ်ပါတယ်။” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်တုန်းကလည်း သူ့ရဲ့ ချစ်သူဟောင်း Rap အဆိုတော် Mac Miller ဆေးလွန်ပြီးသေဆုံးခဲ့ရတဲ့အတွက် သူ့အတွက် ဝမ်းနည်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ရတာပါ။

Ref: aceshowbiz

The post အတိတ်ရဲ့အရိပ်ဆိုး စိတ်ဒဏ်ရာတွေကြောင့် အိမ်နဲ့ ဝေးဝေး မသွားချင်တဲ့ Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...