Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်အတွက် စိတ်ကြိုက်ဖြစ်မယ့် သီချင်းတွေ လုပ်နေတဲ့ အဆိုတော် မျိုးကြီး

$
0
0

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ Iron Cross Band မှ အဆိုတော် မျိုးကြီးက လက်ရှိမှာ အွန်လိုင်းကနေ ပရိသတ်တွေကို သီချင်းတင်ပေးဖို့ရှိသလို IC အဖွဲ့နဲ့ ပုဂံမှာ ရှိုးဆိုဖို့ရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“ကျနော် သီချင်းသစ်တွေ လုပ်နေတုန်းပဲ။ ကြာနေတာ။ ဒီနှစ်ထဲမှာ ကိုလေးဖြူရော၊ ကိုဝိုင်းရော ကိုအငဲရော၊ ကျနော်ရော သီချင်းတွေ ထွက်မှာပါ။ ဆိုနေကျ ပုံစံတွေပါပဲ။ ရှိုးဆိုဖို့ နောက်လကနေ စမယ်။ ပုဂံမှာ စဖျော်ဖြေမယ်။ လောလောဆယ်တော့ ၂၃ ရက်ကို စီစဉ်ထားပါတယ်။ ရန်ကုန် ပရိသတ်တွေ အတွက်လည်း ရှိုးလုပ်မှာပါ”လို့ အဆိုတော် မျိုးကြီးက ပြောပါတယ်။

လက်ရှိမှာ အဆိုတော် မျိုးကြီးက သီချင်းတွေ သွင်းနေပြီး ပရိသတ် စိတ်ကြိုက်ရအောင် လုပ်နေတာကြောင့် သီချင်းအသစ်တွေ မထွက်သေးတာလို့လည်း ဆိုပါတယ်။

“ကျနော်တို့ဆို သီချင်းတွေ သွင်းထားတာ ၁၇ ပုဒ်၊ ၁၈ ပုဒ်လောက် ရှိတယ်။ စိတ်ကြိုက်ရအောင် လုပ်နေတာကြောင့် မထွက်ဖြစ်တာ။ တပုဒ်ကို ပရိသတ်လက်ထဲ ထည့်ရင် ကြိုက်ပါ့မလား။ ကျနော်တို့ ကိုယ်တိုင်လည်း အကြိမ်ကြိမ် နားထောင်တယ်။ အဆင်ပြေမှ ပရိသတ်လက်ထဲ ထည့်ပါတယ်။ ကျနော်တို့အဖွဲ့က တယောက်နဲ့ တယောက် ချစ်ကြတယ်။ ယုံကြည်ချက်ခြင်း တူတယ်။ ခံယူချက်ခြင်း တူတယ်။ အဲဒါကြောင့် စည်းလုံးတာပါ” လို့ မျိုးကြီးက ပြောပါတယ်။

“ကျနော်တို့က ရော့ခ်ကိုဆိုတာဆိုတော့ စင်ပေါ်မှာတော့ ခပ်တည်တည် ဖြစ်နေတယ်။ အပြင်မှာတော့ သဘောကောင်းကြပါတယ်။ အွန်လိုင်းကနေပဲ သီချင်းလေးတွေ တင်ပေးမယ်။ ၂ ပုဒ် ၃ ပုဒ်လောက်ပါ။ ကျနော် “မျိုးကြီး Collection” ဆိုပြီး လုပ်ဖို့ မရှိပါဘူး။ ကျနော်တို့တွေကို စောင့်ပေးပြီး အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့လည်း မျိုးကြီးက ဆိုပါတယ်။

အဆိုတော် မျိုးကြီးက လက်ရှိမှာ ဂီတ၊ အဆိုပိုင်းအပြင် အဆိုတော် လေးဖြူနှင့် တွဲပြီး “Big 9” လို့ အမည်ရတဲ့ Online TV လုပ်ငန်းကို လုပ်ကိုင်နေသလို OPPO Myanmar ရဲ့ Brand Ambassador အဖြစ်လည်း ခန့်အပ်ခံထားရသူ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အွန်လိုင်း TV လုပ်ငန်းကို လေးဖြူနဲ့ အတူ လုပ်နေတဲ့ အဆိုတော် မျိုးကြီး

The post ပရိသတ်အတွက် စိတ်ကြိုက်ဖြစ်မယ့် သီချင်းတွေ လုပ်နေတဲ့ အဆိုတော် မျိုးကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...