Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်သစ် ဖြစ်တာကြောင့် “မီ” ရုပ်ရှင်မှာ သရုပ်ဆောင်ရတာ တာဝန်ကြီးပါတယ်

$
0
0

စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်တဲ့ “မီ” ကို ရုပ်ရှင်ကားအဖြစ် ပုံဖော်ခဲ့တဲ့နေရာမှာ မျက်နှာသစ် သရုပ်ဆောင်တယောက်ဖြစ်တဲ့ သရုပ်ဆောင် အောင်ရဲထိုက်က ဒီဇာတ်ကားက သူ့အတွက် တာဝန်ကြီးပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“တာဝန်ကြီးပါတယ်။ ဒါက တခေတ်တခါက နာမည်ကြီးခဲ့တဲ့ စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္တုလေ။ စာဖတ်ပရိသတ်တွေကလည်း မီ့ကို သူတို့စိတ်ကူးထဲမှာ ဝတ္ထုဖတ်ပြီးတဲ့ အချိန်မျိုးစုံ ပုံဖော်ပြီးလောက်ပါပြီ။ တယောက်နဲ့တယောက် ပုံဖော်တာချင်းတူချင်မှတူမယ်။ ဒီကားထဲမှာ မီဟာ အရမ်း မိုက်လွန်းတယ်။ ဒီကားက Team Work နဲ့ အလုပ်လုပ်တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ အဲဒီထဲက ကာရိုက်တာကတော့ မီ့ကို အရမ်းချစ်တဲ့ မောင်ကိုလေးပေါ့” လို့ အောင်ရဲထိုက်ကပြောပါတယ်။

ဒီထဲမှာတော့ အောင်ရဲထိုက်က မီ့ကို အရမ်းချစ်ရတဲ့ မောင်ကိုလေးဆိုတဲ့ ကာရိုက်တာ အနေနဲ့ သရုပ်ဆောင်ထားပြီး စကားပြောရတဲ့ ဒိုင်ယာလော့တွေက ဒီဘက်ခေတ်နဲ့ မတူညီတဲ့အပိုင်းတွေ ရှိတယ်လို့ ပြောပါတယ်။

“အဓိကက အပြောအဆိုပိုင်း ကွာသွားတယ်ဆိုတာ အတင်းကြီး လုပ်ယူထားတာ မရှိဘူး။ အဲဒီဘက်ခေတ် ပုံစံကြီး လုပ်ယူထားတာ မရှိဘူး။ အဓိကကတော့ ဒိုင်ယာလော့မှာက ကျနော်တို့ ပြောနေကျ ဒိုင်ယာလော့ မဟုတ်ဘူး။ ဒိုင်ယာလော့ကြောင့် ကွဲထွက်နေတယ်လို့ ထင်တယ်။ ကျနော့် အမြင်ပေါ့နော်။ ဒါရိုက်တာကလည်း လေယူလေသိမ်းတွေ အရမ်းပေါက်အောင် မပြောခိုင်းဘူး။ ဇာတ်ကောင် စရိုက်ကို ဝင်သွားတဲ့အခါမှာ အေးဆေးဖြစ်သွားပြီးတော့ အခက်အခဲ မရှိဘဲ လုပ်နိုင်ခဲ့တယ်”လို့ အောင်ရဲထိုက်က ပြောပါတယ်။

အဆိုပါ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောင်ရဲထိုက်ရဲ့ ဒုတိမြောက် ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး အရှေ့မှာ ရိုက်ခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကျနော့်ကို ဒီကားရိုက်ဖို့ ပြောလာတဲ့အခါမှာ ဘယ်သူတွေပါလဲဆိုတာကို ပြောပြတော့ အတူ ပါဝင်ရမယ့်သူတွေကို ကြားရတဲ့အခါမှာ အရမ်းလန့်သွားတယ်။ ဒုက္ခပဲ၊ ကျနော် ဘယ်လိုလုပ်ရမလဲ ဆိုပြီး ကြောက်သွားတာပေါ့။ ပျော်လည်းပျော်၊ ကြောက်လည်း ကြောက်တယ်။ ပထမဆုံး အစ်ကိုတို့ အစ်မတို့နဲ့ တွဲပြီးတော့ သရုပ်ဆောင်ရမယ်၊ ဝတ္ထုကြီးကလည်း တကယ်နာမည်ကြီးတဲ့ ဝတ္ထုဆိုတော့ ငါတော့ ဒုက္ခပါပဲပေါ့။ လုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးဝင်ခဲ့တယ်။ ဒါပေမယ့် ဒါရိုက်တာ ကိုဏကြီးနဲ့ ကာရိုက်တာ Development ပိုင်းကို ဆွေးနွေးပြီးတော့ ကြောက်တဲ့စိတ်တွေ မရှိတော့ဘူး” လို့ အောင်ရဲထိုက်က ပြောပါတယ်။

“မီ” ရုပ်ရှင်ကားကို ဒါရိုက်တာ ဏကြီး ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ နေတိုး ၊ရဲအောင် ၊မင်းဦး၊ သားညီ၊ အောင်ရဲထိုက်၊ ပိုင်ဖြိုးသုတို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်က နာမည်ကြီး ဝတ္ထုတပုဒ်ကို ပုံဖော်ထားတဲ့အတွက် စောင့်ကြည့်နေတဲ့ ပရိသတ်များလည်း အထူးစိတ်ဝင်စားလျက် ရှိနေပါတယ်။“မီ” ရုပ်ရှင်ကို နိုဝင်ဘာလအတွင်း ရုံတင်ခွင့် ရရှိထားပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းလင့်ခ် – “မီ” ဇာတ်ရုပ်အတွက် ရင်ခုန်နေတဲ့ ပိုင်ဖြိုးသု

The post သရုပ်ဆောင်သစ် ဖြစ်တာကြောင့် “မီ” ရုပ်ရှင်မှာ သရုပ်ဆောင်ရတာ တာဝန်ကြီးပါတယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...