Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မေတ္တာတရားနဲ့ ကလေးတယောက်ရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့သူ “The Blind Side”

$
0
0

မိုက်ကယ်အိုဟာကို အမေရိကန်ဘောလုံးအသင်းရဲ့ ခံစစ်ကစားသမားအဖြစ် သိကြပါတယ်။ ပွဲတိုင်းမှာ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်တဲ့သူ့ရဲ့အရည်အချင်းက ကာကွယ်တဲ့နေရာမှာ သူတကာထက် ထူးခြားတဲ့ စွမ်းရည်ပါပဲ။

သူဒီလိုပြောင်းလဲလာအောင် ဖေးမခဲ့သူတွေဟာ မိသားစုမဟုတ်ဘဲ သူစိမ်းတွေလို့ ပြောရင် ယုံမလား မသိဘူး။ The Blind Side က ဒီဖြစ်ရပ်မှန်ဇာတ်ကားကို ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကျဉ်းက အမေရိကန်နိုင်ငံက ကျောင်းမှာ မိုက်ကယ်အိုဟာ ဆိုတဲ့ ကလေး တယောက်ဟာ ဆရာသမားတွေ လက်လျှော့ထားရတဲ့ ကျောင်းသားတယောက်ပါ။ အခြား ကျောင်းသားတွေလို ဆိုးမိုက် ရမ်းကားတာမျိုးမရှိပေမယ့် စာကို သေချာလိုက်မလုပ်သလို အပေါင်းအသင်းဆိုလို့ တယောက်မှ မရှိတဲ့သူပေ့ါ။

လူဖြူတွေများတဲ့ကျောင်းမှာ သူတယောက်တည်းသိုးမည်းလို ဖြစ်နေတာကြောင့် အထီးကျန်နေရသူပါ။ တနေ့ အိပ်စရာနေရာ မရှိတာကို Leigh Anne ဆိုတဲ့အမျိုးသမီးက သတိပြုမိခဲ့ပါတယ်။

Leigh Anne က ထက်မြက်ပြီး ခေါင်းမာတဲ့ အမျိုးသမီးတယောက်ဖြစ်သလို စိတ်ထားကောင်းတာကြောင့် ချမ်းသာတဲ့ခင်ပွန်း၊ သားသမီး ၂ ယောက်နဲ့အတူ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပါတယ်။

မိသားစုဒဏ်ရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဦးတည်ချက်မဲ့နေတဲ့ အိုဟာ့ကို Leigh Anne က ဘယ်လိုတွေ လမ်းပြပေးမလဲ၊ သူမရဲ့ ခေါင်းမာမာဆုံးဖြတ်ချက်နဲ့ မေတ္တာတရားကြောင့် အိုဟာ ဘယ်လို အရောင်ထွက်လာပြီး အောင်မြင်တဲ့ ကစားသမားတယောက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။

Leigh Anne ရဲ့ ဇာတ်ကောင်နေရာမှာ မင်းသမီးကြီး Sandra Bullock က အဓိက ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ သူမနဲ့ ဒီဇာတ်ကောင်က အံဝင်ခွင်ကျဖြစ်သလို မိုက်ကယ်အိုဟာနေရာမှာ သရုပ်ဆောင်တဲ့ Quinton Aaron ဟာလည်း ကာရိုက်တာကို ပုံပေါ်အောင် သရုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

အသားအရောင် မတူ ကွဲပြားမှုတွေ ရှိပေမယ့် မေတ္တာတရားက လူတယောက်ကို ဘယ်လောက် ပြောင်းလဲစေတယ်ဆိုတာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတခု ဖြစ်တဲ့ကားတကားပါ။ IMDb rating (7.7) ရထားတာကြောင့် ဒီဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။

The post မေတ္တာတရားနဲ့ ကလေးတယောက်ရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့သူ “The Blind Side” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)