Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟောလိဝုဒ် ရုပ်ရှင်ကားမှာ ပါဝင်ခွင့်ရတဲ့အကြောင်း ပြောပြတဲ့ မေမြတ်နိုး

$
0
0

ဘန်ကောက်ကနေ ဇာတ်ကားရိုက်ကူးပြီး ပြန်ရောက်လာတဲ့ မေမြတ်နိုးက သူများနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့ရပေမယ့် အနှိမ်မခံရဘဲ သေသေချာချာလေး ဆက်ဆံပေးကြတာကြောင့် ဝမ်းသာရတယ်လို့ ဆိုပါတယ်။

“သူများနိုင်ငံမှာ သွားရိုက်ရပေမယ့်လည်း သူတို့က မနှိမ်ပါဘူး။ သေသေချာလေး ဆက်ဆံ ပေးတယ်။ အဲ့အတွက်လည်း ဝမ်းသာရတယ်။ မြန်မာနိုင်ငံက လာတာလား၊ မြန်မာနိုင်ငံမှာ ဒီလိုမျိုး သရုပ်ဆောင်ကောင်းတွေ အများကြီးပဲလား။ မြတ်နိုးကလည်း ဟုတ်တယ်၊ လာလည်ပါလို့ ခေါ်တော့ သူတို့က လာမယ်ဆိုတာကြီးပဲ” လို့ မေမြတ်နိုးက ပြောပါတယ်။

မေမြတ်နိုးက ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာ ဖြစ်ပြီး သူနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသားနဲ့ ဒါရိုက်တာကလည်း ဟောလိဝုဒ်က နာမည်ကြီးတွေပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း မေမြတ်နိုးက အခုလိုဆိုပါတယ်။

“ဩဂုတ်လကတည်းက ရွေးချယ်ခံထားရတာပါ။ ပြင်ဆင်မှုတွေကတော့ သရုပ်ဆောင်ဖို့ပဲ ပြင်ဆင်ရပါတယ်။ မြတ်နိုးက ကာရိုက်တာနဲ့ ကွက်တိသွားကျတဲ့ အတွက် ဆံပင်တွေ ဘာတွေလည်း ဘာမှ မလုပ်ရဘူး။ သူတို့ဘက်က မိတ်ကပ်၊ ဆံပင်တွေလည်း ပြင်ဆင်ပေးတဲ့အတွက် အဲဒါတွေလည်း ပူစရာ မလိုခဲ့ရပါဘူး”

“ကားရိုက်ကတော့ အခက်အခဲတွေ အများကြီးပဲ။ အချိန်ကို သူတို့က တိကျတယ်။ အဲ့အတွက် ကိုယ်ကအချိန်ကို တိတိကျကျ လုပ်ခဲ့တယ်။ သရုပ်ဆောင်ပိုင်းလည်း မကြိုက်မချင်း အထပ်ထပ် ရိုက်တယ်။ မြတ်နိုးကတော့ မြန်မာနိုင်ငံမှာလည်း သရုပ်ဆောင် လုပ်ဖူးတော့ အားလုံး အဆင်ပြေပါတယ်”လို့ မေမြတ်နိုးက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဘန်ကောက်မှာ ရုပ်ရှင်ရိုက်ကူးရတာ ကွာခြားပြီး ကွာခြားမှု အပိုင်းနဲ့ ပတ်သက်လို့လည်း မေမြတ်နိုးက အခုလို ဆိုပါတယ်။

ဟောလိဝုဒ်ကား ရိုက်ကူးနေတဲ့ ဒါရိုက်တာနဲ့ မေမြတ်နိုး (ဓာတ်ပုံ – May Myat Noe’ Facebook)

“မြန်မာနိုင်ငံနဲ့ ဘာတွေကွာလည်းဆို သူတို့က Budget များများနဲ့ လုပ်နိုင်တယ်။ မြန်မာနိုင်ငံ မှာက Budget နည်းတာ ပေါနော့်။ တကယ်တမ်းတော့ နိုင်ငံခြားနဲ့ ယှဉ်လို့ မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ Budget များများသာ သုံးနိုင်မယ်ဆိုရင် သူတို့ထက်ကောင်းတဲ့ ကားတွေ ထွက်လာနိုင်တယ်လို့ မြတ်နိုးထင်ပါတယ်။ သူတို့တွေက ယိုးဒယား မင်းသမီးကိုရွေးရင် နေစရိတ် စားစရိတ် ပိုသက်သာတယ်လေ”

“ဒါပေမယ့်မြတ်နိုးကို ရွေးလိုက်တာက မြတ်နိုးကိုလည်း ကြိုက်ကြတယ်။ မြန်မာနိုင်ငံက ဖွံဖြိုးလာတော့ မြန်မာနိုင်ငံကို ပြောင်းလဲမှု ပေးချင်တယ်။ အဲ့အတွက် ကိုယ့်ကိုရွေးချယ်ခံရတော့ ဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဒီကားထဲမှာ မြတ်နိုးကို ဘယ်လို ပုံစံနဲ့တွေ့ရမလဲဆိုတာ စောင့်ကြည့်ပေးပါ။ ပြောပြလို့ မရလို့ပါ။ ၂၀၁၉ခုနှစ်ထဲမှာ ပြမယ်တော့ ပြောလိုက်တယ်။ အက်ရှင်ကားလေးပါ” လို့ မေမြတ်နိုးက ဆိုပါတယ်။

မေမြတ်နိုးက နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးဖို့ရှိသလို Cannel+ ရုပ်သံလိုင်းနဲ့လည်း အလုပ်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ မေမြတ်နိုးက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျက် ရှိတာတွေ့ရပြီး သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

The post ဟောလိဝုဒ် ရုပ်ရှင်ကားမှာ ပါဝင်ခွင့်ရတဲ့အကြောင်း ပြောပြတဲ့ မေမြတ်နိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...