Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မှော်ဝင်သမန်းကျား”ရုပ်ရှင်ကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားတွေနဲ့ ကြိုးစားထားပါတယ်

$
0
0

အနုပညာလုပ်ငန်းများနဲ့ ဝေးကွာနေတဲ့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က မကြာခင်မှာပဲ သူမရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးကနေ ထွက်ရှိမယ့် ပထမဦးဆုံး ရုပ်ရှင်ကားကြီး “မှော်ဝင်သမန်းကျား” ရုပ်ရှင်ကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားတွေနဲ့ ကြိုးစားထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မှော်ဝင်သမန်းကျားဇာတ်ကားကို မကြာခင်မှာ ရုံတင်တော့မှာပါ။ အခက်အခဲပေါင်းများစွာ ကြားထဲက အကောင်းဆုံး ကြိုးစားထားပါတယ်။ ဇာတ်ကားလေး အကောင်းဆုံးဖြစ်အောင် ကျမ ကိုယ်စွမ်းအား ဉာဏ်စွမ်းအားတွေနဲ့ ကြိုးစားထားပါတယ်။ ပထမဇာတ်ကား စရိုက်တုန်းက ဒါရိုက်တာက ကျမကို သူအကုန် ကူညီပေးမယ်ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ဒါရိုက်တာ မအားလပ်မှုတွေကြောင့် ကျမကပဲ ကိုယ်ဖိရင်ဖိ အကောင်းဆုံး လုပ်ခဲ့တယ်။ ရန်ကုန်မှာလုပ်တယ် မအောင်မြင်ခဲ့ဘူး။ အခု ဘန်ကောက်မှာ အသံပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားကောင်းကောင်းနဲ့ ကျမ ပရိသတ်တွေကို ချပြသွားမယ်” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

မှော်ဝင်သမန်းကျား ရိုက်ကူးစဉ်က အခက်အခဲတွေ အများကြီးရှိခဲ့ပြီး အကောင်းဆုံး ပုံဖော်နေတဲ့အတွက် အချိန်ကြာခဲ့တာလို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

လုပ်ကိုင်နေတာ သက်တမ်းအားဖြင့် ၁၈ နှစ်ရှိပြီဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင် ထုတ်လုပ်ရေးကနေ နောက်ပိုင်းမှာ သူမ ပါဝင် ရိုက်ကူးမယ့် ဇာတ်ကားတွေလည်း ရိုက်ဖို့ရှိသလို တခြား အနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် ဇာတ်ကားတွေလည်း ရှိတယ်လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

“ကျမ ကျောက်ဆူးရုပ်ရှင် ထုတ်လုပ်ရေးက လွန်ခဲ့တဲ့ ၁၈နှစ်လောက်ကတည်းက တည်ထောင်ခဲ့တာပါ။ ရုပ်ရှင် ဇာတ်ကားကြီးကလည်း မှော်ဝင်သမန်းကျားဇာတ်ကားက ပထမဦးဆုံးပါ။ ကျမ စိတ်ဓာတ်ကလည်း မာတယ်။ ကိုယ်စပြီးသွားတဲ့ အလုပ်ကို အဆုံးသတ်တယ်။ အဲ့အတွက် နောက်ကားတွေထုတ်ဖို့ ကျမ စိတ်မပျက်ပါဘူး”

“ဒီကားကိုအခြေခံပြီး ကျမ အခက်အခဲတွေ မကြုံတော့ဘူး။ သင်ခန်းစာရသလို ပညာတွေရတယ်။ အနုပညာအလုပ်နဲ့ ဝေးသွားရတာကလည်း ဒီကားကြီးကို လုပ်နေတာကြောင့်ပါ။ ကျမတို့ ရုံမတင်ခင်မှာ ဘန်ကောက်က Film Festival က ကမ်းလှမ်းတယ်။ ကျမတို့ မပြခဲ့ဘူး။ ပြလိုက်ရင် ဇာတ်ကား မတော်တဆ ထွက်သွားခဲ့သည်ရှိသော် ကျမတို့ ကြိုးစားခဲ့တာတွေ အလကားဖြစ်မှာ စိုးတဲ့အတွက် မပြခဲ့ဘူး” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

“တချို့ ဇာတ်ကားတွေ အွန်လိုင်းမှာ ရောက်ခဲ့တာတွေ ရှိတယ်။ အဲ့အတွက် ရုံတင်ပြီးမှပဲ တခြားနေရာက ကမ်းလှမ်းရင် ပြသသွားမယ် “လို့ လည်း သူက ဆိုပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးပုံဖော်ထားတဲ့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်များအဖြစ် ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ –
ဆရာဖြစ်သူ ကျော်ဟိန်းပြောတဲ့ အမှတ်တရ စကားတွေကို ပြောပြတဲ့ ခွန်းဆင့်နေခြည်

“အချစ် ရှိပေမယ့် ချပြဖို့ အစီအစဉ် မရှိဘူး”လို့ ပြောတဲ့ ခွန်းဆင့်နေခြည်
“အနုပညာသက်တမ်း ၁၈ နှစ်မှာ လုပ်သလောက် ပြန်မရခဲ့ဘူး” ဆိုတဲ့ သူထူးစံ

The post “မှော်ဝင်သမန်းကျား” ရုပ်ရှင်ကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားတွေနဲ့ ကြိုးစားထားပါတယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...