Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဧရာဝတီ သတင်းဌာန၂၅ နှစ်ပြည့်အတွက် မော်ဒယ် ဂျေနော်ရဲ့ ဆုတောင်းစကား

$
0
0

ဧရာဝတီသတင်းဌာန၏ ၂၅ နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်း စူပါမော်ဒယ်တွေထဲက တဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူမော်ဒယ် ဂျေနော်ရဲ့ ဆုတောင်းစကားကို ဖော်ပြလိုက်ပါတယ်။

“အခု ဧရာဝတီ မီဒီယာကနေ ဒီနှစ်ဆိုရင် ၂၅ နှစ် တင်းတင်းပြည့်ပြီပေါ့နော်။ အခု ၂၅ နှစ် ပြည့်တဲ့ နှစ်ကနေ စပြီး နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုပေါင်းများစွာနဲ့ ဆက်လက်ပြီးတော့ တည်တံ့နိုင်ပါစေ” လို့ မော်ဒယ် ဂျေနော်က ဆုတောင်းပေးပါတယ်။

ကချင်တိုင်းရင်းသူ မော်ဒယ် ဂျေနော်ဟာ Miss Universe Myanmar 2014 ပြိုင်ပွဲမှာ Miss Huawei Myanmar ဆုကို ရရှိခဲ့ပြီး Modelling အပိုင်းမှာ ခပ်မိုက်မိုက် ဒီဇိုင်းတွေကြောင့် စူပါမော်ဒယ် တဦးအဖြစ် ရပ်တည်လာခဲ့ပြီး ပြည်တွင်းမှာသာမက ပြည်ပမှာပါ အနုပညာအလုပ်များကို လုပ်ကိုင်နေတဲ့ မော်ဒယ်တဦး ဖြစ်ပါတယ်။

ဧရာဝတီ သတင်းဌာန ရုံးခန်းကို အလည်လာခဲ့တဲ့ ကချင်မော်ဒယ် ဂျေနော် (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

ဆက်လက်ပြီး ဂျေနော်က ယနေ့ခေတ် သတင်းမီဒီယာများနဲ့ အနုပညာရှင်များကြားက ဆက်ဆံရေး အပေါ် အမြင်ကိုလည်း အခုလိုပဲ ဆိုပါတယ်။

“မီဒီယာဆိုတာက နောလေးတို့နဲ့ တကယ့်ကို ပေါင်းကူးတံတားလိုမျိုးပေါ့။ မောင်နှမလိုပဲ Relation ဖြစ်တယ်။ အနုပညာသမားဆိုတာကလည်း မီဒီယာတွေရဲ့ ကူညီ ထောက်ပံ့မှု၊ သူတို့ရဲ့ Release လုပ်ပေးတာပေါ့နော်။ တယောက်နဲ့ တယောက် “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” ဖြစ်တဲ့ အတွက်ကြောင့်မို့ မီဒီယာသမားတွေရဲ့ Support လုပ်ပေးတာ များများရှိမှသာ နောလေးတို့ အနုပညာရှင်တွေကလည်း ပရိသတ်နဲ့ ပိုပြီး တိုက်ရိုက် ထိတွေ့ခွင့် ပိုရတယ်”

“နောလေးတို့ အနုပညာရှင် တယောက်အနေနဲ့ မော်ဒယ်တယောက်အနေနဲ့ အခု ဧရာဝတီ ၂၅ နှစ် ပြည့်တဲ့ နှစ်ကနေ စပြီး နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြီးတော့ အောင်မြင်နိုင်ပါစေ။ အနုပညာရှင်တွေကိုလည်း ပိုပြီး ဒီထက်မက ပိုပြီးတော့ ပံ့ပိုးပေးနိုင်တဲ့ မီဒီယာတခု ဖြစ်ပါစေ”လို့ မော်ဒယ် ဂျေနော်က ဆုတောင်းစကား ဆိုပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ် စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှ စတင်ပြီး ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊ သတင်းဆောင်းပါး၊ သတင်း သုံးသပ်ချက်များ၊ အယ်ဒီတာ့အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ –

ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ခီမောင်နှံ၏ ဆုတောင်းစကား

 ဧရာဝတီ သတင်းဌာန၂၅ နှစ်ပြည့်အတွက် သရုပ်ဆောင် လူမင်းရဲ့ ဆုတောင်းစကား

 ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် ဒေါ်ဆွေဇင်ထိုက်နှင့် ဒါရိုက်တာဏကြီးတို့ရဲ့ ဆုတောင်း

 ဧရာဝတီ ၂၅ နှစ်ပြည့်အတွက် မိတ်ကပ် မထက် (Pop Soul) ရဲ့ ဆုတောင်းစကား

ဧရာဝတီသတင်းဌာန ၂၅ နှစ် ပြည့်အတွက် အဆိုတော် အမွန်းရဲ့ ဆုတောင်းစကား

The post ဧရာဝတီ သတင်းဌာန၂၅ နှစ်ပြည့်အတွက် မော်ဒယ် ဂျေနော်ရဲ့ ဆုတောင်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...