Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ် ကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ဖူးတဲ့ မော်ဒယ် ပိုင်တံခွန်

$
0
0

ခပ်မိုက်မိုက် ဘော်ဒီနဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားတဲ့ မော်ဒယ် ပိုင်တံခွန်က သူ့အလုပ်ကို နားလည်ပြီး ညှိနှိုင်းလို့ရတဲ့သူကို သဘောကျတယ်လို့ ဆိုပါတယ်။

“ကျနော့် အချစ်က ရိုးရှင်းတယ်။ သူအတိတ်ကြောင်းတွေ စိတ်မဝင်စားဘူး။ ကျနော်ချစ်ရင် အရူးအမူး ချစ်တယ်။ ကျနော် ပရိသတ်ကောင်မလေးလည်း ချစ်ခဲ့ဖူးတယ်။ ကျနော်က ချစ်ရင် ဘာပဲဖြစ်ဖြစ် ချစ်တယ်။ ကျနော့် အချစ်ရေးက အေးဆေးပဲ။ ခိုးပြီးလည်း မထားဘူး။ ပရိသတ်ကို Public ချပြီးလည်း မပြဘူး။ ကျနော့် ကောင်မလေးနဲ့ မုန့်သွားစားချင်ရင် စားမယ်။ ခရီးတွေ သွားရင်သွားမယ်။ ခိုးပြီး တွဲတာမရှိဘူး။ အင်တာဗျူးတွေမှာလည်း ဖြေမှာ မဟုတ်ဘူး” လို့ ပိုင်တံခွန်က ပြောပါတယ်။

“ကျနော် လိုက်တိုင်း ကျနော် ကျန်ခဲ့တာ များတယ်။ ကျနော်ကြိုက်တဲ့ ကောင်မလေးက ကိုယ်လုံး လှမှ မဟုတ်ဘူး၊ အလုပ်ကို နားလည်ပေးပြီး ညှိနှိုင်းလို့ရတဲ့ သူကို ကျနော် သဘောကျတယ်” လို့ ပိုင်တံခွန်က ဆိုပါတယ်။

အခုဆိုရင် ပိုင်တံခွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေပါ လက်ခံရိုက်ကူးနေပြီဖြစ်ပြီး သူပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီး တွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။ မော်ဒယ်အပြင် သရုပ်ဆောင်အလုပ်ပါ လုပ်ကိုင်လာတဲ့ ပိုင်တံခွန်က အဝတ်အစားဝတ်ရင် ပေါ့ပေါ့ပါးပါး ဝတ်ရတာကြိုက်ပြီး ဆံပင်ပုံစံ ပြောင်းလဲဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

မော်ဒယ် ပိုင်တံခွန်

“ဆံပင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာ မရှိပါဘူး။ နည်းနည်းအိုက်ရင် ဆံပင် စုချည်လိုက်တယ်။ ဆံပင်ရှည်ထားတာကလည်း ကျနော်စိတ်တိုင်းကျ လုပ်တာပါ။ ဆံပင်ပုံစံပြောင်းဖို့ ရှိပါတယ်။ ကျနော်ဖက်ရှင်ကို ကိုရီးယားဖက်ရှင်တွေ မဝတ်ဘူး။ ကျနော် ဝတ်တာ အမြဲ ပေါ့ပါးတယ်။ အောက်က ဂျင်းပန်၊ အပေါ်က တီရှပ်က ကျနော့် ဖက်ရှင်ပဲ”

“ကျနော် အရောင်ဆိုရင် အနက်၊ အညို၊ မီးခို ၊အဖြူရောင်တွေပဲ ဝတ်တာများတယ်။ အပြင်မှာ ဝတ်တာတွေပါ ဇာတ်ကားမှာဖြစ်ဖြစ် ပွဲတက်တာပဲဖြစ်ဖြစ် လိုက်ဖက်အောင်တော့ ဖက်ရှင် ရွေးဝတ်တယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။

မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်အပိုင်းမှာလည်း တဖြည်းဖြည်း ကြိုးစားလာတဲ့ ပိုင်တံခွန်က ဂီတဘက်ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တကိုယ်တော် Mini Album ဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ်များ

The post ပရိသတ် ကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ဖူးတဲ့ မော်ဒယ် ပိုင်တံခွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...