Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အခွန်ရှောင်မှုကြောင့် တရုတ်မင်းသမီး Fan Bingbing ယွမ်ငွေ သန်းနဲ့ချီပြီး ဒဏ်တပ်ခံရ

$
0
0

ပရိသတ်ရှေ့မှောက်ကနေ ပျောက်ကွယ်နေခဲ့တဲ့ မင်းသမီး Fan Bingbing ဟာ အခွန်ရှောင်မှုကြောင့် ဒဏ်ငွေကြီးကြီးမားမား ပေးဆောင်ရတော့မှာ ဖြစ်တဲ့အကြောင်း အောက်တိုဘာလ ၃ ရက်နေ့မှာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ် နိုင်ငံတော်အခွန်စီမံခန့်ခွဲရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် မင်းသမီး Fan ဟာ အခွန်နဲ့ ဒဏ်ငွေနှစ်ရပ်ပေါင်း ယွမ်ငွေသန်းရာနဲ့ချီပြီးပေးဆောင်ရမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

“X-Men: Days of Future Past” နဲ့ “Iron-Man 3” ရုပ်ရှင်တို့အပါအဝင် ကမ္ဘာကျော် ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ အနုပညာကြေးအများဆုံးမင်းသမီးဖြစ်တဲ့ Fan ဟာ အခုလိုမျိုး အခွန်ရှောင်ခဲ့တယ်လို့ အခြားနာမည်ကျော်တဦးရဲ့ စွပ်စွဲတာကို ခံရပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လကစလို့ လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။

Huayi Brothers ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ “Cell Phone 2” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မှုနဲ့ ဆက်စပ်ပြီး စာချုပ်နှစ်ခု မိတ္တူကို လူမှုကွန်ရက်ပေါ် တင်ခဲ့ရတာကနေ အဲဒီပြဿနာ စခဲ့တာပဲ ဖြစ်ပါတယ်။ ရရှိတဲ့ဝင်ငွေပေါ် ပေးဆောင်မယ့်အခွန်ငွေကို လျှော့ချနိုင်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွံခံခဲ့ရပေမယ့် မင်းသမီး Fanနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင်အေဂျင်စီ Xinhua ရဲ့ အဆိုအရ မင်းသမီး Fan ပေးဆောင်ရမယ့် ငွေပမာဏဟာ ဒေါ်လာ သန်း ၇၀ နဲ့ ညီမျှတဲ့ ယွမ်ငွေပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ်လို့သာ မင်းသမီးက အဲဒီငွေပမာဏကို အပြည့်ပေးချေမယ်ဆိုရင် သူ့အနေနဲ့ ပြစ်မှုဆိုင်ရာ တရားခွင်ကို ရှောင်လွှဲနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံတော် အခွန်စီမံခန့်ခွဲရေးနဲ့ ကျန်းဆူးပြည်နယ်မှာရှိတဲ့ အခွန်အာဏာပိုင်တွေ လုပ်ဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေ အရ မင်းသမီး Fan ဟာ မင်းသား Bruce Willis နဲ့အတူ ပူးတွဲ သရုပ်ဆောင်ထားတဲ့ စစ်ပွဲနောက်ခံ အက်ရှင်ရုပ်ရှင် “Unbreakable Spirit” မှာ ပါဝင်တဲ့ သူ့ဇာတ်ရုပ်အတွက် ဒေါ်လာ ၄ ဒဿမ ၄ သန်းလောက် ရရှိခဲ့တယ်လို့ သိရပါတယ်။

အခွန်အဖြစ် ပေးဆောင်ရမယ့် ဝင်ငွေအဖြစ် ဒေါ်လာ ၁ ဒဿမ ၄၆ သန်းကိုသာ ပြခဲ့တယ်လို့လည်း ဆိုပါတယ်။ အခြားစာချုပ်တွေနဲ့ ဖုံးကွယ်ခဲ့တဲ့ ကျန်ရှိတဲ့ ဒေါ်လာ ၂ ဒဿမ ၉ သန်းကတော့ ကိုယ်ပိုင် အခွန်ဆောင်ငွေ ဒေါ်လာ ၉ သိန်းနဲ့ စီးပွားရေးအခွန်ငွေ ၁ သိန်း ၆ သောင်းကျော်အဖြစ် ရှောင်ထားတယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် မင်းသမီး Fan နဲ့ သူ့ရဲ့ ကိုယ်စားပြုကုမ္ပဏီတို့ဟာ အခြားဒေါ်လာ ၃၆ သန်းကို အခွန် အဖြစ် ပေးဆောင်ဖို့ ရှောင်ထားကြောင့် ဖော်ထုတ်တွေ့ရှိထားပြီး အဲဒီထဲက ဒေါ်လာ ၁၉ ဒဿမ ၅ သန်းဟာ တရားမဝင် ဖြစ်တယ်လို့ ယူဆထားရပါတယ်။ မင်းသမီး Fan နဲ့ အဲဒီကုမ္ပဏီတွေ အနေနဲ့ ဒေါ်လာ ၃၇ သန်းအပြင် ဒဏ်ငွေအဖြစ် ဒေါ်လာ ၄ ဒဿမ ၈ သန်းကို ပေးဆောင်ဖို့ အခွန် အာဏာပိုင်တွေက အမိန့်ချထားပါတယ်။

ပြီးခဲ့တဲ့ ၃ လအတွင်းမှာတော့ မင်းသမီး Fan ဟာ နေအိမ်အကျယ်ချုပ်ကျနေပြီး နိုင်ငံရပ်ခြား သွားလာခွင့် အပိတ်ခံထားရတဲ့အပြင် ထောင်ကျနေပြီလို့ဆိုတဲ့ ကောလာဟလသတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ အခုလို ဒဏ်ငွေချမှတ်ခဲ့ပေမယ့် အာဏာပိုင်တွေက မင်းသမီး Fan ရဲ့ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်နဲ့ ထိန်းသိမ်းခံထားရမှု ရှိ၊ မရှိကို ပြောဆိုခဲ့တာ မရှိပါဘူး။

ဆက်စပ် သတင်းလင့်ခ်များ 

Ref: variety

The post အခွန်ရှောင်မှုကြောင့် တရုတ်မင်းသမီး Fan Bingbing ယွမ်ငွေ သန်းနဲ့ချီပြီး ဒဏ်တပ်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...