Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စားဖိုမှူးတယောက်ရဲ့ စေတနာကို တွေ့မြင်ရမယ့် ဘောလိဝုဒ်ရုပ်ရှင် “Ustad Hotel”

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာက ၂၀၁၂ က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Anwar Rasheed ရိုက်ကူးထားတဲ့ Comedy, Drama, Family အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ “Ustad Hotel” ပဲ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ Dulquer Salmaan , Thilakan နဲ့ Nithya Menon တို့အပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Feyzee ရဲ့ ဖခင် Abdul Razaq ဟာ အင်မတန်မှ သားယောင်္ကျာလေး လိုချင်သူ တဦးဖြစ်ပြီး သူ့မိန်းမ ပထမဆုံး ကိုယ်ဝန်ဆောင်ထားရချိန်မှာဆိုရင် လိုလေသေးမရှိ ဂရုစိုက်ခဲ့တာပါတယ်။ ဒါပေမယ့် ကလေးမွေးဖွားတဲ့နေ့ ရောက်တဲ့အခါ မိန်းကလေးဖြစ်ခဲ့လို့ Abdul Razaq တယောက် အကြီးအကျယ် စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။

ဒီလိုနဲ့ ကြိုးစားရင်း ကြိုးစားရင်း မိန်းကလေး ၄ ယောက်သာ ရလာတဲ့ Abdul ဟာ နောက်ထပ် သူ့မိန်းမ ကိုယ်ဝန်ဆောင်ထားချိန်မှာတော့ အလုပ်ကိစ္စနဲ့ ခရီးသွားရပါတော့တယ်။ အဲဒီနေ့မှာပဲ Feyzee ဟာ လူလောကထဲ ရောက်ရှိလာခဲ့ပြီး သူ့အဖေ Abdul လည်း အဝေးကနေပဲ အားမလို အားမရ ပီတိဖြစ်ရပါတော့တယ်။

Feyzee မွေးပြီး သိပ်မကြာခင်မှာပဲ သူ့အမေဟာ သူတို့မောင်နှမတွေနဲ့ Abdul ကို ထားရစ် သေဆုံး သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့အဖေဟာ သူ့သားသမီးတွေအတွက် စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့ ဒူဘိုင်းကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ပါတယ်။

အစ်မ ၄ ယောက်ဟာ Feyzee ကို ထိန်းကျောင်းပေးခဲ့ကြ ၊ ကျွေးမွေးပြုစုပေးခဲ့ကြရင်း အချိန်တွေ ကုန်လွန်လာခဲ့ပြီး Feyzee အရွယ်ရောက်လာချိန်မှာ သူ့အစ်မ ၄ ယောက်လုံး အိမ်ထောင်ရက်သား ကျပြီး Abdul လည်း သူ့သားအတွက် MBA တက်ဖို့ စီစဉ်ပါတော့တယ်။

အကြောင်းကတော့ သူ့သားဟာ မီးဖိုချောင်ထဲမှာပဲ သူ့အစ်မတွေနဲ့ အချိန်ကုန်ခဲ့ပြီး ယောကျ်ားတယောက် မပီသဘူးလို့ သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက် အချို့က ပြောဆိုတဲ့ ဒဏ်ကို မခံနိုင်လို့ ဖြစ်ပါတယ်။ Feyzee ကတော့ သူ့အကြံနဲ့သူ MBA အကြောင်းပြပြီး ဆွစ်ဇာလန်နိုင်ငံမှာ စားဖိုမှူးပညာကို သူ့အဖေ မသိအောင် သွားရောက် သင်ကြားပါတော့တယ်။

ရုပ်ရှင်တခုလုံးကို ရိုးရာချက်ပြုတ်နည်း အချို့နဲ့ ပုံဖော်ထားတာဖြစ်ပြီး ဖခင်နဲ့ သားကြားက လွဲမှား နေတတ်တဲ့ နားလည်မှုတွေကို ဒါရိုက်တာက ပညာသားပါပါ ရိုက်ကူးပြသထားပါတယ်။

IMDb rating (8.2) ရရှိထားပြီး အစားအစာ ချက်ပြုတ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို Feyzee မှ တဆင့် ကြည့်ရှုသူတွေလည်း သိရှိကြရမှာဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

The post စားဖိုမှူးတယောက်ရဲ့ စေတနာကို တွေ့မြင်ရမယ့် ဘောလိဝုဒ်ရုပ်ရှင် “Ustad Hotel” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...