Quantcast
Viewing all articles
Browse latest Browse all 7343

ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင် မင်းသွေး

သရုပ်ဆောင် မင်းသွေးဟာ အောက်တိုဘာ ၃ ရက်နေ့ညပိုင်းက ဘောလုံးကန်ရင်း ရုတ်တရက် ်အမောဖောက်ကာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ မင်းသွေးဟာ အသက် ၃၃ နှစ်ရှိပြီ ဖြစ်ပြီး အနုပညာလှုပ်ရှားမှုများစွာကို လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းသားတဦးလည်း ဖြစ်ပါတယ်။

မင်းသွေးရဲ့ နာမည်အရင်းက နေမင်းအောင်ဖြစ်ပြီး သရုပ်ဆောင်နေတိုးရဲ့ ညီအရင်း ဖြစ်ပါတယ်။ အနုပညာလောကထဲကို အစ်ကိုဖြစ်သူ နေတိုး အောင်မြင်ပြီးနောက်ပိုင်းမှာ ဝင်ရောက်လာခဲ့တာ ဖြစ်ပေမယ့် မင်းသွေးက သူ့လိုင်းသူဖောက်ကာ အောင်မြင်အောင် ကြိုးစားခဲ့တဲ့မင်းသားတဦးလို့ ဆိုရမှာပါ။ အဆိုတော် ဖော်ကာ၊ ညီမင်းခိုင်တို့နဲ့လည်း ဂီတလှုပ်ရှားမှုများကို အတူမကြာခဏ ပူးပေါင်းပြီး လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

မင်းသွေးက သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းကိုပါ ဝါသနာပါတဲ့အတွက် ထိုးစစ်ဆိုတဲ့ တကိုယ်တော် တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်းက ဖြန့်ချိခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်း အစ်ကိုဖြစ်သူနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ တွဲဖက် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

မင်းသွေးဟာ ရခိုင်တိုင်းရင်းသားတဦးဖြစ်ပြီး ရခိုင်မှာ နယ်စပ်လုံခြုံရေးအတွက် ခြံစည်းရိုး ခတ်တာနဲ့ ပတ်သက်လို့လည်း ဖျော်ဖြေပွဲတွေလုပ်ပြီး အလှူငွေကောက်ခံကာ မကြာခဏ လှူဒါန်းခဲ့တဲ့ အနုပညာရှင်ပါ။

Image may be NSFW.
Clik here to view.

ဘောလုံးအားကစားကို ဝါသနာပါတဲ့အတွက် မကြာခဏ အနုပညာ သူငယ်ချင်းတွေနဲ့ချိန်းပြီး ဘောလုံးကန်တတ်သူပါ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအတွက် ပြုလုပ်တဲ့ ရန်ပုံငွေပွဲများ၊ ပရဟိတပွဲများမှာလည်း ဘောလုံးပါဝင်ကစားပြီး ရန်ပုံငွေရှာပေးခဲ့သူတဦး ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ Hwuwei နဲ့ အတူ မြန်မာပြည်အနှံ့ခရီးသွားတဲ့ “ရင်ခုန်သံရှူမျှော်ခင်း” ဆိုတဲ့ ခရီးသွားမှတ်တမ်း အစီအစဉ်ကို ရိုက်ကူးထားပြီး မကြာခင်မှာတော့ မင်းသွေး သရုပ်ဆောင်ထားတဲ့ “သတ်ကွင်း” နဲ့ “မုန်းစွဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ပြသဖို့ ရှိနေပါတယ်။

အနုပညာလောကမှာ လူချစ်ခင်ပေါများတဲ့ သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားတဲ့အတွက် သူ့ကို ချစ်ခင်ကြတဲ့ အနုပညာလောကသားမျျားက ဆုတောင်းစကားများနဲ့ ဝမ်းနည်းစကားများ ဆိုခဲ့ကြပါတယ်။

The post ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင် မင်းသွေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...