အဆိုတော် လေဒီဂါဂါ (Lady Gaga) ရဲ့ ပရိသတ်တွေနဲ့ “Vernom” ရုပ်ရှင်တို့ရဲ့ ပရိသတ်တွေကြားမှာ ပြိုင်ပွဲတခု ုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အဆိုတော် လေဒီဂါဂါရဲ့ “A Star Is Born” ရုပ်ရှင်နဲ့ မင်းသား Tom Hardy တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “Vernom” ရုပ်ရှင်တို့ဟာ အောက်တိုဘာလ ၅ ရက်နေ့ကစလို့ ပြိုင်တူ ရုံတင်မှာ ဖြစ်ပြီး Little Monsters (လေဒီဂါဂါရဲ့ ပရိသတ်) နဲ့ Marvel ရဲ့ဗီလိန်ဇာတ်ကောင်ချစ် ပရိသတ်တွေကြား အွန်လိုင်းပေါ်မှာ စကားစစ်ထိုးပွဲတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
၁၉၃၇ ခုနှစ်တုန်းက ရိုက်ကူးခဲ့ဖူးတဲ့ ရုပ်ရှင်ကို အခုပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့အပြင် ရုပ်ရှင်ပွဲတော် တော်တော်များများမှာ ဝေဖန်သူတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရတဲ့ အဲဒီ “Vernom” ရုပ်ရှင်ဟာ Twitter မှာတော့ အဆိုးမြင်မှတ်ချက်တွေနဲ့ ဝိုင်းဝန်းအပြောအဆိုခံနေရပါတယ်။
ွှTwitter သုံးစွဲသူတဦးက “Vernom ရုပ်ရှင်အကြို သုံးသပ်ချက်ကို ကြည့်မနေစမ်းပါနဲ့။ ကျနော့်ဘဝမှာ အဆိုးဆုံး ၂ နာရီပါပဲ။ လာမယ့် သောကြာနေ့မှာ Bradley Cooper နဲ့ လေဒီဂါဂါရဲ့ ရုပ်ရှင်သစ် “A Star Is Born” ကို ကြည့်ရှုဖို့ ပြင်ဆင်ထားပါတယ်။ သူတို့ရဲ့ သီချင်း “Shallow က အရမ်းကောင်းပါတယ်” လို့ ရေးသားထားပါတယ်။
ဒါပေမယ့် အင်တာနက်သုံးစွဲသူတချို့ သတိပြုမိလိုက်တာက တချို့ပို့စ်တွေမှာ တူညီတဲ့ စကားလုံးတွေချည်း အသုံးပြုထားတယ်ဆိုတာကိုပါပဲ။ “Vernom” ရုပ်ရှင်ကို ရည်ရွယ်ပြီး မကောင်းမြင် သုံးသပ်ချက်တွေဟာ အတု အယောင်တွေဖြစ်တယ်ဆိုတဲ့ သံသယတွေ မြင့်တက်လာခဲ့ပါတယ်။
မကောင်းမြင်မှတ်ချက်တွေကို ဝေမျှနေသူ တဦးကတော့ “Vernom” ရုပ်ရှင်ပွဲဦးထွက်ပြသမှုကို ပျက်စီးစေဖို့ ID အကောင့်တုတွေကို ဂါဂါရဲ့ ပရိသတ်တွေက ဖန်တီးခဲ့ကြတယ်လို့ ဆိုပါတယ်။
တရက်တည်းမှာ ရုံတင်ပြသမှာဖြစ်တဲ့အတွက် “A Star Is Born” ရုပ်ရှင်အတွက် ပရိသတ် ပိုရစေချင်လို့ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုတာတွေ ရှိနေပါတယ်။
အခုလိုမျိုး ရှုတ်ချသပိတ်မှောက်တဲ့ ကမ်ပိန်းအတွက် Marvel နဲ့ Columbia Pictures ရုပ်ရှင် ထုတ်လုပ်ရေးဘက်ကတော့ တစုံတရာ မှတ်ချက်ပေးတာ မရှိသေးပါဘူး။ Vernom ရုပ်ရှင် ပရိသတ်တွေက အလားတူ တန်ပြန်တိုက်ခိုက်မှုမျိုး လုပ်ဆောင်လာကြပါတယ်။ ဒါပေမယ့် ဂါဂါရဲ့ ပရိသတ်တွေကတော့ အခုလိုမျိုး သုံးသပ်ချက်အတုအယောင်တွေ နောက်ကွယ်မှာ သူတို့ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အသက် ၃၂ နှစ်အရွယ် အဆိုတော် လေဒီဂါဂါကိုချစ်မြတ်နိုးတဲ့ Twitter ပရိသတ်တဦးကတော့ DC ပရိသတ်တွေကို အပြစ်တင်ထားပါတယ်။ သူက “အဲဒါတွေဟာ DC ပရိသတ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ လေဒီဂါဂါရဲ့ ပရိသတ်တွေဆိုပြီး တံဆိပ်ကပ်ဖို့ ကြိုးစားနေကြတယ်။ သူတို့တွေက စခဲ့တဲ့သူတွေပါပဲ။ ဒီတိုက်ခိုက်နေတဲ့ အကောင့်တွေကို ဖန်တီးနေတဲ့ DC ပရိသတ်အကောင့်တခုကို ကျနော် သိပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Ref:aceshowbiz
The post ရုပ်ရှင်သုံးသပ်ချက် အတုတွေနဲ့ ပတ်သက်ပြီး “Vernom” နဲ့ လေဒီဂါဂါ ပရိသတ်များ အချင်းများ appeared first on ဧရာဝတီ.