Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Captain America သရုပ်ဆောင်အဖြစ်မှ မင်းသား Chris Evans တရားဝင်နုတ်ထွက်

$
0
0

ဟောလိဝုဒ်မင်းသား Chris Evans ဟာ စူပါဟီးရိုး Captain America အဖြစ် သရုပ်ဆောင်မှုကနေ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

မင်းသား Chris ဟာ ၂၀၁၁ ခုနှစ်ရဲ့ “Captain America: The First Avenger” ရုပ်ရှင်မှာ အမေရိကန် စူပါဟီးရိုး Steve Rogers အဖြစ် ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပြီး မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင် အပါအဝင် အခြား Marvel ရုပ်ရှင် တော်တော်များများမှာလည်း Captain America အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာတော့ မင်းသား Chris ဟာ “Infinity War” ရဲ့နောက်ဆက်ဆက်တွဲ ဇာတ်လမ်းလည်း ဖြစ်ပြီး စတုတ္ထမြောက် Avengers ရုပ်ရှင်ပြီးရင်တော့ ပရိသတ်တွေ ချစ်မြတ်နိုးကြတဲ့ ကာတွန်းဇာတ်ကောင် အဖြစ် သရုပ်ဆောင်မှုကနေ လက်လွတ်တော့မှာ ဖြစ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့မှာတော့ Captain America အဖြစ်ကနေ တရားဝင် နုတ်ထွက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

မင်းသားက “Avengers 4 တရားဝင်ရိုက်ကူးပြီးစီးပါပြီ။ အနည်းဆုံးတော့ ဒီလိုပြောရမှာ စိတ်ခံစားရမယ့် နေ့တနေ့ ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ရုပ်မှာ ပြီးခဲ့တဲ့ ၈ နှစ်လုံးလုံး သရုပ်ဆောင်ခဲ့ရတာ ဂုဏ်ယူဖွယ်ရာတခုပါ။ ကင်မရာအရှေ့နဲ့ အနောက်မှာရှိတဲ့ လူတိုင်း၊ ပရိသတ်တိုင်းကို ပြောချင်တာက ဒီအမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်။ တကယ့်ကိုပဲ ကျေးဇူးတင်ပါတယ်”လို့ Twitter မှာ တင်ခဲ့ပါတယ်။

မင်းသား Chris ဟာ သူ့ရဲ့အချိန်တွေကို Captain America အဖြစ်သရုပ်ဆောင်ရင်းနဲ့ ကုန်ဆုံးချင်တဲ့အကြောင်း ပြောဆိုခဲ့ဖူးပြီး အခုတော့ တနှစ်ကို ဇာတ်လမ်းတခု ရိုက်ကူးဖို့အတွက် သရုပ်ဆောင်အချိန်ဇယားကို စီစဉ်ဖို့သာ အာရုံစိုက်နေပြီလည်း ဖြစ်ပါတယ်။

မင်းသားက “ကျနော်အပျော်ရွှင်ရဆုံး အချိန်တွေအကြောင်း စဉ်းစားလိုက်တဲ့ အခါ အဲဒါဟာ ရုပ်ရှင် တကားရဲ့ ရိုက်ကွင်း ပေါ်မှာမဟုတ်ပါဘူး။ ကျနော့်ရဲ့ ခရီးလမ်း၊ လုပ်ငန်း အကြောင်းနဲ့ ဟန်ဆောင်တဲ့ စကားလုံးတိုင်းအကြောင်း မစဉ်းစားဘဲ မနေနိုင်ပါဘူး။ ကျနော် ဆာလောင် မွတ်သိပ်စွာ ဖန်တီးချင်တဲ့ အကြောင်းတွေနောက်ပဲ လိုက်မှာဖြစ်ပြီး အဲဒီနေရာမှာ ဒုက္ခရောက်လည်း ကျနော်မကြောက်ပါဘူး”

“တယောက်ယောက်က ကျနော့်ကို မင်း အလုပ်ပြီးပြီ။ ဟောလိဝုဒ်မှာ မင်းလုပ်နိုင်တာ မရှိတော့ဘူးလို့ ပြောလာရင်တောင် ကျနော် အဆင်ပြေပါတယ်” လို့ နယူးယောက်တိုင်းမ် သတင်းစာကို ပြောကြားခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – “Avengers 4” ရုပ်ရှင်မှာ Captain America အဖြစ် နောက်ဆုံး မြင်တွေ့ရမယ့် မင်းသား Chris Evans

Captain America လို ခန္ဓာကိုယ်ပုံစံရအောင် မင်းသား Chris Evans ဘာတွေစားခဲ့လဲ

Ref: aceshowbiz

The post Captain America သရုပ်ဆောင်အဖြစ်မှ မင်းသား Chris Evans တရားဝင်နုတ်ထွက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...