Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဂီတအကျိုးဆောင်လုပ်ငန်း”လုပ်ကိုင်ဦးမယ့် အဆိုတော် သားစိုး

$
0
0

စီးပွားရေးလုပ်ငန်းများစွာကို အခြေချ လုပ်ကိုင်နေတဲ့ အဆိုတော် သားစိုးကတော့ အခု လက်ရှိမှာတော့ “ရောသမစင်တာ” လို့ အမည်ရတဲ့ အစားအသောက်များ၊ အဝတ်အထည်များ၊ ပိုးထည်များကို ရောင်းချပေးမယ့်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီး မကြာခင်မှာလည်း “တစ်၊ နှစ်၊ သုံး ဂီတအကျိုးဆောင်လုပ်ငန်း” ဆိုပြီး ထပ်မံဖွင့်လှစ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“နောက်ထပ် စီးပွားရေးတခုကိုလည်း ထပ်ချဲ့ဦးမှာပါ။ ဂီတသမားတွေအတွက် ဂီတအကျိုးဆောင် လုပ်ငန်းကို တစ်၊ နှစ်၊ သုံး ဂီတအကျိုးဆောင်လုပ်ငန်းဆိုပြီး ထပ်ဖွင့်ဖို့ ရှိပါတယ်။ ခိုးကူးဖမ်းတာ မဟုတ်ဘူး။ ခိုးကူးအပြင် ခိုးလွှင့်၊ ခိုးရိုက်၊ ခိုးသုံးတဲ့သူတွေ အကုန်လုံးကို ဖမ်းပေးမှာ ဖြစ်ပါတယ်” လို့ အဆိုတော် သားစိုးက ပြောပါတယ်။

“အရင်ဂီတ အစည်းအရုံးမှာ ပွဲကြမ်းခဲ့လိုက်တာ တော်တော် ငြိမ်ကျသွားပါတယ်။ ၂၀၁၄ ၊ ၂၀၁၅ ခုနှစ် လောက်ကပေါ့။ ထပ်ပြီး ကြမ်းမှာဖြစ်ပါတယ်။ ဒီတခေါက်ကတော့ ဒီမိုကရေစီခေတ် ဖြစ်တဲ့ အပြင် လူတွေကလည်း Facebook သုံးနေတဲ့အခါကျတော့ သူခိုးတွေ သတိထားကြပါတော့” လို့ သားစိုးက ပြောပါတယ်။

ယခင် ခိုးကူးခွေများနဲ့ ပတ်သက်ပြီး ဂီတအစည်းအရုံးမှာ ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံပေါ် မူတည်ပြီး လုပ်ကိုင်သွားမှာ ဖြစ်ပြီး ဒီနှစ်မကုန်ခင် စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

“Hot line ဖွင့်မှာ ဖြစ်ပါတယ်။ ဂီတအစည်းအရုံးမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံ မူတည်ပြီး လုပ်ကိုင်သွားမှာပါ။ မကြာခင် စမှာပါ။ နှစ်မကုန်ခင် လုပ်မှာဖြစ်ပါတယ်။ အခုလောလောဆယ် နိုင်ငံကျော် အဆိုတော်တွေ အပ်ထားတဲ့ အမှုတွဲတွေ ၄ ခုလောက် ရှိပါပြီ။ ပြောလို့တော့ မရသေးပါဘူး”လို့ သားစိုးက ပြောပါတယ်။

သားစိုးရဲ့ “ရောသမစင်တာ”ကို အောက်တိုဘာလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဆိုပါ “ရောသမစင်တာ” မှာတော့ “Asia Global Travel & Tour” ၊ “ABS ကလေးပစ္စည်းဆိုင်” ၊ “ရွှေပိုးနန်းတော် ပိုးထည်ချည်ထည်”၊ “ရောသမနှပ်” လက်ဖက်နဲ့ အကြော်စုံ ၊ “တစ်၊ နှစ်၊ သုံး မီဒီယာ” စတဲ့ လုပ်ငန်းများကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“ပထမအစမှာတော့ စီးပွားရေးက ရှုံးမှာပဲ။ အခုကတော့ အရှုံးခံပြီး ဖွင့်တာပေါ့။ နောက်ပိုင်းတော့ မြတ်မယ်လို့ ယူဆပါတယ်။ စေတနာအရင်းခံပြီးတော့ အကောင်းဆုံး စီစဉ်ပေးတာပေါ့။ အနုပညာသမားတွေ လုပ်တဲ့ စားသောက်ကုန်တွေက ဈေးသက်သာကြပါတယ်။ လက်ဖက်ဆိုရင် တနိုင်ငံလုံးကို ဖြန့်ရတဲ့အပြင် တကမ္ဘာလုံးကိုလည်း ဖြန့်ရတယ်။ သြစတြေးလျ၊ ဒူဘိုင်း၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား တော်တော် ရောက်ပါတယ်”လို့ သားစိုးက ပြောပါတယ်။

အဆိုပါ “ရောသမစင်တာ”ကို သားစိုးက မိသားစုစီးပွားရေးတခုအနေနဲ့ လုပ်ကိုင်တာဖြစ်ပြီး သက်သာတဲ့ ဈေးနှုန်းများနဲ့ ရောင်းချပေးနေတာလို့ ပြောပါတယ်။ အနုပညာ လှုပ်ရှားမှုအနေနဲ့ သားစိုးက သူ့ရဲ့မွေးနေ့မှာ “ချိုချို” လို့ နာမည်ပေးထားတဲ့ ဇာတ်ဝင်တေးသီချင်းများနဲ့ ဟစ်ဟော့ သီချင်းများ ပါဝင်တဲ့ အခွေ ထွက်ရှိဖို့ရှိတယ်လို့ ပြောပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

သားစိုးကိုယ်တိုင် နှပ်ထားတဲ့ “ရောသမနှပ် လက်ဖက်” စတင် ရောင်းချ

“ရောသမနှပ်” ဆိုတဲ့ လက်ဖက်ရောင်းဦးမယ့် အဆိုတော် သားစိုး

The post “ဂီတအကျိုးဆောင်လုပ်ငန်း” လုပ်ကိုင်ဦးမယ့် အဆိုတော် သားစိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...