Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“စိတ်ပျိုလို့ ကိုယ်နုတာပါ”လို့ အလှအပနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ခွန်းဆင့်နေခြည်

$
0
0

သရုပ်ဆောင် ခွန်းဆင့်နေခြည်ဟာ ယခုချိန်ထိ ခန္ဓာကိုယ်ပုံစံ မပြောင်းလဲဘဲ အရင်အတိုင်း လှနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ဒေါသဖြစ်မှုတွေကြုံကြုံ၊ ဘယ်လိုအခက်အခဲတွေ ကြုံကြုံ စိတ်ကိုထားတတ်အောင် နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျမက စိတ်ကိုထားတတ်အောင် ထားတယ်။ လူတိုင်း စိတ်ခံစားချက်တွေ ရှိမယ်။ ဘယ်လိုပဲ ဒေါသဖြစ်မှုတွေကြုံကြုံ၊ ဘယ်လိုအခက်အခဲတွေကြုံကြုံ ကျမစိတ်ကို ထားတတ်အောင် ထားတယ်။ ကျမ တရားထိုင်တယ်။ လူတွေကို နားလည်ပေးတယ်။ အကောင်းမြင်တဲ့ဘက်က ကြည့်တယ်။ ကိုယ့်ကို မကောင်းကြံတဲ့သူ၊ ချစ်တဲ့သူ၊ မုန်းတဲ့သူ အမျိုးမျိုး ရှိတယ်လေ။ စိတ်ကို ထားတတ်အောင် ထားပြီး နေတဲ့အတွက် သောကတို့၊ စိတ်ဆင်းရဲမှုတို့ သိပ်မရှိဘူး”

“စိတ်ပျိုတော့ ကိုယ်နုတယ်လေ။ ကိုယ့်အသက်အရွယ်နဲ့ ရှိသင့်ရှိထိုက်သလောက်တော့ ရှိတယ်။ တချို့ရှိတယ်။ အသက်ငယ်ပေမယ့် ရင့်နေတာလေးတွေ ရှိတယ်။သူ့တို့ကို အကြံပေးချင်တာက စိတ်ကို ထားတတ်အောင် ထားပါ။ စိတ်ပျော်အောင် ထားပါ။ တရားထိုင်ဖို့ လိုတယ်။ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုတယ်”လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး အမြဲလှပနေအောင်၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လို ထိန်းသိမ်းလဲဆိုတာကိုလည်း ခွန်းဆင့်နေခြည်က အခုလိုပဲ ပြောပြပါတယ်။

“ကျမ ခန္ဓာကိုယ်ကို အစားနဲ့ပဲ ထိန်းတယ်။ အရင်ကလည်း လေ့ကျင့်ခန်းတွေ အရမ်းလုပ်ခဲ့တယ်။ ကာယအလှမယ်မှာလည်း ကျမ ဆုတွေအများကြီး ရခဲ့တယ်။ နောက်ပိုင်း အလုပ်ရှုပ်ပြီး မလုပ်ဖြစ်တော့ဘူး။ နောက်ပိုင်း အသား သိပ်မစားဘူး။ အဆီအဆိမ့်တွေ သိပ်မစားဘူး။ အသီးအရွက်တွေ စားတယ်။ လေ့ကျင့်ခန်း နည်းနည်းပါးပါး လုပ်တယ်”လို့ သူက ဆိုပါတယ်။

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက သီချင်းအပိုင်းမှာလည်း ဝါသနာပါပြီး “စာလာလာမဖတ်နဲ့” ဆိုတဲ့ တကိုယ်တော် တေးစီးရီးခွေလည်း ထွက်ရှိထားပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ခွန်းဆင့်နေခြည်ဟာ ခန္ဓာကိုယ် ကိုယ်လုံးကိုယ်ပေါက် လှတဲ့ အတွက်လည်း နာမည်ကြီးသူပါ။ ခွန်းဆင့်နေခြည် ရိုက်ကူးထားတဲ့ “မိုင်တိုင်၂၆” ရုပ်ရှင်ဇာတ်ကားနဲ့ “မိုင်တိုင် ၇၆” ဇာတ်ကားများဟာလည်း ပရိသတ်တွေကြားမှာ အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတွေပါ။

မကြာခင်မှာလည်း ခွန်းဆင့်နေခြည်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး “ကျောက်ဆူး” ရုပ်ရှင် ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ “မှော်ဝင်သမန်းကျား” ဆိုတဲ့ ရုပ်ရှင်ကားကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ
“မှော်ဝင်သမန်းကျား” ရုပ်ရှင်ကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားတွေနဲ့ ကြိုးစားထားပါတယ်

ဆရာဖြစ်သူ ကျော်ဟိန်းပြောတဲ့ အမှတ်တရ စကားတွေကို ပြောပြတဲ့ ခွန်းဆင့်နေခြည်

“အချစ် ရှိပေမယ့် ချပြဖို့ အစီအစဉ် မရှိဘူး”လို့ ပြောတဲ့ ခွန်းဆင့်နေခြည်

 “သမန်းကျား” ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးထားတဲ့ ခွန်းဆင့်နေခြည်

The post “စိတ်ပျိုလို့ ကိုယ်နုတာပါ”လို့ အလှအပနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ခွန်းဆင့်နေခြည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...