Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Mr.Bean အနေနဲ့ ပြန်လည်မြင်တွေ့ရဖို့ မရှိသေးကြောင်း Rowan Atkinson ပြောကြား

$
0
0

ဟာသချစ်သူ ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာ သတင်းတခုဖြစ်မှာပါ။ ကမ္ဘာကျော် Mr.Bean ဇာတ်ကောင်ဟာ အေးအေးချမ်းချမ်း ဆက်လက်အနားယူဦးမယ့်ပုံမှာရှိနေပါတယ်။

ဂန္တဝင် ရုပ်သံဇာတ်ကောင် Mr.Bean အဖြစ် သရုပ်ဆောင်ခဲ့သူ ဗြိတိသျှမင်းသား Rowan Atkinson က ပရိသတ်တွေရဲ့ အကြိုက် နှစ်သက်ဆုံးအရာအနေနဲ့ သူ့ရဲ့အချိန်တွေကို ရပ်နားထားရပြီးဖြစ်တဲ့အကြောင်း အောက်တိုဘာလ ၅ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ The Graham Norton Show မှာ ပြောကြားခဲ့ပါတယ်။

Mr.Bean ဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ ရုပ်သံမှာထုတ်လွှင့်ခဲ့တဲ့ မီနီရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ကမ္ဘာ့ အနုပညာ သမိုင်းမှာ မှတ်တိုင်သစ်တခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ၁၂ နှစ်ကြာ ကာတွန်းဇာတ်ကောင် ဖက်ကို ပြောင်းလဲသွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အဲဒီ့ Mr.Bean ကာတွန်အစီအစဉ်လည်း ပြီးဆုံးခဲ့ပါတယ်။

မင်းသား Rowan က အဲဒီရုပ်သံဇာတ်လမ်းကို လက်လွတ်ထားဖို့အချိန်ဖြစ်တဲ့အကြောင်း အစီအစဉ်တင်ဆက်သူ Graham ကို ပြောကြားထားပါတယ်။ သူက “သူ (Mr.Bean) ပြန်လည်ဦးမယ်ဆိုတာ ကျနော်ကတော့ မကျိန်းသေပါဘူး။ ဒါပေမယ့် ခင်ဗျားတို့လည်း သိမှာ မဟုတ်ပါဘူး။ ဘယ်တော့မှမဖြစ်လာဘူးလို့လည်း ပြောလို့မရပါဘူး။ ဒါပေမယ့် လုပ်ချင်တာအများစုကို လုပ်ပြီးပြီဆိုတဲ့ ခံစားရတဲ့နေရာအထိတော့ ရောက်သွားပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

မင်းသား Rowan က ကမ္ဘာတဝန်းမှာရှိတဲ့ လူတိုင်းက ကြိုက်နှစ်သက်နိုင်တဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် သူ့ကို ကမ္ဘာတဝန်း လုံးက လက်ခံကြတာဖြစ်တာကိုလည်း သိရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အနုပညာ လမ်းကြောင်းတလျှောက်မှာ Blackadder ဆိုတဲ့ ဟာသဇာတ်မြူး ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင် ခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ပါသေးတယ်။

Baldrick အဖြစ် အဲဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tony Robinson က အဲဒီဟာသဇာတ်မြူး ဇာတ်လမ်းတွဲရဲ့ ပဉ္စမမြောက်အဆက် ကို မြင်တွေ့ခဲ့ ရပြီးဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။

Tony က “ကျနော်တို့အဖွဲ့ဟောင်းကို ပြန်စုကြရတော့မှာ ဖြစ်ပါတယ်။ ဒီထူးခြားတဲ့အရာတွေလုပ်ဖို့ လူတိုင်း အလုပ်များ နေကြတယ်ဆိုတာကိုလည်း သိရပါတယ်။ ဒါပေမယ့် ကျနော်တို့ အမှတ်တရတွေကို သဘောကျနှစ်ခြိုက်တဲ့အတွက် အဲဒီအလုပ်ဖြစ်မယ်ဆို တာ ကျနော်သေချာသိပါတယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့တဲ့ Mr.Bean ဇာတ်လမ်းဟာ ၁၉၉၀ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ပုံမှန်အပိုင်း ၁၄ ခုနဲ့ အကောင်းဆုံးအပိုင်းတခုအပါအဝင် အပိုင်း ၁၅ ခုရှိပါတယ်။

ပုံမှန်စီးရီးအပြင့် ၁၉၉၇ ခုနှစ်မှာ “Bean: The Ultimate Disaster Movie” ရုပ်ရှင်နဲ့ ၁၀ နှစ်ကြာပြီးတဲ့နောက် “Mr. Bean’s Holiday” ရုပ်ရှင်ဆိုပြီး ထုတ်လုပ်ခဲ့ပါသေးတယ်။ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာလည်း ပါဝင်တင်ဆက်ခဲ့ပါသေးတယ်။

Ref:Metro

The post Mr.Bean အနေနဲ့ ပြန်လည်မြင်တွေ့ရဖို့ မရှိသေးကြောင်း Rowan Atkinson ပြောကြား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...