Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသမီးဖြစ်ရင်ပြီးရောဆိုပြီး ဇာတ်ကားတွေ မရိုက်ချင်တဲ့ ယွန်းယွန်း

$
0
0

ကလေးသရုပ်ဆောင်တယောက်အနေနဲ့ အကယ်ဒမီရရှိခဲ့ပြီး အခုချိန်မှာတော့ ဆယ်ကျော်သက်မင်းသမီးလေး တယောက်အနေနဲ့ သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေရှိနေခဲ့ပေမယ့် မင်းသမီးဖြစ်ရင်ပြီးရောဆိုပြီး မရိုက်ချင်ဘူးလို့ အကယ်ဒမီ ယွန်းယွန်းကပြောပါတယ်။

“ညီမ ကားကြီးတွေ မရိုက်ဘူးဆိုတာက ညီမရဲ့ကာရိုက်တာကို စဉ်းစားတာလည်း အများကြီးပါပါတယ်။ မင်းသမီး ဖြစ်ရင်ပြီးရော ရိုက်လိုက်ရင်တော့ရတာပေါ့။ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကတည်းကရတယ်။ ပြန်ကြည့်လိုက်ရင် ပရိသတ်တွေကိုလည်း စိတ်မညစ်စေချင်ဘူး။ အဲဒါကြောင့် အချိန်ယူပြီးစဉ်းစားတယ်။ ပြီးတော့ ညီမရဲ့ Image လည်း ရှိသေးတာဆိုတော့ ကားရိုက်ပြန်ရိုက်တဲ့အခါကျရင် ထူးခြားတာလေးနဲ့ ပြန်လုပ်ဖြစ်မယ်” လို့ ယွန်းယွန်းက ပြောပါတယ်။

ယွန်းယွန်းကိုတော့ ဆယ်တန်းပြီးသွားတဲ့အချိန်မှာ ပရိသတ်များက ကားရိုက်များကို ပြန်စမယ်လို့ ထင်နေကြပေမယ့် ယွန်းယွန်းအနေနဲ့ကတော့ ဇာတ်လမ်းရွေးနေတာနဲ့ သူမရဲ့ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းနဲ့ ညှိနှိုင်းမှုတွေပြုလုပ် နေတာကြောင့် ရုပ်ရှင်ကားကြီးတွေ မရိုက်ဖြစ်တာပါလို့ ဆိုပါတယ်။

“ညီမ ၁၀တန်းပြီးတာနဲ့ ကားရိုက်တွေပြန်စမယ်လို့ တချို့တွေကထင်ကြတယ်။ ဒါပေမယ့် ဇာတ်လမ်းတွေ ရွေးနေတာ ရော ပြီးတော့ ညီမဆရာဦးဝိုင်းနဲ့ ပြန်စရိုက်ဖို့ ညှိနှိုင်းနေတာကြောင့်ရော ကားကြီးတွေ မရိုက်ဖြစ်သေးတာပါ။ ကြော်ငြာ တွေကတော့ အဆင်မပြတ်ရိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းတဖက်နဲ့ဆိုတော့ အချိန်တော့ သိပ်မရသေးပါဘူး။ တဖြည်းဖြည်းနဲ့ အရှိန်ယူနေပါတယ်။ နောက်နှစ်ထဲမှာတော့ ကားကြီးတွေ ပြန်ရိုက်ဖို့လုပ်နေပါတယ်” လို့ ယွန်းယွန်း ကပြောပါတယ်။

အရင်ကထက် အခုအနုပညာလောကမှာတော့ ယွန်းယွန်းတို့လိုအရွယ် အနုပညာရှင်လေးများ အများကြီး ပေါ်ထွက်လာခဲ့ပြီး သူမကိုလည်း စကောစကအရွယ်လို့ ပရိသတ်တွေက မထင်ကြတော့ဘူးလို့ ပြောပါတယ်။

“အရင်တုန်းက ညီမတို့အရွယ် အနုပညာရှင်ကရှားတယ်။ မင်းသမီးရယ် ကလေးသရုပ်ဆောင်ရယ်ပဲရှိတာလေ။ အခုကျတော့ဆယ်ကျော်သက်တွေက အသစ်တွေလည်းအများကြီးပေါ်လာပြီဆိုတော့ ဒီခေတ်ကြီးထဲမှာ အထူးအဆန်းဖြစ်မနေတော့ဘူးလို့ထင်တယ်။ ညီမတို့အရွယ်ဆိုရင် မင်းသားမင်းသမီးတွေရဲ့ သားသမီးတွေရော အပြင်က မော်ဒယ်တွေရော အများကြီးဖြစ်လာပြီဆိုတော့ စကောစက ဆိုလို့တော့မထင်ပါဘူး” လို့ယွန်းယွန်း ကပြောပါတယ်။

ယွန်းယွန်းက အနုပညာနဲ့ပတ်သက်ပြီး သီချင်းဆိုတာကိုလည်း ဝါသနာပါပြီးတော့ ပရော်ဖက်ရှင်နယ်အနေနဲ့တော့ လုပ်ဖြစ်မှာမဟုတ်ဘဲ အခုလက်ရှိမှာတော့ စန္ဒရားတီးသင်နေတယ်လို့ သိရပါတယ်။

“သီချင်းဆိုတာတော့ ဝါသနာပါတယ်။ သဘောလည်းကျတယ်။ အဲဒါကြီးကိုတော့ ညီမပရော်ဖက်ရှင်နယ်တခုအနေနဲ့ လုပ်ဖြစ်မှာတော့ မဟုတ်ဘူး။ တခြား တူရိယာတွေလည်းသင်နေတယ်။ တခြားတတ်ဖို့လိုတာတွေလည်း ကျောင်းတက်နေရင်းတဖက်နဲ့ သင်နေတယ်။ ရိုက်ကူးရေးအတွက် လိုအပ်တာလေးတွေပေါ့”

“ လောလောဆယ် Piano သင်နေတယ်။ note တွေမှတ်တာအသားကျလာရင် ဂီတာလည်းသင်မယ်။ ၂၀၁၈မှာ တော်တော်များများ သင်ဖြစ်တယ်။ ရေကူးလည်းသင်ဖြစ်တယ်။ ကားမောင်းလည်း သင်ဖြစ်တယ်” လို့ ယွန်းယွန်းကပြောပါတယ်။

ယွန်းယွန်းကတော့ အခုလက်ရှိမှာ စိတ်ပညာအဓိကနဲ့ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူတယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း အားလပ်တဲ့အချိန်များမှာ လုပ်ကိုင်လျက်ရှိပါတယ်။

The post မင်းသမီးဖြစ်ရင်ပြီးရောဆိုပြီး ဇာတ်ကားတွေ မရိုက်ချင်တဲ့ ယွန်းယွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...