Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသမီးဖြစ်ချင်တာထက် သရုပ်ဆောင်ဖြစ်ချင်တဲ့ “ည” မင်းသမီးလေး မြတ်နိုးအေး

$
0
0

“ည” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အနုပညာလမ်းကြောင်းပေါ် စတင်ရောက်ရှိလာခဲ့တဲ့ မြတ်နိုးအေးက “ည” ရုပ်ရှင် ရိုက်ကူးပြီးနောက် အနုပညာပိုးဝင်သွားခဲ့ပြီး မင်းသမီးဖြစ်ချင်တာထက် သရုပ်ဆောင်တယောက်ဖြစ်ချင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သရုပ်ဆောင်အလုပ်ကို ဖက်ရှင်အပြည့်နဲ့ လုပ်ချင်တယ်။ မင်းသမီးဖြစ်ချင်တယ် ဆိုတာထက် သရုပ်ဆောင် ဖြစ်ချင်တယ်။ ရှုတင်တွေသွားရင်းနဲ့ ပိုးဝင်သွားပြီးတော့ သရုပ်ဆောင်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ထိ စိတ်ပါသွားတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာ သရုပ်ဆောင်တယောက်လို့ ခံယူထားတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

“ည” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ပါဝင်သရုပ်ဆောင်ရတဲ့ အခန်းက နည်းပေမယ့် သရုပ်ဆောင်ရတဲ့ ကာရိုက်တာက သနားစရာကောင်းတာကြောင့် ပရိသတ်တွေက နားလည်ပြီး ချစ်ပေးကြတာဖြစ်တယ်လို့ ပြောပါတယ်။

“ည ဇာတ်ကားကားထဲမှာ ညီမက ၃ ခန်းထဲ ပါတယ်။ ပြီးတော့ ဧည့်သည် သရုပ်ဆောင်ပေါ့နော်။ ဒါပေမယ့် အဲဒီအချိန်မှာ ကံကောင်းတာလည်း ပါတယ်။ နောက်ပြီးတော့ ကာရိုက်တာက ခံရတဲ့သူဆိုတော့ သနားကြတယ်။ စနိုက်ကြော်ခံရတဲ့ ဇာတ်လမ်းဆိုတာ အပြင်လောကနဲ့ ရင်းနှီးတယ်။ နားလည် သနားပြီးတော့ ချစ်ကြတယ်။ လုံးဝ မထင်ထားခဲ့ဘူး” လို့ မြတ်နိုးအေးက ပြောပါတယ်။

ည ရုပ်ရှင်ရိုက်ကူးပြီးနောက်ပိုင်းမှာတော့ Music Video များမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒုတိယမြောက်ရုပ်ရှင်ကားကြီး အဖြစ် ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “သူစိမ်းအိမ်”မှာ ဝါရင့်အနုပညာရှင်များနဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ညကားထဲမှာကကျတော့ အပြင် ကာရိုက်တာအတိုင်း အေးအေးဆေးဆေးလေးနဲ့ ချွဲတတ်တယ်။ သူစိမ်းအိမ်ထဲမှာက ပျော်ပျော်နေတတ်တယ်။ အရမ်း သွက်သွက်လက်လက်လေးပေါ့။ အရမ်းကြောက်တတ်တယ်။ သူငယ်ချင်းကို အရမ်းချစ်တယ်။ အဓိကက အပြင်ကာရိုက်တာနဲ့ မတူအောင် စပ်စလူးလေး ဖြစ်နေတာပေါ့နော်။ တော်တော် လုပ်ယူရတယ်။ အရမ်းစိန်ခေါ်မှု ဖြစ်တယ်။ အဲဒီအချိန်တွေက ညီမလုံးဝ မပျော်နေတဲ့အချိန်မှာ သွက်ပြီးပျော်နေရတာက စိန်ခေါ်မှု ဖြစ်ခဲ့တယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

“သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ်က မိသားစုကိစ္စများကြောင့် စိတ်မပျော်ရွှင်ဘဲ ဖြစ်နေခဲ့ပေမယ့် ကာရိုက်တာ အရ ပျော်ရွှင်နေတဲ့ ကောင်မလေးတယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ ခက်ခဲခဲ့တယ်လို့ သိရပါတယ်။

“အဲဒီအချိန် မတ်လလောက်က အရမ်းချစ်ရတဲ့ အဘွားဆုံးထားတယ်။ လူကနည်းနည်း Down နေတယ်။ ပြီးတော့ အတူနေတဲ့ ဦးလေးက US ကို အပြီးထွက်သွားတယ်။ မိသားစုဝင်တွေထဲက လျော့သွားတယ်ဆိုတဲ့ ခံစားချက်တွေ ၊ နောက်ပြီး အသည်းကွဲနေတာလည်း ပါမှာပေါ့။ အဲဒီအချိန်တွေက တော်တော်ဆိုးခဲ့တယ်”လို့ မြတ်နိုးအေးက ပြောပါတယ်။

“ည” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းမှု မရှိခဲ့ဘဲ အနုပညာအလုပ်များ မလုပ်ဖြစ်ခဲ့ပါက ကျောင်းဆက်တက်ဖြစ်နေမှာ ဖြစ်ပြီး အခုချိန်မှာ အနုပညာအလုပ်ကို လုပ်ခွင့်ရခဲ့တဲ့အတွက် အိမ်ကလည်း အနုပညာအလုပ် လုပ်တာကို ပံ့ပိုးပေးတယ်လို့ ပြောပါတယ်။

“အနုပညာအလုပ်သာ မလုပ်ဖြစ်ခဲ့ရင် ကျောင်းပဲဆက်တက်ဖြစ်နေမယ် ထင်တယ်။ အိမ်ကလည်း Support မလုပ်လောက်ဘူး။ အခုက အခွင့်အရေး ရသွားတဲ့အပေါ်မှာ Support လုပ်လိုက်တာပေါ့။ စဖို့အတွက်က ခက်တယ်လေနော်။ အခုလမ်းကြောင်းပေါ် ရောက်သွားတော့ နောက်ကနေ အိမ်က Support လုပ်ပေးတယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

The post မင်းသမီးဖြစ်ချင်တာထက် သရုပ်ဆောင်ဖြစ်ချင်တဲ့ “ည” မင်းသမီးလေး မြတ်နိုးအေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...