Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စိတ်ကျရောဂါ ခံစားခဲ့ရဖူးတယ်လို့ ဆိုလိုက်တဲ့ မင်းသမီး Deepika Padukone

$
0
0

နာမည်ကျေ ာ်ဘောလိဝုဒ်မင်းသမီး Deepika Padukone က ပြီးခဲ့တဲ့အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ စိတ်ကျရောဂါနဲ့ပတ်သက်တဲ့ ခွန်အားဖြည့် ဗီဒီယိုတခုကို ဝေမျှခဲ့ပြီး အကူအညီလို အပ်နေသူတွေကို ကူညီကြဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။

စိတ်ကျရောဂါခံစား နေရသူတွေကို ကူညီဖို့ Live Love Laugh ဖောင်ဒေးရှင်းကို ထူထောင်ထားတဲ့ အသက် ၃၂ နှစ်အရွယ် မင်းသမီး Padukone ဟာ အဲဒီဗီဒီယိုထဲမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ ကိုယ်ပိုင် ရင်ဆိုင်ဖြတ်သန်း \ရမှုအကြောင်း ပြောကြားခဲ့ပါတယ်။

မင်းသမီးက “၂၀၁၄ ခုနှစ်မှာ ကျမဟာ စိတ်ကျရောဂါခံစားခဲ့ရပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ စိတ်ကျရောဂါ ခံစားနေရတဲ့ ၉၀ ရာခိုင်နှုန်းသော လူတွေဟာ အကူအညီ မရှာကြပါဘူး။ စိတ်ကျရောဂါဆိုတာ ဝင်ရောက် ကူညီမှု လိုအပ်တဲ့ ဖျားနာမှုတမျိုးပဲ ဖြစ်ပါတယ်”

“တကယ်လို့များ သင်ဟာ စိတ်ကျန်းမာရေး ပုံစံတခုခုကို ခံစားတွေ့ကြုံနေရတယ်ဆိုရင် #NotAshamed (ရှက်စရာ မဟုတ်ဘူး) ဆိုတဲ့ စာသားလေးကို အသုံးပြုပြီး ရှင်တို့ရဲ့ အကြောင်းတွေကို မျှဝေဖို့ ကျမ တိုက်တွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီအခါမှာ ပရိသတ်တွေကတော့ မင်းသမီး Padukone ဘယ်လောက်တောင် ကြံ့ခိုင်ကြောင်း ပြောကြားတဲ့ မှတ်ချက်စကားတွေ ပြောဆိုကြတဲ့အပြင် သူတို့ရဲ့ အကြောင်းတွေကိုလည်း ဝေမျှပြောဆိုခဲ့ပါတယ်။

မင်းသမီးဟာ ၂၀၁၅ ခုနှစ်က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ စိတ်ကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ကြတဲ့ အကြောင်း Hindustan Times သတင်းစာကို ပြောကြားခဲ့ပြီးတဲ့နောက် မင်းသမီးရဲ့ အခုဗီဒီယို ထွက်ပေါ်လာ တာလည်း ဖြစ်ပါတယ်။

အဲဒီအင်တာဗျူးမှာ မင်းသမီးက “ကျမအဆင်ပြေတယ်လို့ ခံစားရတဲ့နေ့ရက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် တရက်အတွင်းမှာ ခံစားချက်တွေက ရိုလာကိုစတာစီးရသလို ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျမရဲ့ အခြေအနေကို လက်ခံလိုက်ရပါတယ်။

ညှိနင်းဆွေးနွေးမှုက အကူအညီဖြစ်ခဲ့ပေမယ့် လွှမ်းခြုံမှုက အတိုင်းအတာရှိခဲ့ပါတယ်။ အဲဒီနောက် ကျမ ဆေးသောက်ခဲ့ပြီး ဒီနေ့မှာတော့ ကျမ ပိုကောင်းလာပါပြီ။” လို့ ပြောဆိုခဲ့ပါသေးတယ်။

မင်းသမီးဟာ နောက်ဆုံး အနုပညာလှုပ်ရှားမှုအနေနဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့ “Padmaavat” ရုပ်ရှင်မှာပါဝင်ခဲ့ပြီး ဒါရိုက်တာ DJ Caruso ရိုက်ကူးမယ့် “xXx 4” ရုပ်ရှင်မှာလည်း ပါဝင်ဖို့ စီစဉ်ထားပါတယ်။

Ref: etcanada

The post စိတ်ကျရောဂါ ခံစားခဲ့ရဖူးတယ်လို့ ဆိုလိုက်တဲ့ မင်းသမီး Deepika Padukone appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343