Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်ကားအသစ် ပြန်လည်ရိုက်ကူးတော့မယ့် မင်းသား ဂေါင်ယိုး

$
0
0

ဆွဲဆောင်မှုအရှိဆုံး မင်းသားစာရင်းဝင် မင်းသားချော ဂေါင်ယိုး (Gong Yoo) ကတော့ ရုပ်ရှင်ဇာတ်ကား အသစ်နဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတော့ပါမယ်။ အချိန်အတော်ကြာ ပရိသတ်နဲ့ ဝေးကွာနေရာက ငွေရောင်ပိတ်ကား ပေါ် ပြန်မြင်တွေ့ရတော့မှာမို့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

“Seo Bok” လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားအသစ်မှာ မင်းသား ဂေါင်ယိုး ပါဝင်လာမယ့်အကြောင်းကို အဆိုပါ ရုပ်ရှင်ထုတ်လုပ်သူတွေက အောက်တိုဘာ ၁၁ ရက်နေ့က အတည်ပြုပေးလိုက်ပါတယ်။ မင်းသား ဂေါင်ယိုးနဲ့ တွဲဖက်ရိုက်ကူးမယ့် ဒါရိုက်တာကတော့ ၂၀၁၂ခုနှစ် မှာ နာမည်ကျော်အချစ်ဇာတ်လမ်း “Architecture 101” ကို ရိုက်ကူးခဲ့တဲ့ လီယောင်ဂျူး ပဲဖြစ်ပါတယ်။

အက်ရှင်၊ လျှို့ဝှက်သည်းဖို အမျိုးအစားဖြစ်မယ့် “Seo Bok” ရုပ်ရှင်ဟာ ကမ္ဘာ့ပထမဆုံး လူသားကိုယ်ပွား Seo Bok အကြောင်းပါ။ ထာဝရ အသက်ရှင်နေထိုင်နိုင်မယ့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် လူသားကိုယ်ပွား Seo Bok ကို လိုချင်လို့ လိုက်ရှာနေကြတဲ့ အဖွဲ့အစည်းတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

မင်းသား ဂေါင်ယိုးကတော့ ဒီလိုအန္တရာယ်များလွန်းတဲ့ အဖြစ်အပျက်ကို နောက်ယောင်ခံလိုက်ရင်း ရှာဖွေဖော် ထုတ်နေသူ လျှို့ဝှက်စုံစမ်းရေးမှုးဟောင်း ကီဟွန်း အဖြစ်ပါဝင် သရုပ်ဆောင်သွားမှာပါ။

၂၀၁၇ ဇန်နဝါရီအကုန်မှာ ဦးဦးမှင်စာအဖြစ် နာမည်ကြီးခဲ့တဲ့ Goblin ဇာတ်လမ်းတွဲပြီးထဲကဆိုရင် မင်းသား ဂုန်ယူး ကို ပရိသတ်တွေ မမြင်တွေ့ရတာ ၂ နှစ်နီးပါးရှိပါပြီ။ အခုရုပ်ရှင်ကားအသစ်မှာ ပါဝင်လာမှာမို့ သူ့ရဲ့အမာခံ ပရိသတ်တွေကတော့ စိတ်လှုပ်ရှားရင်ခုန်နေကြပါပြီ။

လောလောဆယ်မှာတော့ “Seo Bok” ရုပ်ရှင်မှာပါဝင်မယ့် သရုပ်ဆောင်တွေကို နောက်ဆုံး ဆန်ခါတင် ရွေးချယ်နေဆဲဖြစ်ပြီး ရွေးချယ်မှုပြီးဆုံးသွားရင်တော့ ၂၀၁၉ နှစ်စမှာ စတင်ရိုက်ကူးသွားမယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။

Ref: Soompi

The post ရုပ်ရှင်ကားအသစ် ပြန်လည်ရိုက်ကူးတော့မယ့် မင်းသား ဂေါင်ယိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...