Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အာလာဒင်ရုပ်ရှင်မှာ မီးခွက်စောင့်အဖြစ် မြင်တွေ့ရမယ့် မင်းသား Will Smith

$
0
0

မင်းသား Will Smith ဟာ မကြာမီရုံတင်တော့မယ့် “Aladdin” ရုပ်ရှင်ရဲ့ တရားဝင် ပိုစတာကို မျှဝေခဲ့ပါတယ်။ သူဟာ Disney ရဲ့ နာမည်ကျော် ကာတွန်းဇာတ်ကောင် “Aladdin” ရုပ်ရှင်ရဲ့ ပိုစတာကို အောက်တိုဘာလ ၁၀ ရက်နေ့က သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ပိုစတာမှာတော့ မင်းသားက “ထွက်လာချိန်တန်ပြီ။ အပြာရောင်နတ်သားလေး ကျနော့်ကို မြင်တွေ့ရဖို့ မစောင့်နိုင်တော့ဘူး” လို့ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မီးခွက်အတွင်းမှာ ပိတ်မိနေမယ့် သူ့ရဲ့ဇာတ်ကောင်အကြောင်းနဲ့ ပတ်သက်လို့လည်း အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

အဲဒီရုပ်ရှင်မှာ မင်းသားဟာ သူ့မီးခွက် ပိုင်ဆိုင်သူရဲ့ ဆန္ဒ ၃ ခုကို ဖြည့်ဆည်းပေးဖို့ စွမ်းအား ပိုင်ဆိုင်ပြီး ပျော်ပျော်နေတတ် တဲ့ မီးခွက်စောင့်နတ် အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Guy Ritchie ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကိုတော့ John August က ဇာတ်ညွှန်းရေးထားပေးထားပါတယ်။

မူရင်း အန်နီမေးရှင်း ရုပ်ရှင်ကို ၁၉၉၂ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး မီးခွက်စောင့်နတ်အဖြစ် ကွယ်လွန်သူဟာသသရုပ်ဆောင် Robin Williams က အသံသရုပ်ဆောင်ခဲ့ပါတယ်။

မကြာမီရုံတင်တော့မယ့် ရုပ်ရှင်မှာတော့ ဆူလ်တန်စော်ဘွားရဲ့ သမီးနဲ့ လက်ဆက်ရမယ့် အာလာဒင် အဖြစ် ကနေဒါ မင်းသား Mena Massoud က သရုပ်ဆောင်ထားပါတယ်။

“Power Rangers” ရုပ်ရှင်စတား မင်းသမီး Naomi Scott က ဆူလ်တန်စော်ဘွားရဲ့သမီး မင်းသမီး Jasmine အဖြစ် ပါဝင်ထားပါတယ်။ မင်းသား Navid Negahban ကတော့ ဆူလ်တန်စော်ဘွားကြီးအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်အသစ်ကို အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ ပြသမှာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဆန်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ဖို့ ရုပ်ရှင်မကြာသေးမီက ဇာတ်ဝင်ခန်းတချို့ကို ပြန်လည် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ စတင်ရိုက်ကူးဖို႔ စီစဉ်ထားခဲ့ပေမယ့် အာလာဒင်နဲ့ မင်းသမီး Jasmine အဖြစ် ပါဝင်မယ့် သရုပ်ဆောင်ကို ရွေးနေလို့ ရိုက်ကူးရက်ကို နောက်ဆုတ်ခဲ့ရပါသေးတယ်။

Ref: aceshowbiz

Sponsored by Revcontent

The post အာလာဒင်ရုပ်ရှင်မှာ မီးခွက်စောင့်အဖြစ် မြင်တွေ့ရမယ့် မင်းသား Will Smith appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...