Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပိုင်ဇေရဲထွန်းရဲ့ နုပျိုမှုအကြောင်း ပြောပြလာတဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်

$
0
0

အနုပညာရှင်များထဲမှ အသက် ၄၀ အရွယ်ထိ နုပျိုမှုကို ထိန်းထားနိုင်တဲ့ သရုပ်ဆောင်တဦး ပိုင်ဇေရဲထွန်းကတော့ သူ့ရဲ့ နုပျိုမှုတွေဟာ ဇနီးဖြစ်သူနဲ့ သက်ဆိုင်ပြီး ဇနီးဖြစ်သူ ဇင်သဲနိုင်ကလည်း ပိုင်ဇေရဲထွန်းရဲ့ နုပျိုမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပြထားပါတယ်။

“ကိုပိုင်ဇေရဲ့ နုပျိုမှုနဲ့ ပတ်သက်ပြီး ကျမက သူ့ရဲ့ အစားအသောက် အနေအထိုင်၊ နောက်ပြီးတော့ သူ့ကို ဘာစိတ်ဖိစီးမှုမှ မပေးဘူး။ အဲဒီလို စိတ်ဖိစီးမှုတွေ ပေးနေရင် သူ့အခုလို ဘယ်ဖြစ်နေမလဲ။ ဆံပင်တွေဖြူ ဝတုတ်ကြီးဖြစ်နေမှာပေါ့” လို့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်က ပြောပါတယ်။

အိမ်ထောင်သက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ သူတို့နှစ်ဦးကတော့ အသက်အရွယ်အားဖြင့် ၁၀ နှစ်ခန့်ကွာပြီး အခုချိန်မှာတော့ သားသမီး ၃ ဦးနှင့်အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

“ကျနော် သဲကိုလွန်ခဲ့တဲ့ ၁၃ နှစ်က ခိုးပြေးတုန်းက ပေါက်စလေးသေးသေးလေး ဘာရုပ်မှ မပေါက်ဘူး။ အခုလိုလည်း အလှမပြင်တတ်ဘူး။ အခုလိုချောချောလေးဖြစ်သွားတာက ကျနော့်ရဲ့ အထိန်းအသိမ်းကောင်းလို့ပါ။ မိန်းကလေးတွေ ချောချောလှလှဖြစ်ခြင်းက ကျနော်တို့ ယောကျ်ားလေးတွေပေါ်မှာ မူတည်ပါတယ်”လို့ ပိုင်ဇေရဲထွန်းက ပြောပါတယ်။

ဇင်သဲနိုင်ကတော့ မိသားစုနဲ့ ပတ်သက်ပြီး Sensitive ဖြစ်တဲ့သူတယောက်ဖြစ်ပြီး တခြားအရာတွေထက် မိသားစုနဲ့ ပတ်သက်ရင် ခံနိုင်ရည်မရှိဘူးလို့ ဆိုပါတယ်။

“ကျမက မိသားစုနဲ့ ပတ်သက်ရင် သားသမီးတွေနဲ့ ပတ်သက်ရင် Sensitive ဖြစ်တဲ့သူတယောက်ပါ။ တခြားအရာတွေကို ခံနိုင်ရည်ရှိတယ်။ သူတို့ရဲ့လိုအပ်ချက်တွေကို လုပ်ပေးချင်တယ်။ သူတို့ကို ထိခိုက်စေမယ့် ကိစ္စဆိုရင် Sensitive ဖြစ်တယ်။ သားသမီးနဲ့ ပတ်သက်ရင် ပိုဆိုးတယ်။ သားသမီးနဲ့ ပတ်သက်ရင် ဆန်းဆန်းတင့်ပေါ့နော်” လို့ ဇင်သဲနိုင်က ပြောပါတယ်။

ပိုင်ဇေရဲထွန်းကလည်း သူပိုင်ဆိုင်ထားတဲ့ မိသားစုလေးနဲ့ ပတ်သက်ပြီး “ကျနော်တို့ စပြီးအိမ်ထောင်ကျကတည်းက ကျနော်လည်း သူ့ကို အရိပ်တကြည့်ကြည့်နေတာပဲ။ သူ မကြိုက်ရင် ကျနော်လည် းမလုပ်ဘူး။ သူကလည်း ကျနော့်ကို အရိပ်တကြည့်ကြည့်နေတယ်။ ကလေးတွေ မရခင်တုန်းကဆို သူ့ရဲ့အရာရာက ကျနော့်အတွက်ပဲ။ အခုတော့ အဲဒီအရာရာတွေ အကုန်လုံးကို ပေါက်စလေးတွေကို မျှပေးနေရတာပေါ့။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုအရိပ်တကြည့်ကြည့် ဂရုစိုက်ခံရတဲ့အခါမှာ ကျနော် တယောက်တည်းအတွက် ဘုရားပေးတဲ့ ဆုလာဘ်ပေါ့”လို့ ပြောပါတယ်။

ယခင်က သရုပ်ဆောင်တယောက်ဖြစ်တဲ့ ပိုင်ဇေရဲထွန်းကို ပရိသတ်များက ယခုထိ ချစ်ပေးကြသလို ယခုအခါမှာလည်း သူ့ရဲ့မိသားစုကိုပါ ချစ်ခင်ပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ နှစ်ဦးက ပြောပါတယ်။

The post ပိုင်ဇေရဲထွန်းရဲ့ နုပျိုမှုအကြောင်း ပြောပြလာတဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...