Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကျဖြစ်လို့ ရုပ်ရှင်ကားကြီးမှာ စိန်ခေါ်မှု မရှိပါဘူး

$
0
0

ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ် အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် ခေးဆက်သွင်က ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကျဆိုပေယ့် ဇာတ်ကားကြီး ရိုက်တော့ စိန်ခေါ်မှု မရှိဘူးလို့ ဆိုပါတယ်။

“’တော်တော်ဖြစ်နေလား’ ဇာတ်ကားထဲက ကာရိုက်တာက ကိုညီထွဋ်ခေါင်ရဲ့ချစ်သူသွက်သွက်လက်လက်နဲ့ ငယ်ရွယ်တဲ့ပုံစံလေးပါပဲ။ ဒီကားကို ဇာတ်ညွှွန်းစပြီးဖတ်တည်းက ရယ်နေရတာ ရိုက်တော့လည်း ရယ်နေရတယ်။ အမှတ်တရတွေလည်း အများကြီးပါပဲ”

“ခေးက ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေတာဆိုတော့ ဇာတ်ကားကြီး ရိုက်တော့ ခေးအတွက်တော့ စိန်ခေါ်မှု မရှိပါဘူး။ အတွေ့အကြုံတွေကိုတော့ စီနီယာတွေဆီက အကုန်ယူတယ်။ မပြောဖြစ်ဘူး ဆိုရင်တောင် သူတို့ဘာတွေလုပ်သွားလဲ ဘယ်လိုတွေပြောသွားလဲဆိုတာကို လေ့လာသင်ယူဖြစ်ပါတယ်”လို့ ခေးဆက်သွင်က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရာမှာတော့ အစစအရာရာ ပြင်ဆင်ရပြီး ဇာတ်လမ်းတွဲ ရိုက်ကူးရာမှာတော့ အဝတ်တထည် ကိုယ်တခု Mood တခု ဆိုတဲ့ စိတ်နဲ့ပဲသွားရတယ်လို့ ဆိုပါတယ်။

“လတ်တလောကတော့ ‘သာမိုမီတာ’ ဆိုတဲ့ စီးရီးတွဲလေး ရိုက်ထားပါတယ်။ ခေးနောက်ထပ်လည်းစီးရီးတွဲလေး တခုရိုက်ထားပါတယ်။ ခေးကို စသိတာလည်း စီးရီးတွဲဖြစ်နေတော့ စီးရီးတွဲကို ပိုအရိုက်များပါတယ်။ ခေးကိုယ်တိုင် ရိုက်ချင်တဲ့ ကာရိုက်တာဆိုတာ အခုချိန်မှာကိုယ်က ရွေးချယ်ရတဲ့ သရုပ်ဆောင် မဟုတ်သေးဘူးပေါ့။ တက်သစ်စတွေအနေနဲ့ သူများပေးလာတဲ့ဇာတ်ပေါ်မှာ အကောင်းဆုံ းလုပ်ရမှာဖြစ်တဲ့အတွက် အကောင်းဆုံး လုပ်ဖို့ပဲကြိုးစားနေပါတယ်” လို့ ခေးဆက်သွင်က ပြောပါတယ်။

ဆက်လက်ပြီး ဇာတ်လမ်းတွဲတွေ ရိုက်ရတဲ့ အားသာချက်ကိုလည်း ခေးဆက်သွင်က အခုလိုပဲ ဆိုပါတယ်။

“စီးရီးတွဲတွေ ရိုက်ရတာ Supporting ကောင်းတယ်။ အဝတ်အစား၊ မိတ်ကပ်၊ Stylist ဘာမှပူစရာမလိုဘူး။ အဝတ်အထည်ကိုယ်တခု Mood တခုနဲ့ဆိုတဲ့ စိတ်နဲ့ပဲ သွားရတယ်။ ရုပ်ရှင်ဇာတ်ကားကြီးမှာကျတော့ အစစအရာရာ ပြင်ဆင်ရတယ်။ အဝတ်အစားကအစ မိတ်ကပ်အစ ပြင်ဆင်ရတော့ Pressure နည်းနည်းလေး များတယ်။ စီးရီးတွဲက Pressure မများဘူးလား ဆိုတော့ Mood တွေကကျတော့ စီးရီးတွဲက အကြာကြီး Mood ထည့်ရတော့ အမြဲဝင်နေတာများတယ်” လို့ ခေးဆက်သွင်က ပြောပါတယ်။

“ရုံကြီးကားကကျတော့ ၁၀ ရက်လောက်ဆိုတော့ Mood က ဝင်လိုက်ထွက်လိုက် အဲ့လိုလေးတော့ ရှိတယ်။ ‘အရိပ်’ထဲက အမာညိုလို ဇာတ်ကောင်ကတော့ ခေးအရမ်းအားရတယ်။ ခေးပရိသတ်လည်း သဘောကျတယ်။ ခေးက အလှအပဆန်တာတွေထက် သဘာဝနဲ့ အနီးစပ်ဆုံးဇာတ်ကောင်တွေနဲ့ ပိုလိုက်တယ်လို့ ထင်တယ်။ ပိုလည်း အားရပါတယ်”လို့ ခေးဆက်သွင်က ဆိုပါတယ်။

ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေ တဆင့်ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ခေးဆက်သွင်က တက်သစ်စ အနုပညာရှင်တယောက်ဖြစ်ပေမယ့် ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် ကြိုးကြိုးစားစား သရုပ်ဆောင်နေသူ တယောက်လည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“အမာညို ဇာတ်ကောင်က ခေးအတွက် စိန်ခေါ်မှု မရှိဘူး”လို့ ဆိုတဲ့ ခေးဆက်သွင်

The post ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကျဖြစ်လို့ ရုပ်ရှင်ကားကြီးမှာ စိန်ခေါ်မှု မရှိပါဘူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...