နိုဝင်ဘာအတွင်းမှာ ကျင်းပပြုလုပ်တော့မယ့် Miss World 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်မယ့် အလှမယ် ဟန်တီကတော့ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို အကောင်းဆုံး ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။
Miss World ပြိုင်ပွဲရဲ့ Talent ပိုင်းမှာတော့ အင်္ဂလိပ်သီချင်း သီဆိုမှုနဲ့ Dance Of The World မှာတော့ ကရင်ဒုံးယိမ်းအကနဲ့ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အဆိုပါ အကြောင်းအရာများနဲ့ ပတ်သက်ပြီး အလှမယ် ဟန်တီရဲ့ ပြင်ဆင်နေမှု အခြေအနေများကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ မကြာခင် သွားရောက်ယှဉ်ပြိုင်ရတော့မယ့် Miss World ပြိုင်ပွဲကြီးအတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ဖြစ်နေလဲ။
ဖြေ။ ။ ပြိုင်ပွဲအတွက်ကတော့ အခုချိန်မှာ ပြင်ဆင်မှုအများကြီး လုပ်နေရတယ်။ တခုချင်းစီပေါ့နော်။ စိန်ခေါ်မှုတွေက ၈ ခု၊ ၉ ခုရှိတဲ့အတွက် တခုချင်းစီ ပြင်ဆင်ရတယ်။ Training တွေ ဆိုရင်လည်း ဘန်ကောက်က ဆရာတွေနဲ့ လုပ်နေတယ်။ ခန္ဓာကိုယ်ပိုင်းလည်း အများကြီး ထိန်းသိမ်းမှုတွေ လုပ်နေပါတယ်။
မေး။ ။ အလှအပနဲ့ ပတ်သက်ပြီး ဘယ်အစိတ်အပိုင်းတွေ ပြင်ဆင်ဖြစ်တာ ရှိမလဲ။
ဖြေ။ ။ အလှအပနဲ့ ပတ်သက်ပြီး ဟိုရက်ကမှ သွား သွားလုပ်လာခဲ့တယ်။ သွားကိုဆိုရင် အရင်တုန်းက အရမ်းဝေဖန်ကြတယ်။ သွားတွေက ထပ်နေတယ်။ မညီဘူးဖြစ်တယ်။ အဲဒါကြောင့်သွားပြင်လာခဲ့တယ်။ အခုညီညီလေး ဖြစ်သွားပြီ။ နောက်ပိုင်းမှာက Skincare ထိန်းသိမ်းမှုတွေပဲ ဆက်လုပ်တော့မှာပါ။
မေး။ ။Talent ပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ဘာလုပ်သွားမလဲ။
ဖြေ။ ။ Talent ပိုင်းနဲ့ ပတ်သက်ပြီးတော့ ညီမက အင်္ဂလိပ်သီချင်း ဆိုရမယ်။ နောက်ပြီးတော့ Dance Of The World အတွက် ကရင်ဒုံးအက ကသွားမယ်။ အဲဒီအတွက် အကတိုက်တာ အကုန်ပြီးသွားပြီ။ ဝတ်စုံတွေဆိုရင်လည်း သေချာပြင်ဆင်နေတယ်။ နိုင်ငံတကာစင်မြင့်ထက်မှာ ပိုပြီးတော့အဆင်ပြေအောင်။ Talent ပိုင်းနဲ့ပတ်သက်ပြီးတော့ ဘန်ကောက်ကဆရာကလည်း သီချင်းဆိုတဲ့အခါမှာ အဆင်ပြေအောင် တလုံးချင်းစီ သေချာလုပ်ပေးထားတယ်။
မေး။ ။ ကရင်ဒုံးယိမ်းအကက မြန်မာနိုင်ငံရဲ့တိုင်းရင်းသားရိုးရာတွေထဲက တခုဖြစ်တဲ့အတွက် နိုင်ငံတကာမှာ ချပြတဲ့အခါမှာ အမှားအယွင် းမဖြစ်အောင် ဘယ်လိုမျိုးသင်ကြားမှုတွေ ပြုလုပ်နေလဲ။
ဖြေ။ ။ ဘားအံက ဆရာကို ခေါ်ပြီးတော့ သင်ထားတယ်။ ကရင်ဝတ်စုံဆိုရင်လည်း ကရင်အဝတ်အစားတွေပဲရောင်းတဲ့ဆိုင်က ပံ့ပိုးကူညီပေးထားတယ်။ အဓိကက ကရင်အစစ်တွေကနေပြီးတော့ ကရင်ဒုံးကဖို့အတွက် စီစဉ်ပေးထားတာဆိုတော့ စိတ်ချရတယ်။ ပြီးတော့ သေချာသင်ကြားပေးထားတယ်။ သင်ပေးတဲ့ဆရာဆိုရင်လည်း ကရင်ဒုံးအကနဲ့ နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ထားတာဖြစ်တဲ့အတွက် ညီမလည်း ဒီလိုမျိုးသင်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်။
မေး။ ။ ဝတ်စုံကျတော့ရော ဘယ်လိုဖန်တီးမှုတွေနဲ့ ပြင်ဆင်သွားဖို့ရှိမလဲ။
ဖြေ။ ။ ကရင်ဝတ်စုံကို အခြေခံကတော့ တကယ့်ကရင်ဝတ်စုံကို လုပ်ထားတယ်။ အဲဒီအပေါ်မှာ အလက်ကလေးတွေ စင်ပေါ်ရောက်ရင် မီးထိုးရင်လှသွားအောင် စီစဉ်ထားတာဆိုတော့ ကရင်ရိုးရာကို ပျောက်မသွားဘဲ စင်ပေါ်ရောက်ရင် လှသွားအောင်ပဲနည်းနည်းလေး ထပ်ထည့်ထားတာပဲရှိပါတယ်။
မေး။ ။ ဘယ်လိုအကြောင်းအရာတွေကြောင့် ကရင်ဒုံးယိမ်းအကကို ရွေးချယ်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ အဓိကကတော့ Dance Of The World မှာ နိုင်ငံတကာက အကတွေကို ချပြရတာ။ အဲဒီလိုချပြတဲ့အခါမှာ ကရင်ဒုံးအကက လွယ်ကူတယ်။ သူများတွေလည်း လိုက်ကလို့ရတယ်။ လိုက်ကလို့ရတဲ့ အကကို ရွေးချယ်ရမှာ ဖြစ်တဲ့အတွက် ကရင်ဒုံးအကကို ရွေးချယ်လိုက်တာပါ။
မေး။ ။ပြိုင်ပွဲအတွက် အများကြီးကြိုးစားပြင်ဆင်နေတာကို တွေ့ရတော့ ဘယ်လောက်ထိ စိတ်ဖိစီးမှုတွေရှိနေလဲ။
ဖြေ။ ။ အရမ်းပင်ပန်းတယ်။ ပြင်ဆင်မှုတွေ လုပ်နေရတာ။ လေ့ကျင့်နေရတာတွေက လွယ်ကူတာတွေမဟုတ်ဘူး။ အရမ်းကို အားစိုက်ရတယ်။ ပင်ပန်းတယ်။ သွား လုပ်တဲ့အခါမှာလည်း မစားနိုင်တဲ့အချိန်တွေရှိတယ်။ အဲဒီလိုတွေ အနစ်နာခံပြီးတော့ လုပ်ထားတဲ့အတွက် ဝိတ်ကတော့ ကျသွားတယ်။ စိတ်ဖိစီးမှုကတော့ အရမ်းများနေတယ်။ တခုချင်းစီ အသေးစိတ်ကို စိတ်တိုင်းကျဖြစ်အောင် လုပ်ထားတယ်။ အဲဒီအတွက် အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်တယ်။ ပြိုင်ပွဲက ရက် ၂၀ကျော်ပဲ လိုတော့တယ်။
မေး။ ။ ပြိုင်ပွဲက အချိန် သိပ်မလိုတော့တဲ့အတွက် ပရိသတ်တွေရဲ့ Voting စနစ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးတွေလုပ်ထားလဲ။
ဖြေ။ ။ ဒီနှစ်က Voting ကို သူတို့က ဘယ်လိုလုပ်ထားလဲဆိုတော့ application လေးတခုဖြစ်တဲ့ Mobstar ကိုဖုန်းထဲမှာ Downlaod လုပ်ရတယ်။ ပြီးရင် ဟန်တီ့ရဲ့နာမည်လည်း ရှာလို့ရတယ်။ Miss Myanmar World လို့လည်း ရှာလို့ရတယ်။ ရှာလိုက်တဲ့အခါမှာ ကိုယ့်ရဲ့ပုံထွက်လာတဲ့အခါမှာ Follow လုပ်ပေးရတယ်။ ပြီးတော့ Like တွေပေးရတယ်။
မေး။ ။ အဲဒီအတွက် ဒီမြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့ Vote ပေးရတာ ရှုပ်ထွေးမှုတွေ ရှိမလား။
ဖြေ။ ။ ညီမ ပရိသတ်ကို ဆက်တိုက် အသိပေးနေတယ်။ သူတို့ကို လုပ်တတ်အောင် လုပ်ပေးတယ်။ Aroma Show မှာလည်း ပရိသတ်တွေ သိစေဖို့အတွက် စာအုပ်ကလေးတွေနဲ့ ဝေမျှပေးတယ်။ အဲဒီလိုမျို းအချင်းချင်းကူညီမှ Voting တွေက ပိုရမှာဆိုတော့ အဲဒီလိုမျိုးတွေ လုပ်ပေးဖြစ်တယ်။
မေး။ ။အဓိကက ပြိုင်ပွဲအတွက် ဟန်တီ့အနေနဲ့ ဘာကိုအလိုအပ်ဆုံးဖြစ်မလဲ။
ဖြေ။ ။ ပြိုင်ပွဲအတွက်က ပရိသတ်တွေရဲ့အင်အား အရမ်းလိုအပ်တယ်။ အရမ်းကိုလည်း ကြိုးစားနေရတာဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ အားပေးရကျိုးနပ်မှာပါ။ ဟန်တီတတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါမယ်။
The post Miss World 2018 ပွဲမှာ ကရင်ဒုံးယိမ်းအကနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် ဟန်တီ appeared first on ဧရာဝတီ.