Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကွယ်လွန်သူ မင်းသွေးအတွက် ရည်းစူးကာ သာသနာ့ဘောင်ဝင်တဲ့ အစ်ကိုဖြစ်သူ နေတိုး

$
0
0

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မင်းသွေးအတွက် ရည်စူးပြီး အစ်ကိုဖြစ်သူ နေတိုးနဲ့ အတူ အနုပညာ ညီအစ်ကို မောင်နှမးများက ယနေ့၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ သာသနာ့ အလှူတခု ပြုလုပ်ပေးခဲ့ပါတယ်။ နေတိုးရဲ့ ဥပသမ္ပဒကံဆောင် (ရဟန်းခံ အလှူတော်မင်္ဂလာ)ကို မှော်ဘီမြိုု့နယ်ရှိ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ ယနေ့ မနက် ၇ နာရီက ပြုလုပ်ခဲ့တာပါ။

နေတိုးရဲ့ ဥပသမ္ပဒကံဆောင် (ရဟန်းခံအလှူတော်မင်္ဂလာ) ပွဲမှာ နေတိုးနဲ့အတူ ညီမဖြစ်သူ ဆုမွန်အောင်၊ ကျော်ကျော်ဗိုတို့အပြင် အခြားသော သူငယ်ချင်းများက သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့ပြီး စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ခင်ဝင့်ဝါနဲ့ အခြားသော အနုပညာရှင်များက သိမ်ဆင်းလောင်းလှူပွဲမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။

နေတိုးရဲ့ ဘွဲ့နာမည်ကတော့ ဥူးစန္ဒိမာ ဖြစ်ပါတယ်။ ရဟန်းခံပွဲမှာ နေတိုးသူငယ်ချင်းများ၊ မင်းသွေးသူငယ်ချင်းများက စုပေါင်းပြီး သာသနာ့ဘောင်ထဲ ၇ ရက် ဝင်ရောက်မှာဖြစ်ပြီးရလာတဲ့ ကုသိုလ်ကောင်း မှုများကို မင်းသွေးအတွက် ရည်စူးပြီး လှူဒါန်းမှာ ဖြစ်ပါတယ်။

“မင်းသွေးအတွက် အလှူအတန်းတွေ လုပ်ပေးတယ်။ သူ့ဘဝနောင်သံသရာအတွက် ဆုတောင်းပေးတော့ မိသားစုဝင်တယောက်အနေနဲ့ အရမ်းလည်း ဝမ်းသာပါတယ်။ အကုန်လုံး ကွေးသော လက်မဆန့်မီ၊ ဆန့်သော လက်မကွေးမီ ဘယ်ချိန်မဆို ဘဝကူးပြောင်းသွားနိုင်တယ်။ ဒီအပေါ် မေတ္တာစိတ်လေးနဲ့ ဖြတ်သန်းဖို့လည်း တိုက်တွန်းချင်ပါတယ်”

“ကံကို ကျနော်တို့ယုံတယ်။ သူ့အနေနဲ့ သူ့ကံဒီလောက်ပဲပါလာလို့ ဒီလောက်ပဲ နေခွင့်ရှိတယ်ပေါ့။ သူလုပ်ခဲ့တဲ့အလုပ်တွေ နောင်ဘဝအဆက်ဆက်မှာသူလုပ်ငန်းတွေပဲ ပြီးမြောက်အောင်လုပ်ကိုင်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်”လို့ နေတိုးက ဆိုပါတယ်။

မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ် အချိန်က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မင်းသွေး ဟာသူချင်းတွေနဲ့ အတူ ဘောလုံးကန်ရင်းကနေ မောလို့ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ပို့လိုက်ရာက သတိပြန်မလည်လာတော့တာ ဖြစ်ပါတယ်။

မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းက ရေဝေးသုဿန်မှာ မီးသဂြိၤုဟ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။ ဈာပန အခမ်းအနားပြီးတဲ့နောက်မှာလည်း ညီလေးငယ်ဖြစ်သူ မင်းသွေးအတွက် အလှူဒါနတွေ ဆက်တိုက်ဆိုသလို လုပ်ပေးလျက် ရှိပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ညီဖြစ်သူ မင်းသွေးအတွက် ရည်စူးပြီး သာသနာ့ဘောင်ဝင်မယ့် နေတိုး

The post ကွယ်လွန်သူ မင်းသွေးအတွက် ရည်းစူးကာ သာသနာ့ဘောင်ဝင်တဲ့ အစ်ကိုဖြစ်သူ နေတိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles