Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လက်ပြနှုတ်ဆက်ခဲ့တဲ့ ချစ်သူဟောင်းတွေကို ကျေးဇူးတင်တဲ့ ဝေဠုကျော်

$
0
0

ကိုယ်ပိုင်အချိန်တွေ အားလုံးကို ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်နေရတဲ့ သရုပ်ဆောင် ဝေဠုကျော်က အခုချိန်ထိ အိမ်ထောင်မပြုသေးဘဲ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားသူတဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်က သူ့ရဲ့ မျိုးဆက်ကိုတော့ ချန်ထားချင်သေးတာဖြစ်လို့ မိန်းမကတော့ယူမှာပါလို့ မီဒီယာတွေကိုပြောပါတယ်။

“သီတင်းလည်းကျွတ်ပြီဆိုတော့ ပရဟိတတွေကို လုပ်ရင်းနဲ့ ပရဟိတထဲက မိန်းမယူရင် ကောင်းမလား အနုပညာ အလုပ်တွေလည်းလုပ်နေတော့ အနုပညာထဲက မိန်းမ ယူရရင် ကောင်းမလား။ ဘေးဒုက္ခတွေ ကြားထဲသွားနေတော့ ဘေးဒုက္ခထဲက မိန်းမရရင် ကောင်းမလားပေါ့နော်။ ယူတော့ယူမှာပါ။ ဘယ်တော့ဆိုတာကတော့ ပြောလို့ မရဘူးပေါ့နော်”

“ဒီဘဝဖြစ်ရင် ဖြစ်မယ်၊ နောက်ဘဝဖြစ်ရင် ဖြစ်မယ်။ မပြောတတ်ဘူး။ ကျနော့်အတွက်လည်း စဉ်းစားတာပေါ့။ ကိုယ့်အတွက် ကိုယ်စဉ်းစားလို့ ပရဟိတလုပ်တာလေ။ သူများတွေက တမိသားစုတည်းရှိတာ။ ကျနော့်မှာက မိသားစုတွေ အများကြီး ဒုက္ခရောက်တဲ့နေရာက မိသားစုတွေက ကျနော်မိသားစုတွေကြီးပဲ။ မိန်းမက ယူမှာ၊ မျိုးထားခဲ့ဦးမှာ” လို့ ဝေဠုကျော်က ဆိုပါတယ်။

ဝေဠုကျော် က မိန်းမယူတဲ့အခါ ကိုယ်ကြိုက်တဲ့ မိန်းမပုံစံမျိုးကိုပဲ ရွေးချယ်မယ်လို့ဆိုပြီး ကလေးလည်း လိုချင်သေးတယ်လို့ ဆိုပါတယ်။

“ကိုယ်ကြိုက်တဲ့ ပုံစံက မိန်းမတော့ ဖြစ်ရမယ်။ မိန်းမဖြစ်မှလည်း ကလေးမွေးလို့ရမှာလေ။ ကလေးလိုချင်တယ်။ မျိုးဆက်ကတော့ ချန်ထားချင်တယ်။ မိန်းမယူဖို့ကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စဉ်းစားထားတာဖြစ်ပေမယ့် စဉ်းစားလိုက် လွဲလိုက်နဲ့ ဖြစ်ခဲ့တာ။ လွဲတာလည်း ကောင်းတယ်။ အခု ပရဟိတတွေ လုပ်လို့ ရတယ်” လို့ ဆိုပါတယ်။

တချိန်က ထားခဲ့တဲ့ ချစ်သူရည်းစားတွေ ရှိခဲ့ပေမယ့် သူတို့က ထားခဲ့တဲ့အတွက်ကြောင့်လည်း အခုလို ပရဟိတအလုပ်တွေကို သေချာလုပ်နေနိုင်တာလို့လည်း ဆိုပါတယ်။

“အရင်တုန်းက ကျနော့်ကို လက်ပြနှုတ်ဆက်သွားတဲ့ သူတို့ပေ့ါဗျာ။ ကျနော့်ရဲ့ ချစ်သူဟောင်းတွေကို ကျေးဇူးတင်တယ်။ သူတို့တွေ နှုတ်ဆက်သွားလို့ အခုလိုမျိုး အလုပ်တွေ လုပ်နေခွင့်ရတာပေ့ါနော်။ မိန်းမမရသေးတာ ကံကောင်းတာပေ့ါ။ ကံကောင်းလို့ အခုလို အလုပ်တွေ လုပ်ခွင့်ရတာ။ သူတို့သာ မရဘူး ယူမယ်ဆိုပြီး ယူထားရင် ကျနော်အခုချိန်ဆို မြေးတောင်ရလောက်ပြီလား မသိဘူး”

“သားကျွေးမှု မယားကျွေးမှုတွေနဲ့ဆိုရင် ဒီလောက်သွားနိုင်မှာ မဟုတ်ဘူးပေါ့။ အခုကျနော်လုပ်ချင်တာလည်း လုပ်ခွင့်ရမယ်။ မိန်းမလည်း မကြာခင်ရမယ် ဆိုရင်တော့ အကောင်းဆုံးပေ့ါဗျာ။ ကျနော်လုပ်ချင်တာတော့ လုပ်နေရတယ်။ မိန်းမတော့ မသေချာဘူး။ လူပျိုကြီးဆိုတဲ့ ဂုဏ်ကိုတော့ ရသလောက်ထိန်းထားမှာ။ ဖြစ်နိုင်ရင် လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို မနက်ဖြန်ပျက်ချင်နေပြီ”လို့ ဝေဠုကျော်က ပြောပြခဲ့ပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အချစ်ရေးနဲ့ ပတ်သက်ရင် အခုချိန်အထိ လက်ထပ်မယ့်သူ ရှာမတွေ့သေးတဲ့ လူပျိုကြီးလည်းဖြစ်ပါတယ်။

The post လက်ပြနှုတ်ဆက်ခဲ့တဲ့ ချစ်သူဟောင်းတွေကို ကျေးဇူးတင်တဲ့ ဝေဠုကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...