Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အပြင်မှာလည်း သရဲမကြောက်တတ်တဲ့ သရုပ်ဆောင် ပြေတီဦး

$
0
0

သရုပ်ဆောင် ပြေတီဦးက မလေးရှား ဒါရိုက်တာ R.Perakas Rajaram ရိုက်ကူးထားတဲ့ “တစ္ဆေပါလာပြီ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး သရဲကားတွေ သိပ်မရိုက်ဖြစ်တဲ့ ပြေတီဦးက ဒီဇာတ်ကားကို ပြန်ကြည့်ပြီး ကြက်သီးထခဲ့ရတယ်လို့ ဆိုပါတယ်။

“တစ္ဆေပါလာပြီ” ဇာတ်ကားရိုက်ကူးခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေနဲ့ ပတ်သက်လို့လည်း ပြေတီဦးက အခုလိုပဲ ပြောပါတယ်။

“သရဲကားက ကျနော် သိပ်မရိုက်ဖြစ်ဘူး။ ကိုညိုမင်းလွင်ရိုက်တဲ့ ညကျောင်းတုန်းကလည်း သရဲခြောက်တာမျိုးတော့ မဟုတ်ဘူး။ တစ္ဆေပါလာပြီ ဇာတ်ကားကိုကြည့်ရင်းနဲ့ ကြက်သီးတွေထတယ်။ ဒီကားကအရမ်းပင်ပန်းတယ်။ သရဲတော့ အခြောက် မခံဖူးဘူး။ နယ်တွေသွားလည်း တယောက်တည်းပဲ အိပ်တာ”

“ကျနော်က အိပ်ရင် မနိုးလို့လားတော့ မသိဘူး။ ခြောက်မယ့် သရဲတောင် မခြောက်တော့ဘူး။ သရဲလည်း မကြောက်တတ်ဘူး။ နယ်တွေသွားရင်လည်း စာဖတ်စရာ ရှိရင်ဖတ်တယ်။ ပုတီးစိပ်လိုက်နဲ့တင် မအားဘူး။ ဒီဇာတ်ကားကြည့်ပြီး သင်ခန်းစာယူတတ်ရင် သူများပစ္စည်း အချောင်လိုရင် ဒုက္ခရောက်တတ်တယ်ဆိုတာကို သင်ခန်းစာယူတတ်ရင် ယူလို့ရတယ်” လို့ ပြေတီဦးက ပြောပါတယ်။

ဒီဇာတ်ကားရိုက်ကူးခဲ့စဉ်က ဒါရိုက်တာက မလေးရှား ဒါရိုက်တာ ဖြစ်တဲ့အတွက် ဘာသာစကား ပြောဆိုမှု အပိုင်းတွေမှာ အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ ပြေတီဦးက ဆိုပါတယ်။

“မလေးရှား ဒါရိုက်တာတွေနဲ့ အဓိကကြုံတွေ့ရတာက ဘာသာစကားပေါ့။ တချို့ ဟာတွေက သူတို့ဘာသာနဲ့ အဆင်ပြေအောင် ရေးထားပေမယ့် ကျနော်တို့အနေနဲ့ အဆင်မပြေတာလေးတွေတော့ ညှိရတယ်။ သူတို့ကလည်း မြန်မာ့ဓလေ့တွေ မသိတဲ့အခါ ရှင်းပြရင် တလေးတစားနဲ့ ညှိနှိုင်းပေးတယ်” လို့ ပြေတီဦးက ပြောပါတယ်။

ပြေတီဦးက လတ်တလောမှာတော့ ရိုက်ကူးရေးအတွက် ပြည်ပကို မကြာခဏဆိုသလို သွားနေရပြီး အနုပညာနဲ့ ပတ်သက်ရင်လည်း ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ သရုပ်ဆောင် မင်းသား တဦး ဖြစ်ပါတယ်။

ပြေတီဦးဟာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ ခုနှစ်မှာ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်”၊ ၂၀၁၄ ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ “အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုများ” ရရှိခဲ့သူတဦး ဖြစ်ပါတယ်။

The post အပြင်မှာလည်း သရဲမကြောက်တတ်တဲ့ သရုပ်ဆောင် ပြေတီဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...