Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျနော် ချစ်တဲ့သူကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးမှာပါ”လို့ ပြောတဲ့ ဟိန်းဝေယံ

$
0
0

ရုပ်ရှင်ဇာတ်ကားတွေမှာ မမြင်တာကြာပြီတဲ့ သရုပ်ဆောင် မင်းသား ဟိန်းဝေယံက လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက် လုပ်ကိုင်နေပြီး အချစ်ရေးကိုတော့ မစဉ်းစားသေးဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ အသက် ၂၉ နှစ် ရှိပေမယ့် လူပျိုကြီးလို့ အခေါ်မခံရသေးတဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

”ကျနော်ကတော့ အခုလက်ရှိမှာ အေးအေးဆေးဆေးပါပဲ။ ကျနော်ထင်ပါတယ်။ ပရိသတ်တွေကို အသိပေးစရာ ရှိလာပြီဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောမှာပါ။ လောလောဆယ်တော့ ပြောစရာ ထွေထွေထူးထူး မရှိသေးပါဘူး။ ကျနော်ကို လူပျိုကြီးလို့မခေါ်သေးဘူး လူပျိုလေးလို့ပဲ ခေါ်သေးတယ်” လို့ ဟိန်းဝေယံက ပြောပါတယ်။

ဘယ်အသက်အရွယ်လောက်မှာ အိမ်ထောက်ပြုဖြစ်မလဲဆိုတဲ့ အမေးကိုတော့ ဟိန်းဝေယံက အခုလိုပဲ ဖြေပါတယ်။

“အဲဒါကတော့ ကိုယ့်ရဲ့ ကံနဲ့လည်း ဆိုင်တာပေါ့နော်။ ကိုယ့်ရဲ့ ကံက အိမ်ထောင်တခုကို ထူထောင်ရမယ့် ကံမျိုးပါလာမယ်ဆိုရင်တော့ အိမ်ထောင်ပြုဖြစ်မှာပေါ့။ အဲ့ဒီလို မဟုတ်ဘူး လူပျိုကြီးဖြစ်မယ့် ကံဇာတာမျိုးပါရင်တော့ လူပျိုကြီးဖြစ်မှာပေါ့နော်။ ကျနော့်အနေနဲ့ ဆိုလိုချင်တာက ကံတခုကို ဘာလုပ်မယ်ဆိုပြီးတော့ ပြောချင်တာမျိုးတော့ မရှိပါဘူး။ ကံစီမံရာအတိုင်းပါပဲ။ ကိုယ်နဲ့လည်း ဖူးစာပါမယ်။ အိမ်ထောင်ပြုဖို့ ကံပါလာမယ် ဆိုရင်တော့ ပြုမှာပါ”လို့ ဟိန်းဝေယံက ပြောပါတယ်။

ဟိန်းဝေယံက အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ သူကြိုက်တဲ့ ပုံစံမျိုးကိုသာရွေးချယ်မှာဖြစ်ပြီး သူ့မိဘနဲ့ရော၊ ကိုယ့်မိဘနဲ့ရော အဆင်ပြေအောင်နေတတ်သူဆိုရင် အကောင်းဆုံးလို့ ဆိုပါတယ်။

“အဓိကကတော့ ကျနော်ကြိုက်တဲ့သူမျိုးကိုပဲ ကျနော်ရွေးမှာပါ။ ကျနော်ကြိုက်တဲ့သူ ကျနော် ချစ်တဲ့သူမျိုးကိုပဲ ရွေးမယ်။ ဒါက ပထမဦးစားပေးပေါ့နော်။ ကိုယ်နဲ့ တသက်လုံးပေါင်းရမှာဆိုတော့ ဦးစားပေးစဉ်းစားဖြစ်မယ်။ ဒါပေမယ့်လည်း သူ့မိဘနဲ့ရော၊ ကိုယ့်မိဘနဲ့ရော အဆင်ပြေတဲ့သူမျိုးဆိုရင် အကောင်းဆုံးပါပဲ။ ကျနော်က အရမ်းချစ်တတ်တဲ့ထဲမှာလည်း မပါပါဘူး။ မချစ်တတ်တာလည်း မဟုတ်ပါဘူး” လို့ ဟိန်းဝေယံက ပြောပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားရိုက်တွေ နည်းသွားရတဲ့ အကြောင်းကို ဟိန်းဝေယံက အခုလိုပဲ ပြောပါတယ်။

“အနုပညာနဲ့ ပတ်သက်ပြီး လက်ရှိမှာ ကျနော်ရိုက်ထားတဲ့ ကားကြီးတွေကို အသံတွေ၊ ကာလာတွေကို check လုပ်နေပါတယ်။ လတ်တလောတော့ ရှုတင်တွေနားနေပါတယ်။ ‘မာယာကကြိုး’ ကားကြီးကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ထားတော့ အဲ့အတွက် လုပ်နေတာရယ် ကျနော်ရိုက်ထားတဲ့ ကားတွေ ရုံမတင်သေးတာကြောင့် စောင့်နေတဲ့ သဘောလည်းပါတယ်။ ဇာတ်လမ်းကို စိတ်ဝင်စားမှ ရိုက်ဖြစ်တော့တာကြောင့် အနုပညာမှာ ခြေလှမ်းကျဲနေတာပါ။ နောက်ဗီဒီယိုဈေးကွက် လျော့နည်းသွားတာနဲ့လည် းဆိုင်တယ်” လို့ ဟိန်းဝေယံက ဆိုပါတယ်။

ဟိန်းဝေယံက လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးလျက် ရှိသလို သရုပ်ဆောင်ပိုင်းသာမက ဒါရိုက်တာပိုင်းမှာလည်း သူရိုက်ကူးချင်တဲ့ ဇာတ်မျိုးဆိုရင် ဒါရိုက်တာအဖြစ် ရိုက်ကူးသွားဖို့ရှိတယ်လို့ ပြောပါတယ်။ မကြာခင် ထွက်ရှိတော့မယ့် “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကလည်း သူကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်လမ်းကို ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

The post “ကျနော် ချစ်တဲ့သူကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးမှာပါ”လို့ ပြောတဲ့ ဟိန်းဝေယံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...