Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Ajay Devgn နဲ့ လက်ထပ်ပွဲကို ဘယ်သူမှ လက်မခံပေးခဲ့ကြကြောင်း မင်းသမီး Kajol ပြော

$
0
0

နာမည်ကျော် ဘောလိဝုဒ်မင်းသမီး Kajol က မင်းသမီး Neha Dhupia စီစဉ်တင်ဆက်နေတဲ့ “No Filter Neha” ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

အဲဒီအစီအစဉ်ရဲ့ ဒုတိယပိုင်းမှာ မင်းသား Ajay Devgn နဲ့ လက်ထပ်ခဲ့တဲ့ အကြောင်း၊ သူ့ကလေးတွေက သူ့ရုပ်ရှင်တွေကို မကြိုက်တဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။ မင်းသား Ajay နဲ့ လက်ထပ်မယ်ဆိုတာကို ဖခင်ဖြစ်သူကိုယ်တိုင်ကတောင် လက်မခံခဲ့တဲ့အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ကိုယ်ရေးကိုယ်တာ ဘဝအကြောင်းနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေလေ့ရှိတဲ့ မင်းသမီး “Kajol” က “သူ့ (မင်းသား Ajay) ရဲ့ မိသားစုနဲ့ ကျမရဲ့ မိသားစုတွေအပြင်ဘယ်သူကမှ ကျမတို့ကို လက်မထပ်စေချင်ပါဘူး။ ကျမမိသားစုကလည်း တော်တော်လေးကို တွန့်ဆုတ်နေခဲ့တာပါ။ ကျမအဖေကဆိုရင် ကျမလက်ထပ်ချင်တယ် လို့သူ့ကိုလည်းပြောလိုက်ရော တပတ်လောက် ကျမကို စကားမပြောခဲ့ပါဘူး”

“ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျမ လက်ထပ်ချင်ခဲ့လို့သာ ဖြစ်ပါတယ်။ အဖေက ကျမဘာလို့လက်ထပ်ချင်တာလဲ၊ အသက်ငယ်သေးတုန်း ကာလမှာ၊ အနုပညာလုပ်ငန်း လုပ်ကောင်းတုန်း ကာလမှာ ဘာလို့ လက်ထပ်ချင်တာလဲ ဆိုပြီးမေးတယ်လေ။ ပြီးတော့ ကျမကလက်ထပ်ဖို့ပဲ စိတ်ရှိတာ။ Ajay နဲ့ ကျမတို့က တော်တော်လေးကို ကွဲပြားခြားနားတဲ့သူတွေပါ။ ဒါကြောင့် လူတော်တော်များများက ကျမတို့ကို စုံတွဲတွေ အနေနဲ့ ရှုမြင်ကုန်ကြပြီ။ အဲဒီနောက်ပိုင်း ကစလို့ ကျမတို့ သိပ်လူဝင်မဆန့်တော့ဘူးလေ။ ကျမတို့ကို အတူတူတွဲပြီး မြင်တဲ့ပရိသတ်လည်း သိပ်မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မင်းသမီး Kajol က “နှစ်ယောက်သားအတူတူ အလုပ်လုပ်ရင်းနဲ့ ကျမတို့ ရှင်သန်ရပ်တည်ခဲ့ကြတယ်။ ပြီးတော့ ကျမတို့ ကလေးနှစ်ယောက် ရလာတယ်။ ကလေးနှစ်ယောက်ကို လက်မှာချီထားတဲ့ ပုဂ္ဂိုလ်တဦးအနေနဲ့ ကျမတို့ ဖြစ်လာကြတဲ့သဘောပါ” လို့လည်း ထပ်လောင်းပြောကြားပါတယ်။

မင်းသား Ajay နဲ့ မင်းသမီး Kajol တို့ဟာ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ဘောလိဝုဒ်ရဲ့ အထူးခြားဆုံးစုံတွဲတတွဲအဖြစ် သတ်မှတ်ထားပါတယ်။

ဘာကြောင့်လဲဆိုတော့ Ajay က ရှက်တတ်ပြီး နှုတ်အေးတဲ့လူတယောက်ဖြစ်တဲ့အပြင် Kajol ကတော့ အရမ်းကို ခင်မင်ရင်းနှီးလွယ်တဲ့ လူတယောက် ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ သမီး Nysa နဲ့ သား Yug တို့ရဲ့ မိဘတွေလည်း ဖြစ်ကြပါတယ်။

အခုလိုမျိုးအစီအစဉ်မှာ ပြောဆိုခဲ့ရာမှာတော့ မင်းသမီးက သူ့ရဲ့ သားသမီး နှစ်ယောက်ဟာ သူ့ရဲ့ ရုပ်ရှင်တွေကို မကြိုက်တဲ့အကြောင်းနဲ့ “Golmaal” လိုမျိုး ပျော်ဖို့ကောင်းတဲ့ ရုပ်ရှင်တွေမှာသာ သရုပ်ဆောင်စေချင်တဲ့ အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

သူက “ကျမကလေးနှစ်ယောက်လုံးက ကျမရဲ့ ရုပ်ရှင်တွေကို မကြိုက်ကြဘူးလေ။ ကျမရဲ့ ရုပ်ရှင်တွေကိုလည်း သူတို့ မကြည့်ကြဘူး။ သူတို့ပြောပုံအရ ကျမရဲ့ ရုပ်ရှင်တွေထဲ မှာ ကျမက သိပ်ငိုလို့တဲ့။ ပြီးတော့ ပျော်ဖို့ကောင်းတဲ့ ရုပ်ရှင်ကိုလည်း မရိုက်လို့တဲ့။ ဒါကြောင့် ကျမက “Golmaal” လိုမျိုး ရုပ်ရှင်တွေကို ပိုရိုက်သင့်တာပါ။ မင်းသမီး Kajol ဟာ နောက်ဆုံးအနေနဲ့ “Helicopter Eela” ဆိုတဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref:indianexpress

The post Ajay Devgn နဲ့ လက်ထပ်ပွဲကို ဘယ်သူမှ လက်မခံပေးခဲ့ကြကြောင်း မင်းသမီး Kajol ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...