Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အင်တာဗျူးကို နောက်ကျမှရောက်လာပြီး အရက်မူးနေခဲ့လို့ တောင်းပန်လိုက်တဲ့ Kim Ji Soo

$
0
0

ကိုရီးယားမင်းသမီး Kim Ji Soo နဲ့ သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ Namoo Actors တို့က မင်းသမီးအနေနဲ့ အင်တာဗျူးမှာ ပါဝင်ပြောဆိုဖို့ နောက်ကျမှရောက်လာခဲ့ပြီး အရက်မူးနေခဲ့တဲ့အတွက် တောင်းပန်လိုက်ပါတယ်။

မင်းသမီးဟာ သူု့ရဲ့ “Intimate Strangers” ရုပ်ရှင်အထူးပွဲ မတိုင်ခင် ဆိုးလ်မြို့မှာရှိတဲ့ ကော်ဖီဆိုင်တခုမှာ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စကားဝိုင်း အင်တာဗျူးကို မိနစ် ၄၀ နောက်ကျပြီးမှ ရောက်လာခဲ့တာဖြစ်ပါတယ်။

မင်းသမီး ရောက်လာတဲ့အချိန်မှာ သူ့မျက်နှာကိုဖုံးတဲ့ ဦးထုပ်ကို ဝတ်ဆင်လာခဲ့ပြီး သူ့မျက်လုံးကိုတောင် မနည်းဖွင့်ဖို့ ကြိုးစားနေရတယ်လို့ သတင်းတွေမှာဆိုပါတယ်။ အဲဒီလိုမျိုး နောက်ကျမှရောက်လာတာကို တောင်းပန်ခဲ့ပြီးတဲ့နောက် အင်တာဗျူးစတင်ခဲ့ပါတယ်။ ဒါပေမယ့် မင်းသမီး Kim ဟာ မေးခွန်းတွေကို ပြန်လည်ဖြေဆိုနိုင်ခဲ့တာ မရှိခဲ့ဘဲ၊ စကားပြောတွေက ရှုပ်ထွေးနေတဲ့အပြင် ခေါင်းတောင် မမော့နိုင်ခဲ့ဘူးလို့ သိရပါတယ်။

သတင်းထောက်တဦးက “မင်းသမီးကို အရက်မူးနေတာတော့ မဟုတ်ပါဘူးနော်”လို့ မေးမြန်းခဲ့ရာမှာတော့ သူက “ဟုတ်ပါတယ်။ ကျမ အရက် မမူးသေးပါဘူး။ မနေ့က ရုပ်ရှင်ကြည့်ခဲ့ပြီးတဲ့နောက် အပြင်ထွက် ညစာစားပြီး သောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ အဆင်ပြေပါတယ်။ ကျမ မေးခွန်းတွေကို ဖြေနိုင်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီသတင်းထောက်ကပဲ မင်းသမီးအနေနဲ့ မေးခွန်းတွေကို ဆက်ဖြေနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောတဲ့အခါမှာတော့ မင်းသမီးက “ဘာလို့လဲ။ ကျမအဆင်ပြေပါတယ်။ ရှင်စိတ်မကောင်း ဖြစ်သွားတာလား” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆုံးမှာတော့ မင်းသမီး Kim ဟာ သူ့ရဲ့အေဂျင်စီမှ ဝန်ထမ်းတဦးက အင်တာဗျူးကနေ ခေါ်ထုတ်သွားခဲ့ပြီး အဲဒီ ဝန်ထမ်းရဲ့အဆိုအရ မင်းသမီးဟာ နံနက် ၃ နာရီအထိ ရုပ်ရှင်ကို ကြည့်ရှုနေခဲ့တာဖြစ်တဲ့အကြောင်းနဲ့ မင်းသမီးဟာ လောလောလတ်လတ် အရက်သောက်ထားတာ မဟုတ်ဘဲ အရက်နာကျတာ ပိုမိုဆိုးရွားနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့အတွက် မင်းသမီးရဲ့ အင်တာဗျူးအားလုံးကို ဖျက်သိမ်းလိုက်ရပါတယ်။ အခုတော့ မင်းသမီးနဲ့ သူ့ရဲ့အေဂျင်စီဖက်ကနေ တောင်းပန်စာတွေ ထုတ်ပြန်ထားပါတယ်။

Ref: soompi

The post အင်တာဗျူးကို နောက်ကျမှရောက်လာပြီး အရက်မူးနေခဲ့လို့ တောင်းပန်လိုက်တဲ့ Kim Ji Soo appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...