Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးဟာ ခက်ခဲတဲ့ အလုပ်တခုဖြစ်ကြောင်း ဒေးဗစ်ဘက်ခမ်း ဝန်ခံ

$
0
0

ကမ္ဘာကျော် ဘောလုံးအကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းက ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်းနဲ့ အိမ်ထောင်ရေးဟာ အမြဲတစေ ခက်ခဲတဲ့ အလုပ်တခုဖြစ်ခဲ့တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

၁၉ နှစ်အထိ ရှိလာခဲ့ပြီဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းဟာ လက်ထပ်ခဲ့တာ အချိန်ကြာမြင့်လာတာနဲ့ အမျှ ပိုပြီး ရှုပ်ထွေးလာခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်က “ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အချိန် ကာလတခုမှ လက်ထပ်ခဲ့တာကို ကြည့်မယ်ဆိုရင် အမြဲခက်ခဲတဲ့ အလုပ်တခု ဖြစ်ခဲ့ပါတယ်။ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့ပါတယ်” လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ ဘရွက်ကလင်း၊ ရိုမီယို၊ ခရုဇ်၊ ဟာပါတို့ရဲ့ မိဘနှစ်ဦးလည်း ဖြစ်ပါတယ်။ ဖခင် ဒေးဗစ်ကတော့ သူ့ဘဝမှာ ဖခင်ဘဝဟာ သေးငယ်တဲ့အရာတခု ဖြစ်တဲ့အကြောင်း ဝန်ခံပြောဆိုထားပါတယ်။

သြစတေးလျ ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ “The Sunday Project” နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အမြည်းဗီဒီယိုမှာ အသက် ၄၃ နှစ်အရွယ် ဒေးဗစ်က “တခါတလေ သေးငယ်တဲ့ ကိစ္စလေးတွေဟာ ကြီးမားတဲ့ ကွဲပြားခြားနားမှုကို ဖြစ်စေပါတယ်။ ကျနော့်ကလေးတွေနဲ့ အတူ အဲဒါကို ကျနော်သတိပြုမိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားကလည်း သူနဲ့ အင်္ဂလိန်ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်တို့ဟာ ခိုင်ခိုင်မာမာ ရှိနေကြဆဲဖြစ်ပြီး သူတို့နှစ်ဦးဟာ မိသားစုအဖွဲ့လေးအတွက် လေးစားမှုရှိကြတယ်လို့လည်း ပြောဆိုထားပါတယ်။

ဗစ်တိုးရီးယားက “တသီးတခြားစီ ခွဲနေတာထက် အတူတူနေတာဟာ ပိုပြီးခိုင်မာတယ်လို့ ကျမတို့နှစ်ယောက်လုံး သဘောပေါက် လက်ခံထားကြပါတယ်။ ဒါတွေအားလုံးဟာ မိသားစု အဖွဲ့လေးကြောင့်ပဲ ဖြစ်တယ်။ တသီးတခြားစီရှိ နေကြတာထက် ကျမတို့ ၆ ယောက်အတူရှိနေရင် ပိုခိုင်မာပါတယ်။ ကျမတို့က မိသားစုသံယောဇဉ်ကို လေးစားပါတယ်။ အဲဒါဟာ သော့ချက်ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ လူတချို့က ပြောနေတဲ့ ထင်ရာမြင်ရာတွေကိုလည်း မျက်ကွယ်ပြုထားကြောင်း ပြောဆိုထားပါတယ်။

ဗစ်တိုးရီးယားက “လူတွေက ကျမတို့ရဲ့ အနှစ် ၂၀ ကျော်ကြာ သက်တမ်းနဲ့ ပတ်သက်လို့ တောင်ပြောမြောက်ပြော ပြောကြတယ်။ ဒါကြောင့် ဒေးဗစ်နဲ့ ကျမက အဲဒီ ပေါက်ကရတွေကို လျစ်လျူရှုထားပြီး ပုံမှန်အတိုင်းပဲ နေထိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ ဘေးပတ်ဝန်းကျင်က လူတွေကြားထဲအထိ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လာမယ်ဆိုရင်တော့ အဲဒါက မတရားပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Ref: contactmusic

The post ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးဟာ ခက်ခဲတဲ့ အလုပ်တခုဖြစ်ကြောင်း ဒေးဗစ်ဘက်ခမ်း ဝန်ခံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...