Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ ဖခင် ဦးတင်ဝင်းသျှင်(မြန်မာစာ) ကွယ်လွန်

$
0
0

ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ ဖခင်ဖြစ်သူ ဦးတင်ဝင်းသျှင်(မြန်မာစာ)က ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ သေဆုံးချိန်မှာ အသက် ၇၇ နှစ်ရှိပြီး ရွှေဂုံတိုင် ဆေးရုံ ICU အထူးကြပ်မတ်ဆောင်မှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က သူရဲ့ Facebook မှာ ရေးသားထားပါတယ်။

”ကျမရဲ့ဖေဖေ ဦးတင်ဝင်းသျှင် (ရွှေမြန်မာစာ) အသက် ၇၇ နှစ်၊ SSC ရွှေဂုံတိုင်ဆေးရုံ ၊ ICU အထူးကြပ်မတ်ဆောင်မှာ ဒီမနက် (၆ နာရီ – ၂၅ မိနစ်) က ကွယ်လွန်သွားပါပြီ။ ဆေးရုံတင်ရန် ကူညီပေးခဲ့သော ရွှေကြာ( လူမှူကူညီရေး အသင်း) အစ်မ မရွှေကြာနှင့် အဖွဲ့၊ အထူးကုဆရာဝန်ကြီး Dr. ဦးဆန်းလွင်း၊Dr. ဒေါ်မိမိချို SSC ဆေးရုံ ICU မှတာဝန်ကျ ဆရာဝန် များ၊သူနာပြုများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ စိတ်ပူပေးကြသော၊ ဆွေမျိုး မိတ်ဆွေများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်” လို့ ကြည်ဖြူသျှင်က ရေးသားထားပါတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ တီဗီကြော်ငြာ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများစွာထဲကမှ နောက်ဆုံးရုံတင်ဖြစ်လိုက်တဲ့ “ဇာတိမြေ” ရုပ်ရှင် ဇာတ်ကားက မြန်မာနိုင်ငံမှာရော၊ ဂျပန်နိုင်ငံမှာပါ ပြသခဲ့ပါတယ်။

အခုချိန်မှာ ဒါရိုက်တာ ကြည်ဖြူသျှင်က ဇာတ်ကားတွေ အရိုက်နည်းနေပြီး ဘဝမှတ်တိုင်အဖြစ် ကျန်ခဲ့မယ့် ဇာတ်ကားများကိုသာ ရိုက်ကူးမယ်လို့ ဧရာဝတီကို ဖြေဆိုဖူးပါတယ်။ စီပွားရေးလုပ်ငန်းလည်း လုပ်ကိုင်နေတဲ့ ကြည်ဖြူသျှင်က Dnae အမှတ်တံဆိပ်နဲ့ သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားတဲ့ အလှကုန်များကိုလည်း ထုတ်လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။

အခုချိန်မှာ ဒါရိုက်တာ ကြည်ဖြူသျှင်က ဇာတ်ကားတွေ အရိုက်နည်းနေပြိး ဘဝမှတ်တိုင်အဖြစ် ကျန်ခဲ့မယ့် ဇာတ်ကားများကိုသာ ရိုက်ကူးမယ်လို့ ဧရာဝတီကို ဖြေဆိုဖူးပါတယ်။ စီပွားရေးလုပ်ငန်းလည်း လုပ်ကိုင်နေတဲ့ ကြည်ဖြူသျှင်က Dnae အမှတ်တံဆိပ်နဲ့ သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားတဲ့ အလှကုန်များကိုလည်း ထုတ်လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ
“ဘဝမှာ မှတ်တိုင်အဖြစ် ကျန်ခဲ့မယ့် ကားတွေပဲ ရိုက်တော့မယ်” ဆိုတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်
“ဇာတိမြေအတွက် နောက်ဆုံး မျှော်လင့်ချက်လေးနဲ့ မျှော်လင့်နေပါသေးတယ်”

The post ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ ဖခင် ဦးတင်ဝင်းသျှင်(မြန်မာစာ) ကွယ်လွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...