Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် Taylor Swift လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်

$
0
0

အဆိုတော် Taylor Swift ဟာ မကြာခင် လက်ထပ်တော့မယ့် သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း Karlie Kloss ရဲ့ ခြေလှမ်းတွေအတိုင်း ဆက်လျှောက်မယ့်ပုံစံမှာ ရှိနေပါတယ်။

အဆိုတော် Taylor Swift ဟာ လက်ရှိချစ်သူ Joe Alwyn နဲ့ တိတ်တဆိတ် စေ့စပ်လိုက်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေပြီး သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲအတွက် လိုအပ်တာတွေနဲ့ ပတ်သက်လို့ ပြောဆိုနေကြပြီလု့ိ ဆိုပါတယ်။

သတင်းရင်းမြစ်တခုက ဗြိတိသျှ မင်းသား Joe ဟာ ချစ်သူ Taylor Swift ကို လှပတဲ့ စေ့စပ်လက်စွပ်တကွင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားထားကြောင်း ဖော်ပြထားပါတယ်။ အသက် ၂၈ နှစ်အရွယ် အဆိုတော် Taylor Swift ဟာ Joe ရဲ့ မူရင်းနိုင်ငံ အင်္ဂလန်မှာ လက်ထပ်ပွဲပြုလုပ်ဖို့ စိတ်ကူးရှိတယ်လို့လည်း ဆိုပါတယ်။

အတွင်းသတင်းတခုက “Taylor ဟာ Meghan Markle ရဲ့ တော်ဝင်လက်ထပ်ပွဲအတိုင်း လုပ်ချင်နေပါတယ်။ သံစုံတီးဝိုင်းရဲ့ တီးခတ်မှုနဲ့ ဂန္တဝင်ဆန်တဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ လက်ထပ်ပွဲ လုပ်ဖို့ စိတ်ကူးထားပြီး ရှည်လျားတဲ့ ရထားပေါ်ကနေ အဖြူရောင်ဝါဝန်နဲ့ ဆင်းလာတာမျိုးကို သဘောကျနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့လက်ထပ်ပွဲမှာ သတို့သမီးအရံ ၁၂ ယောက်လောက်အထိ ရှိစေချင်ပြီး အဲဒီအထဲမှာ အခင်ဆုံးသူငယ်ချင်း Selena Gomez ကိုလည်း ပါဝင်စေချင်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တခုက “သူတု့ိ (Swift နဲ့ Selena) နှစ်ဦးဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တာ နှစ်တော်တော် များများ ကြာခဲ့ပြီး ဘဝလောကဓံတွေအားလုံးကို ဖြတ်သန်းပြီး တဦးကိုတဦး ခင်တွယ်ခဲ့ကြတာပါ။ Swift အနေနဲ့ မှီခိုပြီး ယုံကြည်နိုင်ငံတဲ့ အနည်းငယ်သော လူတွေထဲမှာ Selena လည်း တဦးအပါအဝင်ပါ” လို့ ပြောဆိုပါတယ်။

အဆိုတော် Swift ကတော့ အသက် ၃ဝ မတိုင်မီ ကလေးချီချင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ သတင်းရင်းမြစ်တခုကတော့ “သူတို့ချစ်သူနှစ်ဦးဟာ ယုံကြည်ချက်တွေကို မျှဝေပြီး Swift လိုမျိုးပဲ Joe ဟာလည်း မိသားစုကို ဦးစားပေးတဲ့သူပါ။ Swift ရဲ့ မျက်လုံးထဲမှာတော့ ချစ်သူဟာ ခင်ပွန်းကောင်း တယောက်နဲ့ ဖခင်တယောက် ဖြစ်လာလိမ့်မယ်လို့ မြင်ထားတာပါ” လို့ပြောကြားခဲ့ပါတယ်။

Swift နဲ့ Joe တို့ဟာ ၂၀၁၇ ခုနှစ်၊ မေလမှာ တွဲနေကြပြီဖြစ်တဲ့အကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို လျှို့ဝှက်အနေနဲ့သာ ထားရှိထားပါတယ်။

Pennsylvania ပြည်နယ် မွေးဖွားခဲ့တဲ့ Swift ဟာ လက်ရှိမှာ “Reputation” အမည်ရှိနယ်လှည့်ဖျော်ဖြေပွဲ နဲ့ အလုပ်များနေပြီး ပြီးခဲ့တဲ့ နယူးယောက်ရုပ်ရှင်ပွဲတော်မှာလည်း “The Favourite” ဆိုတဲ့ သူ့ရဲ့ ရုပ်ရှင်အသစ်ကို ပြသထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက Central Park မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲပြီးပါတီကနေ လက်ချင်းချိတ်ပြီး ပြန်သွားတဲ့ သူတို့ချစ်သူနှစ်ဦးကို မြင်တွေ့လိုက်ရပါတယ်။ သူတု့ိနှစ်ဦးဟာ ပါတီရဲ့ VIP ဧရိယာမှာ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

Ref: aceshowbiz

The post အဆိုတော် Taylor Swift လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...