Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကားရိုက်တွေ နည်းသွားလို့ အရင်ကထက် အချိန်တွေ ပိုလာပြီး ခရီးတွေထွက်တယ်

$
0
0

ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တာ တွေ့ရနည်းတဲ့ သရုပ်ဆောင် ယုသန္တာတင်က ဒီတပတ်ထဲမှာ “အနက်ရှိုင်းဆုံး ပင်လယ်” ဗီဒီယိုကားကို သရုပ်ဆောင် လူမင်း၊ သရုပ်ဆောင်သစ် ဟိန်းကိုကိုကျော်တို့နဲ့ တွဲဖက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

“ဗီဒီယိုကားတွေလည်း မရိုက်ဖြစ်တာ ကြာပြီ။ ဒီကားလေးက ဗီဒီယိုကားလည်း ဖြစ်တယ်။ ဒရာမာဇာတ်လေးလည်း ဖြစ်တော့ ရိုက်ဖြစ်တာပေါ့။ ဗီဒီယိုဆိုတော့ ရုပ်ရှင်ထက်စာရင် ပရိသတ်လက်ထဲကို မြန်မြန်ရောက်မှာလေ”လို့ ယုသန္တာတင်က ပြောပါတယ်။

ယနေ့ခေတ်မှာ ဗီဒီယိုဈေးကွက် ပျက်ယွင်းလာပြီး ယခင်လောက် ကားရိုက်တွေ နည်းသွားတဲ့အပေါ်ကိုလည်း ယုသန္တာတင်က အခုလိုပဲ ဆိုပါတယ်။

“ခေတ်အခြေအနေအရ ကားရိုက်နည်းသွားတဲ့အတွက် အရင်ကထက်စာရင် အချိန်ပိုလေးတွေ ရှိလာတယ်။ အချိန်တွေ ပိုလာတဲ့အခါကျတော့ ခရီးတွေ ထွက်ဖြစ်တယ်။ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ရုပ်ရှင်ကားအသစ်တွေ ထွက်ရင် ကြည့်ဖြစ်တယ်။ အရင်ကတော့ အလုပ်တွေ လုပ်နေတော့ အားတဲ့အချိန်ကျမှ ရုပ်ရှင်ကြည့်ဖြစ်တာလေ။ ခုကျတော့ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်များများ ပိုထွက်လာတာပေါ့”လို့ ယုသန္တာတင်က ဆိုပါတယ်။

အခုနောက်ပိုင်း ဘယ်လို အချစ် ဇာတ်လမ်းမျိုးကိုမှ ရွေးချယ်လက်ခံဖြစ်လဲဆိုတာနဲ့ ပတ်သက်ပြီး “ဘယ်လို အချစ်ကားမျိုးမှ လက်ခံတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်ဆိုရင် ကိုယ်လုပ်နိုင်လားဆိုပြီး ရိုက်ကြည့်ပါတယ်။ အဓိက ဇာတ်ပေါ်မှာပဲ မူတည်မှာပါ။ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်က ကိုယ်သဘောကျတဲ့၊ ကိုယ်လုပ်ချင်တဲ့ဇာတ်ဆို ရိုက်ဖြစ်မှာပါ”လို့ ယုသန္တာတင်က ပြောပါတယ်။

သရုပ်ဆောင် ယုသန္တာတင်က မင်းသားသစ် ဟိန်းကိုကိုကျော်နဲ့ အတူ ပထမဆုံးတွဲဖက် သရုပ်ဆောင်တာ ဖြစ်ပြီး အသစ်တယောက်နဲ့ ရိုက်ကူးရတဲ့အခါ ကိုယ့်ဖက်က တွဲခေါ်ရတဲ့ အနေအထားတွေ ရှိလားဆိုတဲ့ အမေးကိုလည်း အခုလိုပဲ ဖြေပါတယ်။

“တွဲခေါ်တယ် ဆိုတာထက် ဒါရိုက်တာ ဦးညီ (ညွှန့်မြန်မာညီညီအောင်) ရော၊ အန်ကယ်လေး (လူမင်း) ရောက ယုကိုရော၊ ဟိန်းကိုကိုကျော်ကိုရော သင်ပေးကြတာပေါ့နော်။ ကိုယ်က တွဲခေါ်စရာမလိုဘူးလေ။ အရှေ့မှာ ဝါရင့်တဲ့ အနုပညာရှင်ကြီးတွေ ပါတဲ့အတွက် ကိုယ်ကဘာမှ လုပ်ပေးစရာ မလိုပါဘူး။ သရုပ်ဆောင်သစ်ဆိုတာထက် အဓိက ဇာတ်လမ်း ကောင်းတာရယ်။ ဒရာမာဇာတ်လည်း ဖြစ်လို့ ရိုက်ဖြစ်တာပါ။ မိဘမေတ္တာရော၊ ၁၅၀၀ အချစ်ရောပါတဲ့ ဒရာမာဇာတ်လမ်းမလို့ပါ”လို့ ယုသန္တာတင်က ဆိုပါတယ်။

သရုပ်ဆောင် ယုသန္တာတင်ကတော့ အနုပညာပျိုးခင်းကနေ တဆင့် စင်တင်ပေးခဲ့တဲ့ မင်းသမီး တလက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေမှာ ခပ်နှေးနှေးသာ တွေ့ရတဲ့ သူမကတော့ မကြာခဏဆိုသလို ခရီးတွေ သွားတတ်ပြီး ခရီးသွားဝါသနာပါတဲ့သူလည်း ဖြစ်ပါတယ်။

အနုပညာရှင်တယောက် အနေနဲ့ Stress ဖြေလျော့နည်းကိုလည်း ယုသန္တာတင်က အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ကိုယ်တွေလည်း သီချင်းနားထောင်တာပဲ။ တခါတလေ အပြင်တွေသွားဖြစ်တဲ့အခါလည်းသွားတယ်။ မသွားဖြစ်ရင်တော့ အိပ်လိုက်တာပဲ။ အိပ်လိုက်တာကတော့ ကိုယ့်အတွက် Stress အဖြေလျော့ဆုံးနည်းပဲ”လို့ ယုသန္တာတင်က ဆိုပါတယ်။

The post ကားရိုက်တွေ နည်းသွားလို့ အရင်ကထက် အချိန်တွေ ပိုလာပြီး ခရီးတွေထွက်တယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...