Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သမီး ၃ ယောက်လုံးကို ညီတူမျှတူ ချစ်တယ်၊ အားလုံးက ကျနော့်အတွက် အရေးကြီးတယ်”

$
0
0

အနုပညာလုပ်ငန်းတွေနဲ့ ၁၀ နှစ်ကျော်ကြာ ဝေးကွာနေပြီဖြစ်တဲ့ အဆိုတော် အာဘွိုင်းတယောက် “Our Travel Diaries” ဆိုတဲ့ Facebook Page ကို Entertainment တခုအနေနဲ့ တင်ဆက်နေပြီး Page ကို ကြည့်ပြီး ခရီးသွားကြတဲ့သူတွေလည်း ရှိတာကြောင့် ဝမ်းသာတယ်လို့ ဆိုပါတယ်။ အာဘွိုင်းက အခုချိန်မှာတော့ သမီး ၃ ယောက်ရှိပြီး သမီး ၃ ယောက်က သူ့ဘဝအတွက် အရေးကြီးဆုံးပါလို့ ဧရာဝတီကို ပြောပါတယ်။

သမီး ၃ ယောက်ရဲ့ ဖခင် အဆိုတော် အာဘွိုင်း (Ah Boy) ကို သူလက်ရှိလုပ်ကိုင်နေတဲ့ Facebook Page အကြောင်း၊ သမီးလေးတွေအပေါ် ဘယ်လို အချိန်ပေးဖြစ်လဲဆိုတာနဲ့ အနုပညာအလုပ်တွေကနေ ဘာကြောင့် နားလိုက်သလဲဆိုတာတွေကို Ah Boy နဲ့ တွေ့ဆုံစဉ် အခုလိုပဲ မေးမြန်းထားပါတယ်။

မေး။ ။ Our Travel Diaries ဆိုတဲ့ page လေး လုပ်ဖြစ်ပုံ ပြောပြပေးပါဦး။

ဖြေ။ ။ ကျနော်နဲ့ ကျနော်တို လင်မယားနှစ်ယောက် အနုပညာလှုပ်ရှားမှု သိပ်မရှိတော့တာကြောင့် လက်တဆုပ် စာလောက်ရှိတဲ့ ပရိသတ်တွေနဲ့ အလှမ်းမဝေးအောင် ကျနော်တို့ ခရီးသွားတာတွေ အစားအသောက်တွေနဲ့ ပတ်သက်ပြီး အဲ့ page လေးကနေ တင်ဆက်ပေးပါတယ်။ ကျနော့်အလုပ်ကလည်း နေရာစုံ သွားနေရတော့ ရောက်တာလေးတွေကို ပြန်လည်မျှဝေမယ်ဆိုပြီးလုပ်ဖြစ်တာပါ။

မေး။ ။ ထပ်ပြီးဘယ်နိုင်ငံတွေ သွားဖို့ ရှိမလဲ။

ဖြေ။ ။ ဒီဇင်ဘာလောက်ကို ခရီးတွေ သွားဖို့ရှိတယ်။ ခရစ်စမတ်မှာ ကျနော့် အမျိုးသမီး (မြတ်ရတနာကျော်)က နှင်းကျတာကြည့်ချင်တယ်ဆိုလို့ နေရာတွေရွေးရင်း ဂျပန်ကိုတော့ ရွေးထားတယ်။ အဲ့ချိန်ဂျပန်မှာ နှင်းကျ၊ မကျတော့ မသိဘူး။ အေးတာလေးကြောင့် Relax ဖြစ်တာပေါ့။

မေး။ ။ အစ်ကို့ page လေးကို ကြည့်ပြီး နေရာစုံ မရောက်သေးတဲ့သူတွေလည်း ရောက်ရတယ်၊ ရောက်ပြီးသားသူတွေကလည်း အစားသောက်နေရာတွေကို တွေ့ကြရတော့ ပရိသတ်တွေက သဘောကျတယ်၊ အဲ့အပေါ်ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော် ပီတိဖြစ်ရတယ်။ ကျနော်စပြီး တင်ဆက်တည်းက Entertainment တခုအနေနဲ့ပဲ တင်ဆက်တာပေါ့။ မျှော်လင့်ပြီးတင်ဆက်တာ မဟုတ်ဘူး။ ကျနော် page လေးကြည့်ပြီး ခရီးသွားကြတဲ့ သူတွေလည်း ရှိတယ်။ ပြန်လည်းပြောပြတော့ ဝမ်းသာရတယ်။

မေး။ ။ သမီးလေး မမွေးခင်က ဗီဒီယိုလေးတွေ တင်ဖြစ်တာနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။

ဖြေ။ ။ အခုမှ ကလေးရဖူးတာ ကျနေတာပဲလို့ ပြောကြတယ်။ အမှန်တိုင်းပြောရင် သမီးအကြီးမွေးတုန်းက ကျနော့် အသက်က၂၁ ပဲ ရှိသေးတယ်။ ကလေးက ကလေးပြန်မွေးတဲ့အချိန် ကျနော်လုပ်ပေးရကောင်းမှန်း မသိတာတွေ ရှိခဲ့တယ်။ လိုအပ်ချက်လို့ပဲ ခေါ်မလားပေါ့။ ဒီတယောက်မှာ မဖြစ်ချင်ဘူး။ သူ့ကိုလည်း အမှတ်တရ ဖြစ်စေချင်တယ်။ လူတွေက ဘယ်လိုထင်လဲ မသိဘူး။ ကျနော်နဲ့ ကျနော့်သမီးအကြီးက အတူတူ နေတာ။ သမီးအလတ်ပဲ ဟိုဘက်အိမ်မှာ နေတာ။ ၃ ယောက်လုံးကို အရမ်းချစ်တယ်။ မချစ်ပဲ နေမလားဗျာ။ ကျနော့် သမီးတွေပဲ။ ဘယ်သူ့ကိုမှလည်း စိတ်အားမငယ်စေချင်ဘူး။ ညီတူမျှတူ ချစ်တယ်။ အားလုံးက ကျနော့်အတွက် အရေးကြီးတယ်။

မေး။ ။ သမီးတွေကို ဘာဖြစ်စေချင်တယ် ဆိုတာမျိုး ရှိလား။

ဖြေ။ ။ မရှိပါဘူးဗျာ။ ကျနော်က ပျော်ပျော်နေတတ်တယ်။ ကျနော့်ကို ချုပ်ချယ်ရင် မကြိုက်ဘူး။ သမီးတွေကိုလည်း ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုပြီး ချုပ်ချယ်မှာ မဟုတ်ဘူး။ သူတို့ဘာလုပ်ချင်လဲကို ကျနော်ကြည့်ပြီး လိုအပ်တာတွေ ထောက်ပံ့ပေးမှာပါ။

မေး။ ။ ကလေးတွေကို အချိန် ဘယ်လိုပေးဖြစ်လဲ။

ဖြေ။ ။ ကျနော့်သမီးအကြီးနဲ့ အငယ်ဆုံးလေးကတော့ နေ့တိုင်းအိမ်မှာဆိုတော့ တွေ့နေတာပေါ့လေ။ ကျနော့် အလုပ်က အရမ်းခရီးသွားရတော့ အကြီးနဲ့ အငယ်ကိုတော့ အတတ်နိုင်ဆုံး အချိန်ပေးဖြစ်တယ်။ အလတ်လေးကိုသာ အချိန်ပိုပေးဖို့ လုပ်ရမယ်။ သမီးအလတ်က ကျနော်နဲ့ မနေဘူး။ တပတ်တခါလောက်တော့ အလည်လာတယ်။ သမီး ၃ ယောက်လုံးကတော့ ကျနော့်အတွက် အရေးကြီးဆုံးတွေဖြစ်တာကြောင့် သူတို့ဖြစ်ချင်တာတွေ ဖြစ်ရအောင် ကျနော် ကြိုးစားနေတယ်။

မေး။ ။ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။

ဖြေ။ ။ ကျနော့်ကို တော်တော်ကို ဝေဖန်ပြောဆိုကြတယ်။ ကျနော်တွေ့ဖူးတယ်။ ကျနော်ဆိုးလည်း ဆိုးတာပေါ့ဗျာ။ အာဘွိုင်းဆိုတာနဲ့ ဆဲဖို့ကို Ready ပဲ။ ဒီကောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့။ ကျနော့်ကို သိလားဆိုတော့လည်း မသိဘူး။ ကျနော့်ကိုပြောဆိုတယ် သိတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ ဘာမှမဖြစ်ဘူး။ အေးဆေးပဲလေ။ အနုပညာ ဆက်လုပ်နေတယ်ဆိုရင်တော့ တမျိုးပေါ့။ ကိုယ်ကလည်း အမှန်တိုင်းပြောရရင် အနုပညာ မလုပ်တာ ၁၀ နှစ်လောက် ရှိပြီ။ ကျနော့်မိသားစုနဲ့ အလုပ်နဲ့ အေးဆေးနေတယ်။ ကိုယ်လုပ်နေတဲ့ အရာက ကိုယ့်မိသားစုပျော်နေဖို့ အဓိကဆိုတဲ့ စိတ်နဲ့ပဲ ကျနော်ရှေ့ဆက်နေတယ်။

မေး။ ။ အနုပညာ အလုပ်တွေ နားလိုက်တာက ဘာကြောင့်လဲ။

ဖြေ။ ။ ကျနော်၂၀၀၄၊၂၀၀၅ လောက်ကတည်းက လုပ်တာ အခု ၂၀၁၈ တောင် ရောက်နေပြီပေါ့။ ကျနော်တို့ အရင်နဲ့တော့ မတူဘူးပေါ့။ အခုက လူသိမြန်တယ်။ ငယ်ငယ်တုန်းကလောက် မရုန်းကန်ကြရဘူး။ ဘာဖြစ်လဲဆိုတော့ ဒါနဲ့ ကျနော် ရပ်တည်လို့ မရဘူး။ ကျနော်ကလည်း သားအကြီးဆုံးဆိုတော့ ကျနော့်ညီတွေ၊ ညီမတွေကို ကြည့်ရမယ်။ သမီးတွေရှိတော့ ကျနော့်အဖေ အလုပ်ကို လွှဲပြောင်းယူမှရမယ့် အနေအထားမို့ စီးပွားရေး အလုပ်ကိုပဲ လုပ်မှရမယ်။ အနုပညာက အချိန်တခုပေးရတယ်။ အဲ့အတွက် အချိန်မပေးနိုင်တော့ဘူး။ အဲဒါကြောင့်ပါ။ ။

The post “သမီး ၃ ယောက်လုံးကို ညီတူမျှတူ ချစ်တယ်၊ အားလုံးက ကျနော့်အတွက် အရေးကြီးတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...