Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ခင်သီတာထွန်းနှင့် တွေ့ဆုံခြင်း

$
0
0

တချိန်က အနုပညာလောကမှာ သရုပ်ဆောင် အိုက်တင် အရမ်းကောင်းခဲ့သလို ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ အကယ်ဒမီ ရုပ်ရှင်မင်းသမီးကြီး ခင်သီတာထွန်းက အနုပညာလှုပ်ရှားမှုတွေမှာ မတွေ့မြင်ရတာ ကြာပါပြီ။

အနုပညာလုပ်ငန်းတွေ လုပ်ကိုင်တာ နည်းပါးသွားတာနဲ့ ပတ်သက်ပြီး ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ခင်သီတာထွန်းကို သူတို့ခေတ်က အနုပညာလောကနဲ့ ယနေ့ခေတ် အနုပညာလောကတို့ရဲ့ ကွာခြားပုံအကြောင်း၊ သူ့ရဲ့ အမြင်တွေကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ချစ်ပိုးက အခုလိုပဲ တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ အန်တီခင်သီတာထွန်း အနုပညာလုပ်ငန်းတွေ နည်းသွားတာနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ။ ။ “တော်ဝင်ထွန်း” ရုပ်ရှင်ထုတ်လုပ်ရေး၊ ဖေဖေ ဒါရိုက်တာ ထွန်းမြင့်ထွန်း၊ ဦးလေး ဝိုင်းတင်အောင်မြင့်ဦး၊ အဒေါ်လည်း ဒါရိုက်တာပဲ။ သူတို့တွေ ရှိတုန်းက ရိုက်ပေးဖြစ်တယ်။ နောက် တူမလေးကြည်ဖြူသျှင် အထိလည်း ရိုက်ပေးဖြစ်တယ်။ နောက်ပိုင်း ဗီဒီယိုတွေ ခေါ်သေးတယ်။ အဲ့မှာ အန်တီက အိမ်ဆောက်နေတာမို့ မရိုက်ဖြစ်ဘူး။ အဲ့ကနေ ဝေးသွားတယ်။ နောက်ပိုင်း လူကြီးခန်းတွေကျတော့ မင်းသား၊ မင်းသမီးများတော့ အမျိုးသမီး လူကြီးတွေလည်း များတယ်။ ရုပ်ရှင်အစည်းအရုံးကနေတယောက် နည်းနည်းပါရမယ်ဆိုလည်း ပါပါတယ်။ အင်တာဗျူးတွေတော့ ရိုက်ဖြစ်တယ်။

မေး။ ။ အရင်တုန်းက အန်တီတို့ခေတ်နဲ့ အခုခေတ် ဘယ်လိုတွေ ကွာခြားသွားလဲ ပြောပေးပါဦး။

ဖြေ။ ။ အန်တီ ပထမ အကယ်ဒမီဆုကို ရတုန်းက ၉၅ ကားလောက်ထဲကနေ တကားပဲ ရတာ။ ဒုတိယ အကယ်ဒမီကို ၇၅ ကားလောက် ထွက်တယ်။ အဲ့ထဲကမှ တဆုပေါ့။ နောက်ဆုံး တတိယဆုကို ရတော့ ၆၂ ကားလောက်ထဲက တဆုပေါ့။ အခုက အရမ်း ပြန်တူသွားပြီ။ မနှစ်က ၅၆ ကားပဲ။ ဒီနှစ် ၈၀ ကျော်သွားပြီ။ ရွေးရတာ တော်တော်ခက်မယ်။ အန်တီက ပြောတယ်။ သရုပ်ဆောင်က အခက်အဆုံး ကျန်တာက ကိုယ့်ပညာပိုင်းကို ရွေးတာ အကြောင်း မဟုတ်ဘူး။ အခု အန်တီ သူတို့ကို အကြံပေးထားတယ်။ စာရေးဆရာ ၁၀ ယောက်၊ ဇာတ်ညွှန်း ၁၀ ယောက်၊ ဒါရိုက်တာ ၁၀ ယောက်ထည့်ပေးပါလို့ ပြောထားတယ်။

မေး။ ။ လက်ရှိ သရုပ်ဆောင်လောကကိုရော ဘယ်လို သုံးသပ်ဖြစ်လဲ။

ဖြေ။ ။ ကောင်းပါတယ်။ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ကြတဲ့ ကလေးတွေလည်း ကောင်းတယ်။ ဇာတ်လမ်းလေးတွေကလည်း ကောင်းတယ်။ ဒါပေမယ့် တကယ့် အကယ်ဒမီ ပေးရမယ့်ကားကြီးတွေကျတော့ ပိုပြီး သဘာဝကျရတယ်။ အမှား မခံတော့ဘူး။ စီးရီးတွေကျတော့ အဲ့လောက် မလိုဘူး။

မေး။ ။ အန်တီ့ကို ကမ်းလှမ်းတာတွေရှိရင် ရိုက်ကူးဖြစ်မလား။

ဖြေ။ ။ အခုကလည်း ကိုရီးယားလိုပဲ နည်းနည်းငယ်တဲ့သူလည်း လူကြီးလိုရိုက်ကြတာဆိုတော့ တကယ့်လူကြီး အစစ်တွေကို မခေါ်ဖြစ်တော့ပါဘူး။ အရေးကြီးပြီးခေါ်ရင်လည်း ပါဝင်ပေးဖို့ အဆင်သင့်ပါပဲ။

မေး။ ။ အခုခေတ် အနုပညာရှင်လေးတွေပေါ် အမြင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ အခုခေတ်က ကလေးတွေလည်း အရမ်းကြိုးစားကြပါတယ်။ ကိုယ်က မိုးပေါ်က နတ်သမီးကိုလိုချင်ပေမယ့် ရှိတဲ့ သရုပ်ဆောင်ကိုပဲ အားပေးရမှာပေါ့။ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှရည်၊ ဖွေးဖွေး၊ ရွှေမှုံရတီ၊ အေးမြတ်သူ စသဖြင့်ပေါ့။ သူတို့တွေ ကြိုးစားကြတယ်။ ရုပ်ရှင်လောကကို ကူညီနိုင်တဲ့ မင်းသား၊ မင်းသမီးတွေ ရှိနေသေးလို့ အန်တီတို့ကလည်း ဝမ်းသာနေရပါတယ်။

မေး။ ။ ပရိသတ်တွေအတွက် အမှတ်တရစကားလေး ပြောပြပေးပါဦး။

ဖြေ။ ။ ပရိသတ်တွေ ရုပ်ရှင်သမားတွေကို အပြစ်မြင်ရင်လည်း ခွင့်လွှတ်ပေးပါ။ လူတိုင်းကတော့ကြည့်တဲ့သူရော၊ သရုပ်ဆောင်တဲ့သူရော အကောင်းချည်းပဲ ဖြစ်ချင်ကြတာပဲလေ။ တချို့က ဘဝခရီး မကောင်းတာတို့ အဖြစ်ဆိုးတာတို့ အခု မင်းသွေးလေးလိုပေါ့။ သူလည်း ဘယ်ဖြစ်ချင်မလဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ အနုပညာရှင်တွေကို ချစ်ပေးကြပါလို့။ ရုပ်ရှင်ရုံတွေများလာဖို့ ဆုတောင်းပေးပါလို့။ ရုပ်ရှင်ရုံတွေများလာရင် အခုဆို အန်တီ စိတ်မကောင်းဖြစ်သွားတယ်။ “မှော်ကျောက်စာ”က၂၀၁၆ အကယ်ဒမီစာရင်းမှာ ပါတယ်။ ၂၀၁၈ မှ တင်ရတယ်။ ပရိုဂျူဆာတွေလည်း ဘယ်လို ဗိုက်ဟောင်းလောင်းနဲ့နေနေကြလဲ မသိဘူး။ ရုပ်ရှင်လောကအတွက် သူတို့က သူရဲကောင် းလုပ်နေကြတာ။ ရုံတွေများလာတော့ ပိုရိုက်နိုင်တာပေါ့။ ရုံတွေများရင် ဇာတ်ကား ပိုများလာမယ်။ ကြည့်တဲ့ပရိသတ်ကလည်း ကြည့်ချင်ပြီ။ နယ်နဲ့ ရန်ကုန်နဲ့ တပြိုင်နက်တည်း ကြည့်လို့ ရမယ်။ အခုချိန်ထိ အန်တီ့ကို အားပေးနေကြသေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ ။

The post ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ခင်သီတာထွန်းနှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...