Quantcast
Viewing all articles
Browse latest Browse all 7343

ရည်းစားထားချင်စိတ် မရှိလို့ အပျိုကြီးလုပ်မယ့် ငွေမှုံရတီ

သရုပ်ဆောင် ငွေမှုံရတီက အစ်မဖြစ်သူ ရွှေမှုံရတီနဲ့ တိုင်တိုင်ပင်ပင်ရှိသလို အစ်မဖြစ်သူကိုလည်း သူမက လေးစားပြီး လက်ရှိမှာ ရွှေမှုံရတီနဲ့ ရွှေထူးတို့ ချစ်သူစုံတွဲ နှစ်ဦးက ပျော်ရွှင်နေတယ်လို့ ငွေမှုံရတီက ဆိုပါတယ်။

“လူတွေပြောတာ မှန်တယ်။ သူ (ရွှေမှုံရတီ)က အရမ်းကို စိတ်မာတယ်။ အခု သူတို့နှစ်ယောက် (ရွှေမှုံရတီနဲ့ ရွှေထူး) က Happy လေ။ ညီမက မရဘူး။ တခုခုဆို စိတ်တိုလွယ်တယ်၊ စိတ်ဆိုး လွယ်တယ်။ သူကတော့ မဟုတ်ဘူး။ ငါ့ကို အဲ့လို ပြောထားပါလား ဆိုပြီးတော့ သူကြည့်တယ်။ ပြီးရင်ကျော်သွားတယ် နင့်စိတ်ကိုတော့ ငါတကယ် လေးစားတယ်လို့”

“ညီမက သူများကို လိုက်မကြည့်တတ်ဘူး။ ကိုယ့်ဟာကိုယ် နေတတ်တော့ သူတို့ ဒီနေ့ ဘာဟင်းနဲ့ စားလဲ၊ ဘာလုပ်လဲ လိုက်မကြည့်တတ်ဘူး။ သဲနဲ့ အများကြီးလည်း တိုင်ပင်ဖြစ်ပါတယ်။ သူအခု ကံကောင်းနေပါပြီ။ တည်ငြိမ်နေပြီး ပျော်လည်းပျော်ရွှင်နေပြီ ဆိုတော့ ဒီဘဝလေးကိုပဲ ဆက်လက်ထိန်းသိမ်းထားစေချင်ပါတယ်။ သူတို့ နှစ်ယောက်လုံးကလည်း ချစ်ဖို့ကောင်းပါတယ်”လို့ ငွေမှုံရတီက ဆိုပါတယ်။

ငွေမှုံရတီကတော့ ချစ်တတ်ပေမယ့် ရည်းစားထားချင်စိတ် မရှိသေးဘဲ အပျိုကြီးလုပ်ဖို့လည် းစဉ်းစားထားတယ်လို့ ဆိုပါတယ်။

“ညီမ ဒီဇင်ဘာလောက်မှာ ဇာတ်ကားရိုက်ဖို့ ရှိတယ်။ ဇာတ်တော့ မသိသေးဘူး။ ကဲကဲလည်း ချစ်တတ်တာပေါ့။ ကိုယ်ကလည် းအားမကျပါဘူး။ ငွေမှုံရတီတို့က ငြိမ်ငြိမ်ပဲ။ ရည်းစားထားချင်စိတ် မရှိသေးတာ။ ရည်းစားထားချင်ရင် ထားမှာ။ ညီမရည်းစားထားလို့ရှိရင် တလောကလုံး သိတယ်။ အပျိုကြီးလုပ်မှာ။ လောလောဆယ် အဲ့ဘက်ကို စိတ်မပါသေးတာပေါ့”လို့ ငွေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီရဲ့ ညီမဖြစ်သူ ငွေမှုံရတီဟာ ဗီဒီယို ဇာတ်ကားတော်တော်များများကို လက်ခံရိုက်ကူးနေပြီး အစ်မဖြစ်သူ ရွှေမှုံရတီ အောင်မြင်သလို ငွေမှုံရတီကလည်း အောင်မြင်အောင် ကြိုးစားနေတဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

ငါးစိမ်းသည် ဇာတ်ရုပ်နဲ့ ရုပ်ရှင်ကားကြီး တကား ရိုက်ကူးဖို့ ရှိတဲ့ ငွေမှုံရတီ

သူ မအောင်မြင်ခဲ့တဲ့ ဆယ်တန်း၊ ညီမဖြစ်သူကို အောင်စေချင်တယ် ပြောတဲ့ ရွှေမှုံရတီ

The post ရည်းစားထားချင်စိတ် မရှိလို့ အပျိုကြီးလုပ်မယ့် ငွေမှုံရတီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...