Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

BBC Radio 1 Teen ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ Little Mix နဲ့ BTS အဖွဲ့

$
0
0

ဗြိတိသျှအမျိုးသမီးအဆိုတော် အဖွဲ့တခုဖြစ်တဲ့ Little Mix နဲ့ BTS အဖွဲ့ ဟာ ပြီးခဲ့ဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့၊ လန်ဒန်မြို့က Wembley Arena မှာပြုလုပ်ခဲ့တဲ့ ဒီနှစ် BBC Radio 1 Teen Awards ဆုပေးပွဲမှာ ဆုရရှိခဲ့ကြပါတယ်။

အဖွဲ့ဝင်တွေအဖြစ် Jade Thirlwall, Perrie Edwards, Leigh-Anne Pinnock နဲ့ Jesy Nelson တို့ပါဝင်ကြတဲ့ Little Mix အဖွဲ့ဟာ The 1975, Clean Bandit, Rudimenta,l နဲ့ Years and Years တို့ကို ကျော်တက်ပြီး ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယမြောက်နှစ်အဖြစ် ရရှိခဲ့တဲ့အဖွဲ့က “ရှင်တို့ဟာ ကမ္ဘာပေါ်မှာအကောင်းဆုံး ပရိသတ်တွေဖြစ်ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ ရှင်တို့ကျမတို့ကို ပေးခဲ့တဲ့ ထောက်ခံအားပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်”လို့ ပရိသတ်ကြီးကိုပြောကြားခဲ့ပါတယ်။

အခြားဆုရရှိသူများထဲမှာ အကောင်းဆုံးဗြိတိသျှတကိုယ်တော် အနုပညာရှင်ဆုအဖြစ် Ed Sheeran နှင့် အကောင်းဆုံးနိုင်ငံတကာတကိုယ်တော် အနုပညာရှင်ကို ကနေဒါအဆိုတော် Shawn Mendes တို့က ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့တခုဖြစ်တဲ့ BTS ကတော့ အကောင်းဆုံးနိုင်ငံတကာအဖွဲ့ဆုကို ရရှိခဲ့ပြီး ‘Shotgun’ သီချင်းနဲ့ အကောင်းဆုံးဗြိတိသျှ Single သီချင်းဆုကို George Ezra က ရရှိခဲ့ပါတယ်။

အဲဒီဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေမယ့် BTS အဖွဲ့ဟာ 5 Seconds of Summer, The Carters, The Chainsmokers နဲ့ Panic! at the Disco အဖွဲ့တို့ကို ကျော်တက်ပြီး ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

‘Love Island’ က အကောင်းဆုံးရုပ်သံအစီအစဉ်ဆုကို ရရှိပြီး မင်းသား Hugh Jackman ခေါင်းဆောင် ပါဝင်ထားတဲ့’The Greatest Showman’ တေးသံစုံရုပ်ရှင်ကတော့ အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။ အခြား ဆုရရှိသူတွေထဲမှာ Cari B နဲ့ Kare Adenegan တို့ပါဝင်ပါတယ်။

Ref: contactmusic, soompi

The post BBC Radio 1 Teen ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့ Little Mix နဲ့ BTS အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...