Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နာမည်ကျော်ဗီလိန်တွေနဲ့ သူတို့ရဲ့ တကယ့်အပြင်က ပုံသဏ္ဍာန်များ

$
0
0

ညဘက်တွေမှာ Horror ရုပ်ရှင်တွေကြည့်ရှုပြီး အိပ်မပျော်အောင်ဖြစ်လောက်တဲ့ အချိန်အခါမျိုးတွေကို ကြုံတွေ့ကြဖူး မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ အပြင်လောကမှာနေထိုင်ပုံတွေကတော့ ရုပ်ရှင်ထဲမှာ သူတို့ဘာမှ မလုပ်ခဲ့သလိုပါပဲ။

အပြင်လောကနဲ့ ရုပ်ရှင်တွေကြားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေ ပုံသဏ္ဍာန်ဘယ်လိုကွာခြား သလဲဆိုတာကို ဧရာဝတီစာဖတ်ပရိသတ်အတွက် ပြန်လည်မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁) Freddy Krueger – A Nightmare on Elm Street

A Nightmare on Elm Street မှာ Freddy အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Englund ဟာ ၈၀ခုနှစ်ရဲ့ စီးရီးတွေဖြစ်တဲ့ Night Court နဲ့ Hart to Hart တို့မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ရင်း သူ့ရဲ့ အနုပညာလမ်းကြောင်းကို စတင်ခဲ့သူတဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ဘဝမှာတော့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကောင် Freddy နဲ့ ခြားနားစွာပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူတဦးလည်း ဖြစ်ပါတယ်။

(၂) Gollum – Lord of the Rings

Lord of the Rings ရုပ်ရှင်ဇာတ်ကားသုံးကားရဲ့ ထူးခြားတဲ့ဇာတ်ကောင်တွေထဲမှာ Gollum ဟာလည်း တစိတ်တပိုင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်ကောင်ကို CGI နဲ့ပြုလုပ်ခဲ့ပေမယ့် အသံသရုပ်ဆောင်အနေနဲ့ Andy Serkis က ပါဝင်ခဲ့တာ လည်းဖြစ်ပါတယ်။ သူဟာ Star Wars : The Force Awakens နဲ့ Black Panther မှာလည်း Ulysses Klaue အဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

(၃) Pennywise – It

Tim Curry ဟာ It (1990) မှာ Pennywise အဖြစ် သရုပ်ဆောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ It ဟာ အပိုင်းနှစ်ပိုင်းသာပါဝင်တဲ့ mini-series တခုဖြစ်ပြီး Curry ရဲ့ Pennywise အဖြစ် သရုပ်ဆောင်မှုဟာ လူတွေကို လူရွှင်တော်အဖြစ်ဝတ်စားထားတဲ့သူတိုင်းကို ကြောက်ရွံ့စေခဲ့တဲ့အထိ ခြောက်လန့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: www.rd.com

The post နာမည်ကျော်ဗီလိန်တွေနဲ့ သူတို့ရဲ့ တကယ့်အပြင်က ပုံသဏ္ဍာန်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...