Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခရီးထွက်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Karwaan

$
0
0

မင်းသားကြီး Irrfan Khan ကို ဘောလိဝုဒ်ပရိသတ်မှန်ရင် သိကြမှာပါ။ သူပါဝင်ရိုက်ကူးတဲ့ဇာတ်ကားတွေဟာ သာမန် ဘောလိဝုဒ်ကားတွေနဲ့ မတူဘဲကွဲပြားနေတာကို သူ့ဇာတ်ကား ကြည့်ဖူးသူတိုင်း သတိထားမိကြမှာပါ။

သူ့ရဲ့ဇာတ်ကား အများစုဟာ ဘောလိဝုဒ်အငွေ့အသက်တွေဖုံးလွှမ်းမနေဘဲ ဆန်းသစ်တဲ့ အရသာတခုကို အမြဲခံစားရပါတယ်။ အခုလည်း သူဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Karwaan ဆိုတဲ့ဇာတ်ကားအကြောင်းကို ပြောပြချင်ပါတယ်။

ဒီဇာတ်ကားဟာ လူ၃ယောက်ခရီးထွက်လာပြီး နားလည်လာတဲ့ ဘဝအကြောင်းကို ပေါ့ပေါ့ပါးပါး ရိုက်ကူးပြထားတာပါ။ ဟာသဒရမ်မာ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ကြည့်ရှုသူတွေကို ပေ့ါပေ့ါပါးပါးနဲ့ ခံစားမှုအသစ်တခုကို ပေးစွမ်းမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းက ဓာတ်ပုံဆရာဖြစ်ချင်ခဲ့တဲ့ အဗီနက်ရှ်ဟာ ဖခင်ဖြစ်သူရဲ့အတင်းတိုက်တွန်းမှုကြောင့် IT လိုင်းကို ရွေးချယ်လိုက်ရပါတယ်။ ဝါသနာမပါတဲ့အလုပ်အပြင် သူဌေးဖြစ်သူကလည်း စိတ်ပျက်စရာထဲမှာ ပါနေတာကြောင့် သူ့ရဲ့လက်ရှိဘဝကို ငြီးငွေ့နေသူပါ။ ဖခင်ဖြစ်သူရဲ့အတင်းအကြပ်တိုက်တွန်းမှုကြောင့် သူ့ရည်မှန်းချက် ပျောက်ရတယ် ဆိုပြီး ဖခင်ဖြစ်သူနဲ့အဆက်အသွယ်ဖြတ်ထားတာ ကာလအတော်ကြာတဲ့အထိပါပဲ။

တနေ့ ဖခင်ဖြစ်သူမတော်တဆမှုကြောင့် တိမ်းပါးသွားတယ်ဆိုတာ သိခဲ့ရပါတယ်။ အလောင်းသွားထုတ် တဲ့အခါ အဗီနက်ရှ်အဖေရဲ့အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းတခုဖြစ်နေခဲ့တယ်။ ဒါကြောင့် အလောင်းပြန်လဲဖို့ သူငယ်ချင်းဖြစ်သူ ရှောကတ်ကို အကူအညီတောင်းခဲ့ပါတယ်။

ရှောကတ်က ဘဝကိုပျော်ရွှင်စွာနေထိုင်တတ်ပြီး ဘော်ဒါစိတ်အပြည့်ရှိသူပါ။ ဖခင်အလောင်းသယ်ဖို့ ဗန်ကားလာငှားတဲ့ အဗီနက်ရှ်ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင်အလောင်းသယ်ဖို့ အဖော်လိုက်ပေးခဲ့ပါတယ်။ နောက်တော့ လမ်းတဝက်မှာ သေဆုံးသူအမျိုးသမီးအလောင်းရဲ့ မြေးဖြစ်သူခပ်ဆိုးဆိုးကောင်မလေးကိုပါ သူတို့နဲ့အတူ ခေါ်ပြီး ခရီးထွက်ရတဲ့အခါ ဘာတွေတွေ့ရမလဲ။ ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ရှောကတ်အဖြစ် မင်းသားကြီး Irrfan Khan က သရုပ်ဆောင်ထားပါတယ်။ ရှောကတ်ရဲ့ဇာတ်ကောင်က သာမန်နဲ့မတူပါဘူး။ တခါတလေထူးဆန်းတဲ့အပြုအမူကို မထင်ရင်မထင်သလို လုပ်တတ်တဲ့ကာရိုက်တာက မင်းသား Irrfan Khan သရုပ်ဆောင်မှုနဲ့ကွက်တိပါပဲ။

ပရိသတ်တွေအနေနဲ့ ရှောကတ်ပါတဲ့အခန်းတွေကို သဘောကျမယ်လို့ ထင်မိပါတယ်။ ဒီဇာတ်ကားဟာ ဆန္ဒနဲ့ဘဝ ထပ်တူမကျတဲ့ဘဝမှာ နေထိုင်ရတဲ့သူတွေအကြောင်းကို အဓိကပြထားပြီး မိဘမေတ္တာကို ပါးပါးလေး ဖော်ထုတ်ထားပါတယ်။

ဒီဇာတ်ကားကို ၂၀၁၃ခုနှစ် ကတည်းက ရိုက်ကူးဖို့စီစဉ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့ရတာဖြစ်ပါတယ်။ သရုပ်ဆောင်အပြောင်းအလဲ၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကြားက အဖုအထစ်စတဲ့ပြဿနာတွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ၂၀၁၈ခုနှစ် သြဂုတ်လမှ ဒီဇာတ်ကားက ပရိသတ်ရှေ့မှောက်ရောက်လာခဲ့ပါတယ်။

IMDb 8/10 အထိရထားတာကြောင့် ကြည့်လို့ကောင်းတဲ့ဇာတ်ကားတကားဖြစ်တယ်ဆိုတာတော့ အမှန်ဖြစ်ပါတယ်။

The post ခရီးထွက်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Karwaan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...